အရှင်ယေရှုဘုရား၏ ပုံဥပမာများနမူနာ

ပျောက်သောသိုးနှင့်ပျောက်သောငွေပုံဥပမာများ
ဤပုံဥပမာ (၂) ခုသည် ကိုယ်ကုသိုလ်ကို အမှီပြုသော ဖာရိရှဲနှင့် ကျမ်းပြုဆရာများအတွက် ဖြစ်ပြီး အရှင်ယေရှုဘုရားသည် အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့ကို အလွန်ချစ်တော်မူသည်ကို ဖော်ပြထားခဲ့သည်။
ဆိုးသောသူများအဖို့ အရှင်ယေရှုဘုရား၏ ကရုဏာတော်သည် ဘာသာရေးခေါင်းဆောင်များ၏ အကရုဏာနှင့် အလွန်ကွာခြားခဲ့သည်။ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိသောကြောင့် အရှင်ယေရှုဘုရားသည် ဖာရိရှဲကဲ့သို့ မစီရင်ဘဲလျက် လူဆိုးများတို့ကို အလွန်ချစ်တော်မူခဲ့သည်။
အကယ်၍၊ ကျွန်တော်တို့သည် ခရစ်ယာန်များအနေနှင့် ဖာရိရှဲများကဲ့သို့ ဖြစ်လာစေရန် လွယ်ကူလှသည်။ ထို့ကြောင့်၊ အပြစ်သားတစ်ယောက်သည် နောင်တရ၍ ကယ်တင်ခြင်းသို့ ရောက်သောအခါ မိမိစိတ်နှလုံးအထဲ၌ ဘယ်လိုခံစားပါသလား။ ကျွန်တော်တို့သည် ပျောက်သောသိုးများနှင့် ပျောက်သောငွေများကို ဘယ်လိုရှာဖွေနိုင်မလဲလို့ ဆင်ခြင်ရမည်ဖြစ်သည်။ ကျွန်တော်တို့သည် ပျောက်ဆုံးဝိညာဉ်များကို ချစ်သနားပြီး မယုံကြည်သူများထံ ဧဝံဂေလိဟောပြောကြပါစို့။ လူဆိုးများသည် ကယ်တင်ခြင်းသို့ ရောက်သောအခါ ဘုရားသခင်၏ ဂုဏ်တော်ကို ဝမ်းသာဝမ်းမြောက်စွာ ချီးမွမ်းလိုက်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဤအစီစဉ်တွင်၊ အရှင်ယေရှုဘုရား၏ ပုံဥပမာများကို ဖော်ပြထားသလို အနက်ကိုလည်း ဖော်ပြထားပါလိမ့်မည်။ ဤအစီစဉ်တွင်၊ အနာယူနေ့များ ရှိပြီး ဘုရားသခင်၏ မဟာတန်ခိုးတော်နှင့် မေတ္တာကရုဏာတော်အကြောင်းကို အောက်မေ့သတိရစေ၍ စစ်မှန်သော ခွန်အားကို ရရှိခံစားစေဖို့ အကူအညီ ပေးပါလိမ့်မည်။
More