ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ဘုရားကို ရှာဖွေကြပါစို့နမူနာ

ထာဝရဘုရားကို ချီးမွမ်းလိုက်ပါ။ ဟာလေလုယ၊ ကျွန်မတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်တို့ကို အလွန်ကြီးမြတ်တော်မူသည်။ ဘုရင်တို့၏ ဘုရင်နှင့် သိုးသငယ်တော်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းချီးမင်္ဂလာကို ခံထိုက်တော်မူသည်။
ဤအစီစဉ်၏ အနောက်ဆုံးရက်မှာ၊ ဓမ္မသစ်ကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော ဗျာဒိတ်ကျမ်းကို ဖွင့်လျက် ကျွန်တော်တို့၏ နိစ္စထာဝရအိမ်ရှိ ဝတ်ပြုကိုးကွယ်ခြင်းကို စေ့စေ့ကြည့်ရှုကြကုန်အံ့။
ဤအစီအစဉ်အကြောင်း

ကိုယ်တော်သည် လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တစ်ဆူတည်းသော ထာဝရဘုရားသခင် ဖြစ်တော်မူသည်။ သို့သော်၊ တစ်ခါတစါရံမှာ၊ ကျွန်မတို့၏ အသက်တာများသည် ငြီးငွေ့ဖွယ်ကောင်းပြီး၊ ရွှင်လန်းခြင်းမရှိဘဲလျက်၊ မိမိချစ်ခြင်းမေတ္တာကို ခေါင်းပါးစေတတ်သည်။ ဤ (၈) ရက်တာအစီစဉ်တွင်၊ ကျွန်မတို့၏ ဖန်ဆင်းရှင်အပေါ် မိမိရိုသေလေးမြတ်ခြင်းနှင့် ချီးမွမ်းလိုသောစိတ်တို့ကို ပိုမိုတိုးပွားစေပါလိမ့်မည်။ ဘုရားသခင်၏ အလွန်ချီးမွမ်းဖွယ် ဂုဏ်အင်္ဂါတော်များကို စေ့စေ့ကြည့်ရှုလျက် အတူတကွ ကိုးကွယ်ကြပါစို့။ ဤအစီအစဥ်ကို ဆရာမအေမိခရိုးရှယ် (Amy Groeschel) မှ ရေးသားထားပြီး ဘုရားသခင်နှင့်အတူ SOAR သမ္မာကျမ်းစာလေ့လာခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ပိုမိုသိလိုပါက၊ www.SoarwithGod.com သို့ ဝင်ရောက်၍ လေ့လာလိုက်ပါ။
More