ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ဘုရားကို ရှာဖွေကြပါစို့နမူနာ

ချမ်းသာသောအခါမှာ ချီးမွမ်းလိုက်ပါ။ ဒုက္ခရောက်သောအခါမှာ ချီးမွမ်းလိုက်ပါ။ ဘုရားသခင်နှစ်သက်တော်မူသော ယဇ်မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ အို ဘုရားသခင်၊ ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါ (ဆာ၊ ၅၁း၁၇)။ မူရင်းဟေဗြဲစကားမှာ ကျိုးပဲ့သောစိတ်နှင့် နှိမ့်ချသောစိတ်တို့သည် တူညီသောအဓိပ္ပာယ်များ ရှိပါသည်။
ကျွန်မသည် ဝမ်းနည်းသောအခါ၊ ကျွန်မ၏ ဆိတ်ညံရာအခန်းသို့ ဝင်၍ တံခါးကို ပိတ်ပြီးမှ၊ ကျွန်မ၏ ဦးခေါင်းကို ချီကြွသောသူနှင့် ခိုလှုံရာယေရှုကို ရှိခိုးပါသည်။
ကျိုးပဲ့သောစိတ်နှင့် နှိမ့်ချသောစိတ်တို့သည် စစ်မှန်သော ရှိခိုးခြင်းကို ပြုစုတတ်သည်။ သမ္မာတရား၌ ဝမ်းမြောက်လျက် ထာဝရဘုရား၌ မွေ့လျော်သောသူများသည် မှန်ကန်စွာ ရှိခိုးတတ်ပါသည်။ ကိုယ်တော်မှတစ်ပါး အခြားသော ကယ်တင်ရှင်မရှိဟု သိကျွမ်း၍ ဝန်ခံသောသူများသည် အားရပါးရ ရှိခိုးပါလိမ့်မည်။ ထာဝရဘုရားသည် ချီးမွမ်းရန် အလွန်ထိုက်တန်သောကြောင့် စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ပါ။
ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏ (ရော၊ ၁၂း၁)။
(၅ရာ၊ ၂၉) ကို ဖတ်ရှုပြီး ဘဝတစ်လျှောက် ဝတ်ပြုကိုးကွယ်ခြင်းအကြောင်းကို လေ့လာလိုက်ပါ။ ဝတ်ပြုကိုးကွယ်ခြင်းတွင် မိတ်ဆွေသည် ဘုရားသခင်အား ဘယ်လိုတုံ့ပြန်ပါသလဲ။ ဤမေးခွန်အကြောင်းကို သေချာစွာ ဆင်ခြင်စဉ်းစားပါ။ မိမိ၏ အတွေးများကို ချရေးပါ။
ဤအစီအစဉ်အကြောင်း

ကိုယ်တော်သည် လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တစ်ဆူတည်းသော ထာဝရဘုရားသခင် ဖြစ်တော်မူသည်။ သို့သော်၊ တစ်ခါတစါရံမှာ၊ ကျွန်မတို့၏ အသက်တာများသည် ငြီးငွေ့ဖွယ်ကောင်းပြီး၊ ရွှင်လန်းခြင်းမရှိဘဲလျက်၊ မိမိချစ်ခြင်းမေတ္တာကို ခေါင်းပါးစေတတ်သည်။ ဤ (၈) ရက်တာအစီစဉ်တွင်၊ ကျွန်မတို့၏ ဖန်ဆင်းရှင်အပေါ် မိမိရိုသေလေးမြတ်ခြင်းနှင့် ချီးမွမ်းလိုသောစိတ်တို့ကို ပိုမိုတိုးပွားစေပါလိမ့်မည်။ ဘုရားသခင်၏ အလွန်ချီးမွမ်းဖွယ် ဂုဏ်အင်္ဂါတော်များကို စေ့စေ့ကြည့်ရှုလျက် အတူတကွ ကိုးကွယ်ကြပါစို့။ ဤအစီအစဥ်ကို ဆရာမအေမိခရိုးရှယ် (Amy Groeschel) မှ ရေးသားထားပြီး ဘုရားသခင်နှင့်အတူ SOAR သမ္မာကျမ်းစာလေ့လာခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ပိုမိုသိလိုပါက၊ www.SoarwithGod.com သို့ ဝင်ရောက်၍ လေ့လာလိုက်ပါ။
More