အရှင်ယေရှုဘုရား၏ ပုံဥပမာများနမူနာ

အပင်နှင့်အသီးပုံဥပမာ
လူတော်တော်များများသည် မိမိအပြစ်ကို မမြင်ဘဲ စိတ်ကောင်းအောင် ကြိုးစားအားထုတ်ကြပါသည်။ သို့သော်၊ မိမိအကျင့်တရားနှင့် အသီးသီးခြင်းကို မိမိမနောစိတ်၏ အခြေနေကို ဖော်ပြထားတတ်သည်။
မိတ်ဆွေသည် စေတနာရှိသော်လည်း အပြစ်ဒုစရိုက်ကို တပ်သလဲလဲ ကျူးလွန်နေပါသလား။ မိတ်ဆွေသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ တကယ်အသက်ရှင်နေပါသလား။ ဘုရားသခင်နှင့် ဝေးဝေးနေသောအချိန် ရှိသေးပါသလား။ ဘာကြောင့် ဤသို့ခံစားနေပါသလဲ။ ကိုယ်တော်သည် မိမိအကုသိုလ်ကံနှင့် ယုံမှားသံသယကို ဖော်ပြစေခြင်းငှာ ဆုတောင်းလိုက်ပါ။
ကျွန်တော်တို့၏ စိတ်နှလုံးသည် ကျွန်တော်တို့၏ အကျင့်တရား၏ ရင်းမြစ်ဖြစ်ကြောင်း အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။ မိမိစိတ်နှလုံးကို ပြောင်းလဲသောအခါ အပြစ်တရား၌ အဘယ်သို့ ရှင်ရဦးမလဲ။ ကျွန်တော်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြဘဲ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ မိမိစိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်စေမည့်အကြောင်း ကိုယ်တော်မြတ်ထံ ဆုတောင်းပါ။
ဤအစီအစဉ်အကြောင်း

ဤအစီစဉ်တွင်၊ အရှင်ယေရှုဘုရား၏ ပုံဥပမာများကို ဖော်ပြထားသလို အနက်ကိုလည်း ဖော်ပြထားပါလိမ့်မည်။ ဤအစီစဉ်တွင်၊ အနာယူနေ့များ ရှိပြီး ဘုရားသခင်၏ မဟာတန်ခိုးတော်နှင့် မေတ္တာကရုဏာတော်အကြောင်းကို အောက်မေ့သတိရစေ၍ စစ်မှန်သော ခွန်အားကို ရရှိခံစားစေဖို့ အကူအညီ ပေးပါလိမ့်မည်။
More