YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ကြီး ရှင်ပေါလုအဆိုအရ ဧဝံဂေလိတရားနမူနာ

The Gospel According To Paul

5 ၏ နေ့ 5

ကြောက်ခြင်းသံဝေဂမရှိဘဲ မျှော်လင့်ခြင်းဖြင့် အသက်ရှင်နိုင်သည်

ပညတ်တရားနှင့် ကျေးဇူးတော်တရားတို့သည် တူညီသော သီလကိုယ့်ကျင့်တရားအတိုင်း လိုက်နာသော်လည်း၊ ကျေးဇူးတော်တရားကို ပြုစုသောအနာဂတ်သည် ပညတ်တော်ထက် အဆုံးမရှိသော မျှော်လင့်ခြင်း ရှိသည်။ အမှန်မှာ၊ ကျေးဇူးတော်၏ လက်၌ရှိသော ယုံကြည်သူများသည် ထာဝရကာလတွင် ခပ်သိမ်းသောဓမ္မမင်္ဂလာများနှင့် ဂုဏ်အနန္တကို ရရှိခံစားလိ့်မ်မည်ဖြစ်သည်။ သို့သော်၊ ပညတ်တရားလက်၌ ရှိသူများ၏ အနာဂတ်တွင် သေခြင်းနှင့် ထာဝရအပြစ်ဒဏ်ပေးခြင်းမှတစ်ပါး အခြားသောအရာများ မရှိပေ။

ပညတ်တရားနှင့် ကျေးဇူးတော်တရား၏ အဓိကခြားနားချက်ကို ကြည့်ရှုကြပါစို့။ ပညာတ်တရားသည် အပြစ်သား၏ အပြစ်စီရင်ခြင်းမှတစ်ပါး အခြားသောကတိတော်များကို မပေးပေ။ ပညတ်တရားလက်၌ ရှိသူများအဖို့ ခရစ်တော်၏ ပြန်ကြွလာတော်မူခြင်းအားဖြင့် တရားစီရင်ခြင်း၏ နောက်ဆုံးသွန်းလောင်းခြင်းကို ဖော်ပြစေသည်။ ၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောအရာ ဖြစ်သည်။ သို့သော်၊ ကျွန်တော်တို့သည် ဘုရားသခင်၏ ကယ်တင်စေသည့် ကျေးဇူးတော်အားဖြင့် မင်္ဂလာရှိသော မျှော်လင့်ရာကိုလည်းကောင်း၊ ကြီးမြတ်သော ဘုရားသခင်တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကိုလည်းကောင်း ကျွန်တော်တို့သည် မျှော်လင့်ကြသည်ဟု ပြောဆိုစေသည်။

ပညတ်တရားနှင့် ကျေးဇူးတော်တရား၏ ခြားနားခြင်းသည် အလွန်ထင်းရှားလှသည်။ ၎င်းသမ္မာတရားအားဖြင့် ကျွန်တော်တို့ကို ဥပေက္ခာပြုခြင်းအစား ကျွန်တော်တို့၏ အစွမ်းသတ္တိရှိသမျှဖြင့် သန့်ရှင်းခြင်းကို ရှာဖွေစေဖို့ နှိုးဆော်ရမည်။ ကိုယ်တော်သည် ဤအမှုအတွက် အသေခံခဲ့ပါသည်။ ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသောဒုစရိုက်မှ ငါတို့ကို ရွေးနုတ်ခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး၍၊ ပိုင်ထိုက်တော်မူသော အမျိုးကို မိမိအဖို့ စင်ကြယ်စေခြင်းငှာလည်းကောင်း၊ ကိုယ်ကိုကိုယ် စွန့်ကြဲတော်မူပြီ။

ကျေးဇူးတော်သည် စစ်မှန်သောယုံကြည်သူတိုင်း၌ အပြစ်တရားအပေါ် သန့်ရှင်းသောမုန်းတီးခြင်းကို ပြုစုတတ်သည်။ ဘုရားသခင်၏ နာမတော်မြတ်ကို ရှုတ်ချသော အရာအားလုံးအတွက် စင်ကြယ်သောမနှစ်သက်မှုဖြင့် ကျွန်တော်တို့၏ စိတ်နှလုံးကို ပြည့်စေသည်။ ကျွန်တော်တို့၏ ဇာတိပကတိသည် ကြိုးကြားကြိုးကြား ထနိုင်သော်လည်း ကျွန်တော်တို့၏ ဝိညာဉ်ပကတိသည် ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာသည်။ ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်းသောအမှုကို ရွံရှာကြလော့ (ဆာ၊ ၉၇း၁၀)။ ၎င်းသမ္မာတရားသည် ယုံကြည်သူများအဖို့ ဘုရားမဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားစေခြင်းငှာ အရင်းခံအကြောင်း ဖြစ်သလို၊ အမြဲတည်သည့် ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသဘောကို ပြုစုသည်။ ဤသဘောအသစ်သည် ယခုဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း ကူညီမစသည်။

ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းသည် ကျွန်တော်တို့၏ မင်္ဂလာရှိသော မျှော်လင့်ရာဖြစ်ပြီး အပြစ်တရားကို လုံးဝ ဖယ်ရှားလျက် တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်၍ ထာဝရစုံလင်ခြင်းအကျိုးကို ရရှိခံစားလိမ့်မည်ဖြစ်သည်။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

The Gospel According To Paul

သမ္မာကျမ်းစာ၏ အနက်ကို ကောင်းစွာ ဖွင့်နိုင်သော တရားဟောဆရာကြီး ဂျွန်မာကာသာ (John Macarthur) သည် တမန်တော်ကြီး ရှင်ပေါလုအဆိုအရ ဧဝံဂေလိတရားကို စေ့စေ့ကြည့်ရှုလေ့လာခဲ့သည်။ ဤ (၅) ရက်တာ အစီစဉ်တွင် ဧဝံဂေလိတရားက ဘာလဲ၊ ဧဝံဂေလိတရား၏ မရှိမဖြစ် အစိတ်အပိုင်းများက ဘာလဲ၊ ဧဝံဂေလိတရားကို မှန်ကန်စွာ ဘယ်လိုဝေငှနိုင်မလဲ၊ လောကီသားများထံ ဧဝံဂေလိတရားကို ဘယ်လို ဝေငှသင့်သလဲ စသည့် အလွန်ရေးကြီးသော မေးခွန်များအကြောင်းကို ဆင်ခြင်စဉ်းစားကြရပါမည်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော ဆရာဂျွန်မာကာသာ (John Macarthur) နှင့် ဆရာသောမနယ်လ်ဆင် (Thomas Nelson) ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://bit.ly/2j1ESbU သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။