YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ကြီး ရှင်ပေါလုအဆိုအရ ဧဝံဂေလိတရားနမူနာ

The Gospel According To Paul

5 ၏ နေ့ 4

ယုံကြည်သူများသည် လောကီသားများထံ ဧဝံဂေလိသတင်းကောင်းကို ဘယ်လိုဟောပြောမလဲ

နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ဟု ခရစ်တော်နှင့် တမန်တော်များသည် အမြဲဟောပြောခဲ့ကြသည်။ သို့သော်၊ ဧဝံဂေလိတရားသည် ကောင်းသောအကျင့်ကို ကျင့်လော့ဟု ဆင့်ခေါ်သည် မဟုတ်သလို၊ ဘာသာရေးဓလေ့များနှင့် ပွဲတော်များကို ကျင်းပခိုင်းရန် ဆင့်ခေါ်ခြင်းလည်း မဟုတ်ပါ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားဖို့ (သို့) လူ၏ ဂုဏ်သိက္ခာကို ချီးမွမ်းဖို့ တောင်းဆိုတာလည်း မဟုတ်ပါ။ မိမိယဉ်ကျေးမှုကို ကာကွယ်ဖို့ (သို့) အစွန်းရောက် စိတ်အားကြီးသော နိုင်ငံရေးသမား ဖြစ်စေဖို့လည်း မဆင့်ခေါ်ပါ။ ဧဝံဂေလိတရားသည် ဤလောကကို အုပ်ချုပ်ဖို့အတွက် မဟုတ်သလို၊ လောကနီတိဖြင့် လောကီပညာရှင်များကို အထင်ကြီးစေရန်လည်း မဟုတ်ပါ။ ယဉ်ကျေးမှုနှင့် လူမျိုးရေးခွဲခြားမှု၏ ယုတ်မာသောသဘောအကြောင်း ဟောပြောပွဲမဖြစ်သလို၊ လူမှုရေးတရားမျှတမှုအတွက် တောင်းဆိုခြင်းလည်း မဟုတ်ပါ။ ယောက်ျားဖြစ်မှု၊ မိန်းမဖြစ်မှု (သို့) မိမိယဉ်ကျေးမှုကို ပြုပြင်ရန် အကြောင်းများလည်း မဟုတ်ပါ။ ၎င်းအရာအားလုံးသည် တမန်တော်ကြီး ရှင်ပေါလုအဆိုအရ စစ်မှန်သော ဧဝံဂေလိတရား၏ အာရုံပျံ့လွင့်ဖွယ်ရာသာ ဖြစ်သည်။

ဧဝံဂေလိတရား၏ အနှစ်သာရနှင့် အဓိကသော့ချက်မှာ ခရစ်တော်၏ လက်ဝါးကပ်တိုင်တော် ဖြစ်သည်။ ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော်၏ အကြောင်းအရာကို ဟောပြောကြ၏။ သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အဘယ်အရာ၌မျှ ဝါကြွားခြင်းမရှိဟု ရှင်ပေါလု ပြောဆိုထားသည်။ ရှင်ပေါလု၏ ဓမ္မပညာတွင်၊ လက်ဝါးကပ်တိုင်တော်သည် အပြစ်ဖြေခြင်း၏ သင်္ကတေ ဖြစ်သည်။ လက်ဝါးကပ်တိုင်တွင် အသေခံတော်မူသော ခရစ်တော်၏ အကြောင်းအရာသည် အပြစ်သားများအတွက် ရွေးနုတ်ခြင်းကျေးဇူးတော်ဆိုင်ရာ သတင်းကောင်း ဖြစ်သည်။

