YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ဘုရားကို ရှာဖွေကြပါစို့နမူနာ

Seeking God in Worship

8 ၏ နေ့ 4

ဤကျမ်းပိုဒ်များကို ဖတ်စဉ်တွင်၊ ဝတ်ပြုကိုးကွယ်နည်းလမ်းများကို စာရင်းပြုစုပါ။ ဘုရားသခင်၏ ဂုဏ်တော်အနန္တကို ထောက်ပြီး စိတ်နှလုံးပါလျက် ရှိခိုးလိုက်ပါ။ ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ် ဖြစ်တော်မူ၏။

ဘုရားသခင်သည် ကျွန်မတို့၏ ယဉ်ကျေးမှုရှိခိုးဓလေ့များနှင့် ရှိခိုးသောနေရာများကို အလေးထားတော်မမူ။ ကျွန်မတို့သည် ဒုတိယမွေးခြင်းကို ခံယူပြီး၊ ဖြူစင်သောစေတနာစိတ်နှင့် မေတ္တာစိတ်ရှိလျက်၊ နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်လျှင် ဘုရားသခင် လက်ခံတော်မူလိမ့်မည်။ ကျွန်မ၏ နေ့စဉ်ဝေယျာဝစ္စကို ပြုစဉ်တွင်၊ ဓမ္မသီချင်းများ (သို့) အသံပါသမ္မာကျမ်းစာကို ဖွင့်ပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်စေဖို့ အလွန်နှစ်သက်ပါသည်။

ဤအစီအစဉ်အကြောင်း

Seeking God in Worship

ကိုယ်တော်သည် လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တစ်ဆူတည်းသော ထာဝရဘုရားသခင် ဖြစ်တော်မူသည်။ သို့သော်၊ တစ်ခါတစါရံမှာ၊ ကျွန်မတို့၏ အသက်တာများသည် ငြီးငွေ့ဖွယ်ကောင်းပြီး၊ ရွှင်လန်းခြင်းမရှိဘဲလျက်၊ မိမိချစ်ခြင်းမေတ္တာကို ခေါင်းပါးစေတတ်သည်။ ဤ (၈) ရက်တာအစီစဉ်တွင်၊ ကျွန်မတို့၏ ဖန်ဆင်းရှင်အပေါ် မိမိရိုသေလေးမြတ်ခြင်းနှင့် ချီးမွမ်းလိုသောစိတ်တို့ကို ပိုမိုတိုးပွားစေပါလိမ့်မည်။ ဘုရားသခင်၏ အလွန်ချီးမွမ်းဖွယ် ဂုဏ်အင်္ဂါတော်များကို စေ့စေ့ကြည့်ရှုလျက် အတူတကွ ကိုးကွယ်ကြပါစို့။ ဤအစီအစဥ်ကို ဆရာမအေမိခရိုးရှယ် (Amy Groeschel) မှ ရေးသားထားပြီး ဘုရားသခင်နှင့်အတူ SOAR သမ္မာကျမ်းစာလေ့လာခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ပိုမိုသိလိုပါက၊ www.SoarwithGod.com သို့ ဝင်ရောက်၍ လေ့လာလိုက်ပါ။

More

We would like to thank Amy Groeschel for this devotional. For more information, please visit: www.SoarwithGod.com