တမန်တော်ကြီး ရှင်ပေါလုအဆိုအရ ဧဝံဂေလိတရားနမူနာ

လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း
မည်သည့်ဧဝံဂေလိတရားစာသားကို ဖတ်ရှုပါစေ၊ ၎င်းမေးခွန်း ပေါ်လာနိုင်သည်။ ဧကန်စင်စစ်၊ လူသား၏ ကျဆင်းခြင်းကို မတွေးတာဘဲ၊ ဘုရားသခင်နှင့် အပြစ်သားတို့၏ စပ်ကြားရှိ အပြစ်တရားပြုစုသော အဆီးအတားများကို ရှေ့ဦးစွာ အသိအမှတ်မပြုလျှင် ဧဝံဂေလိတရားကို နားမလည်နိုင်ပေ။
ကျွန်တော်တို့သည် အပြစ်ရှိပြီး ကိုယ်အပြစ်ကို မဖုံးနိုင်ရာလျှင်၊ ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ ရနိုင်မလဲ။ မိမိကုသိုလ်ကောင်းမှုသည် မိမိအကုသိုလ်ကို မဖြေနိုင်ပါက၊ အပြစ်သားတစ်ဦးသည် မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းမှ ဘယ်လိုလွတ်မြောက်နိုင်မလဲ။ ဘုရားသခင်သည် စုံလင်ခြင်းကို တောင်းဆိုပြီး ကျွန်တော်တို့သည် ပြုပြင်၍မရနိုင်လောက်အောင် မစုံလင်သော လူသားပုထုဇဉ်များအတွက် မျှော်လင့်ဖွယ်ရာ ဘယ်လိုရှိနိုင်မလဲ။ ငါသည် မတရားသောသူကို အပြစ်မလွှတ်ဟု ထာဝရဘုရားသခင် မိန့်တော်မူခဲ့သည်။ ထို့ကြောင့်၊ ကျွန်တော်တို့သည် ပျက်စီးခြင်းသို့ ရောက်တော့မလား။ အပြစ်စီရင်သောဘုရားသည် မတရားသောသူ၏ ပြစ်မှားခြင်းကို ဘယ်လိုလွှတ်နိုင်မလဲ။
စင်ကြယ်သောဧဝံဂေလိတရား၏ အဖြေများသည် လူပြောများသော ထင်မြင်ယူဆချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ လူစိတ်ဖြင့် တီထွင်ခဲ့သော ဘာသာတရားမှန်သမျှသည် ၎င်းမေးခွန်များကို မှားယွင်းစွာ ဖြေတတ်သည်။ ဤလောကရှိ ဘာသာတရားများအားလုံး (နိုင်ငံရေးသိပ္ပံနှင့် လူမှုရေးဩဝါဒများအားလုံး အပါအဝင်) သည် မိမိကုသိုလ်ကောင်းမှုဖြင့် ကယ်တင်ခြင်း အကျွတ်တရားသို့ ရောက်စေသည်ဟု သွန်သင်ကြသည်။
လောကီနတ်ဘုရားများစွာ ရှိသဖြင့် ကုသိုလ်စနစ်များလည်း အများအပြား ရှိသည်။ ဘာသာတချို့သည် ပွဲတော်များနှင့် ဘာသာရေးဓလေ့များကို အလေးထားသည်။ အခြားဘာသာများသည် မိမိကိုယ်ကို ငြင်းဆိုခြင်းနှင့် ခြိုးခြံကျင့်ခြင်းများကို အလေးထားသည်။ ခေတ်သစ်အနောက်နိုင်ငံသားများသည် အပြစ်တရားဆိုတာ ကြီးကြီးမားမားအရာ မဟုတ်ဘဲ မိမိဖန်တီးစွမ်းနိုင်သောစိတ်ဖြင့် မိမိရှိခိုးချင်သည့် ဘုရားအမျိုးမျိုးကို တီထွင်ကြသည်။ ၎င်းသူတို့၏ အပြစ်များကို ဘုရားသခင်က လျစ်လျူရှုပြီး လူကောင်းလူမြတ် ဖြစ်သောကြောင့် အပြစ်စီရင်ခြင်းနှင့် လွတ်ကြပြီဟု သူတို့ထင်ကြသည်။ သို့သော်၊ ဆန့်ကျင်ဘက် အစွန်းရောက်တွင် ဂျီဟတ် (Jihad) ကို ထောက်ခံသည့် လူအများအပြားရှိသလို၊ မိမိဘုရား၊ မိမိဘာသာ၏ အယူဝဒါများအဖို့ အကြမ်းဖတ်သမားများလည်း ရှိကြသည်။
သမ္မာကျမ်းစာ၏ အရှင်းလင်းဆုံး သွန်သင်ချက်တစ်ခုမှာ၊ မိမိကုသိုလ်ကောင်းမှုအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို မည်သူမျှ မရရှိနိုင်ချေ။ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မည်သူမျှ မရောက်နိုင်ချေ။ စစ်မှန်သော ယုံကြည်သူများသည် ယုံကြည်ခြင်းအားဖြင့် အရှင်ယေရှုဘုရားနှင့်အတူ စိုက်ပျိုးသောကြောင့် ခရစ်တော်၌တည်သောသူများ ဖြစ်သွားကြပါသည်။ ဘုရားသခင်သည် ၎င်းအမှုကို ထောက်ပြီး၊ ယုံကြည်သူများအား လက်ခံလျက်၊ ကောင်းချီးပေးတော်မူသည်။ မတရားသောသူ၏ အပြစ်အား ဖြေပေးသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက် ရှိသည်။
ကျွန်တော်တို့ကို စီရင်သော၊ ပညာတော်ကို ပေးတော်မူသောအရှင်သည် ကျွန်တော်တို့ကို ကယ်တင်စေခြင်းငှာ လိုအပ်သော ကုသိုလ်တော်ကိုလည်း ပေးတော်မူသည်။ ၎င်းကုသိုလ်တော်မှတစ်ပါး အခြားကုသိုလ်ဖြင့် ဘုရားသခင့်ရှေ့တော်၌ မရပ်နိုင်ပေ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

သမ္မာကျမ်းစာ၏ အနက်ကို ကောင်းစွာ ဖွင့်နိုင်သော တရားဟောဆရာကြီး ဂျွန်မာကာသာ (John Macarthur) သည် တမန်တော်ကြီး ရှင်ပေါလုအဆိုအရ ဧဝံဂေလိတရားကို စေ့စေ့ကြည့်ရှုလေ့လာခဲ့သည်။ ဤ (၅) ရက်တာ အစီစဉ်တွင် ဧဝံဂေလိတရားက ဘာလဲ၊ ဧဝံဂေလိတရား၏ မရှိမဖြစ် အစိတ်အပိုင်းများက ဘာလဲ၊ ဧဝံဂေလိတရားကို မှန်ကန်စွာ ဘယ်လိုဝေငှနိုင်မလဲ၊ လောကီသားများထံ ဧဝံဂေလိတရားကို ဘယ်လို ဝေငှသင့်သလဲ စသည့် အလွန်ရေးကြီးသော မေးခွန်များအကြောင်းကို ဆင်ခြင်စဉ်းစားကြရပါမည်။
More