၎င်းသမ္မာတရားကို အလွန်တရာ အရေးကြီသောကြောင့် ဝေငှသည့်သူ မှန်ကန်စွာ ဟောပြောရမည်။ ထိုသတင်းကောင်းမှတစ်ပါး အခြားအရာနှင့် ပတ်သက်သော ဧဝံဂေလိတရားမျာသည် သမ္မာတရားလမ်းမှ လွဲသွားစေသည်။ ရှင်ပေါလုသည် ဤအကြောင်းကို ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ ငါဟောပြောသော ဧဝံဂေလိတရားဟု ရှင်ပေါလုဆိုလိုသည်မှာ အတိအကျ ဖြစ်သည်။ အကယ်စင်စစ်၊ ဧဝံဂေလိတရားသည် အပြစ်ဖြေခြင်း၊ အကျွတ်တရားပေးခြင်းနှင့် ယုံကြည်သူများအား ဘုရားသခင်နှင့် မှန်ကန်သော မိတ်သဟာယဖွဲ့ခြင်းနှင့်ပတ်သက်သည့်ကို လမ်းညွှန်ပေးသောကြောင့် အပြစ်သားများအတွက် သတင်းကောင်း ဖြစ်သည်။ အသင်းတော်၏ သာသနာမှာ လောကီသားများ၏ ချီးမွမ်းခြင်းကို ခံစေဖို့ မဟုတ်ပေ။

ယခုခေတ်ရှိ နာမည်ကြီးဆုံး အမှုတော်ဆောင်ဆရာကြီးများနှင့် သာသနာဗျူဟာ ကျွမ်းကျင်သူများစွာသည် ဤရိုးရှင်းသောအချက်ကို သဘောမပေါက်ကြသလို ဖြစ်သည်။ သူတို့သည် လူငယ်ယုံကြည်သူများကို ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေပြုလျက် လောကီနိတိကို ဦးစားပေးဖို့ရန် မကြာခဏ တိုက်တွန်းကြသည်။ သို့သော်၊ ထိုအကြံဉာဏ်ကို လက်တွေ့ပညာအဖြစ် ပြောင်းလဲသောအခါ၊ သမ္မာကျမ်းစာရှိ သမ္မာတရားကို ဦးစားမပေးဘဲ၊ လောကီခေတ်ရေစီးကြောင်းအတိုင်း လိုက်ရန်ကြိုးစားခြင်းကိုသာ ဆိုလိုသည်။ တစ်နည်းပြောရလျှင်၊ ထိရောက်သောဓမ္မအမှုဆောင်ခြင်း၏ အဓိကသော့ချက်သည် လောကီတရားကို ဦးစားပေးရန်ဟု ယူဆကြသည်။

၎င်းအရာများသည် လူငယ်အမှုတော်ဆောင်ဆရာများထံ တမန်တော်ကြီး ရှင်ပေါလု၏ တိုက်တွန်နှိုးဆော်သောစကားတွင် ရှာမတွေ့နိုင်ပေ။ အကယ်၍၊ ဧဝံဂေလိတရားသည် ယုဒအမျိုးသား ထိမိ၍ လဲစရာအကြောင်း ဖြစ်၏။ တစ်ပါးအမျိုးသား၌ကား၊ မိုက်မဲခြင်း ဖြစ်၏ဟု ရှင်ပေါလုသည် ပွင့်လင်းစွာ ဝန်ခံခဲ့သည်။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

The Gospel According To Paul

သမ္မာကျမ်းစာ၏ အနက်ကို ကောင်းစွာ ဖွင့်နိုင်သော တရားဟောဆရာကြီး ဂျွန်မာကာသာ (John Macarthur) သည် တမန်တော်ကြီး ရှင်ပေါလုအဆိုအရ ဧဝံဂေလိတရားကို စေ့စေ့ကြည့်ရှုလေ့လာခဲ့သည်။ ဤ (၅) ရက်တာ အစီစဉ်တွင် ဧဝံဂေလိတရားက ဘာလဲ၊ ဧဝံဂေလိတရား၏ မရှိမဖြစ် အစိတ်အပိုင်းများက ဘာလဲ၊ ဧဝံဂေလိတရားကို မှန်ကန်စွာ ဘယ်လိုဝေငှနိုင်မလဲ၊ လောကီသားများထံ ဧဝံဂေလိတရားကို ဘယ်လို ဝေငှသင့်သလဲ စသည့် အလွန်ရေးကြီးသော မေးခွန်များအကြောင်းကို ဆင်ခြင်စဉ်းစားကြရပါမည်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော ဆရာဂျွန်မာကာသာ (John Macarthur) နှင့် ဆရာသောမနယ်လ်ဆင် (Thomas Nelson) ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://bit.ly/2j1ESbU သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။