ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ဘုရားကို ရှာဖွေကြပါစို့နမူနာ

[အရှင်ယေရှုဘုရားသည်] ယေရုရှလင်မြို့အနီးသို့ ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍၊ အချင်းမြို့၊ သင်၏ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သောအရာတို့ကို သင်၏ လက်ထက် ယခုကာလ၌ပင် သင်သည် သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏ မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက် ရှိ၏ (လု၊ ၁၉း၃၁-၃၂)။
ကျွန်မတို့သည် ယုံကြည်သူများအနေနှင့် ခရစ်တော်၏ ဇာတိတော်နှင့် မဟာမေတ္တာတော်ကို အကြွင်းမဲ့ သိကျွမ်းနိုင်ပါသလား (ဧ၊ ၁း၁၈-၂၀)။ ကျွန်မတို့သည် ခရစ်တော်ကို ပိုမိုသိကျွမ်းလာလျှင် ပိုမိုရှိခိုးကြပါလိမ့်မည် မဟုတ်ပါလား။ ကျောက်ခဲတို့သည် မကြွေးကြော်စေဖို့၊ ကျွန်မတို့အားလုံး အံ့ဩချီးမွမ်းလျက် ရှိခိုးကြပါစို့။
(လု၊ ၁၉) တွင်၊ ရှိခိုးကိုးကွယ်ခြင်းအမျိုးမျိုး ရှိပါသည် - ဥပမာ၊ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြုခြင်း၊ ကြွေးကြော်ခြင်းနှင့် စေ့စေ့နားထောင်ခြင်း ပါပါသည်။
ကျွန်မတို့ သခင်ယေရှုခရစ်၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီးသော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို သိခြင်းအလိုငှာ ပညာကိုလည်းကောင်း၊ ထိုးထွင်းသောဉာဏ်ကိုလည်းကောင်း၊ ကျွန်မတို့အား ပေးပါမည်အကြောင်း၊ ခေါ်တော်မူသောကြောင့် မျှော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက် ကြီးသည်ကိုလည်းကောင်း၊ ယုံကြည်သောကျွန်မတို့၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက် ကြီးသည်ကိုလည်းကောင်း၊ ကျွန်မတို့သည်သိစေခြင်းငှာ၊ ကျွန်မတို့၏ ဉာဏ်မျက်စိကို လင်းစေတော်မူပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ကိုယ်တော်သည် လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တစ်ဆူတည်းသော ထာဝရဘုရားသခင် ဖြစ်တော်မူသည်။ သို့သော်၊ တစ်ခါတစါရံမှာ၊ ကျွန်မတို့၏ အသက်တာများသည် ငြီးငွေ့ဖွယ်ကောင်းပြီး၊ ရွှင်လန်းခြင်းမရှိဘဲလျက်၊ မိမိချစ်ခြင်းမေတ္တာကို ခေါင်းပါးစေတတ်သည်။ ဤ (၈) ရက်တာအစီစဉ်တွင်၊ ကျွန်မတို့၏ ဖန်ဆင်းရှင်အပေါ် မိမိရိုသေလေးမြတ်ခြင်းနှင့် ချီးမွမ်းလိုသောစိတ်တို့ကို ပိုမိုတိုးပွားစေပါလိမ့်မည်။ ဘုရားသခင်၏ အလွန်ချီးမွမ်းဖွယ် ဂုဏ်အင်္ဂါတော်များကို စေ့စေ့ကြည့်ရှုလျက် အတူတကွ ကိုးကွယ်ကြပါစို့။ ဤအစီအစဥ်ကို ဆရာမအေမိခရိုးရှယ် (Amy Groeschel) မှ ရေးသားထားပြီး ဘုရားသခင်နှင့်အတူ SOAR သမ္မာကျမ်းစာလေ့လာခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ပိုမိုသိလိုပါက၊ www.SoarwithGod.com သို့ ဝင်ရောက်၍ လေ့လာလိုက်ပါ။
More