ဝတ်ပြုကိုးကွယ်ခြင်းဖြင့် ဘုရားကို ရှာဖွေကြပါစို့နမူနာ

မိတ်ဆွေသည် တူရိယာ (ဥပမာ၊ ဂီတာ၊ စန္ဒရား၊ တယော) ကို တီးတတ်ပါသလား။ တီးတတ်ပါက၊ မိမိတူရိယာကို ယူ၍ ချီးမွမ်းသီချင်းကို ဆိုပါလား။ မိတ်ဆွေသည် တူရိယာကို မတီးနိုင်လျှင် တီးအောင် သင်းပါသလား။ ယနေ့တွင်၊ သီချင်းဆိုခြင်း၊ ကခုန်ခြင်း၊ ကြွေးကြော်ခြင်း၊ ချီးမွမ်းစကားခြင်းဖြင့် ကိုယ်တော်မြတ်ကို ကိုးကွယ်လိုက်ပါ။ မိမိကယ်တင်ရှင် ဘုရားသခင်၌ ဝမ်းမြောက်စေပါ။
ကျွန်မ၏ မိသားစုသည် ယူကျူဘ် (YouTube) ရှိ ဓမ္မသီချင်းများ (သို့) ဝတ်ပြုကိုးကွယ်ခြင်း အခွေကို ဖွင့်ပြီး ဘုရားသခင်ကို အားရပါးရ ချီးမွမ်းကြပါသည်။ ဤအမှုသည် ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်ပါသည်။ ယနေ့တွင်၊ မိတ်ဆွေသည် ဘုရားသခင်ကို ဘယ်လိုဝတ်ပြုကိုးကွယ်မလဲ။
ဤအစီအစဉ်အကြောင်း

ကိုယ်တော်သည် လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တစ်ဆူတည်းသော ထာဝရဘုရားသခင် ဖြစ်တော်မူသည်။ သို့သော်၊ တစ်ခါတစါရံမှာ၊ ကျွန်မတို့၏ အသက်တာများသည် ငြီးငွေ့ဖွယ်ကောင်းပြီး၊ ရွှင်လန်းခြင်းမရှိဘဲလျက်၊ မိမိချစ်ခြင်းမေတ္တာကို ခေါင်းပါးစေတတ်သည်။ ဤ (၈) ရက်တာအစီစဉ်တွင်၊ ကျွန်မတို့၏ ဖန်ဆင်းရှင်အပေါ် မိမိရိုသေလေးမြတ်ခြင်းနှင့် ချီးမွမ်းလိုသောစိတ်တို့ကို ပိုမိုတိုးပွားစေပါလိမ့်မည်။ ဘုရားသခင်၏ အလွန်ချီးမွမ်းဖွယ် ဂုဏ်အင်္ဂါတော်များကို စေ့စေ့ကြည့်ရှုလျက် အတူတကွ ကိုးကွယ်ကြပါစို့။ ဤအစီအစဥ်ကို ဆရာမအေမိခရိုးရှယ် (Amy Groeschel) မှ ရေးသားထားပြီး ဘုရားသခင်နှင့်အတူ SOAR သမ္မာကျမ်းစာလေ့လာခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ပိုမိုသိလိုပါက၊ www.SoarwithGod.com သို့ ဝင်ရောက်၍ လေ့လာလိုက်ပါ။
More