တမန်တော်ကြီး ရှင်ပေါလုအဆိုအရ ဧဝံဂေလိတရားနမူနာ

ဧဝံဂေလိတရား၏ မရှိမဖြစ် အစိတ်အပိုင်များ
အရှင်ယေရှုဘုရား၏ ဧဝံဂေလိတရားသည် သဘာဝအလွန် လောကုတ္တရာအောင်မြင်ခြင်း ဖြစ်သည်။ ကိုယ်ကုသိုလ်ကြောင့် မဟုတ်ဘဲ၊ ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းသို့ ရောက်သော အပြစ်သားများအတွက်ကိုယ်စား အရှင်ယေရှုဘုရားသည် အပြစ်တရားနှင့် သေခြင်းတရားကို အောင်ပြီးဖြစ်ကြောင်း ကြေငြာချက်တစ်ခု ဖြစ်သည်။ ဤဘာသာသည် ကျေးဇူးတော်တရား၌ မူတည်သည်။ အပြစ်သားများအဖို့ ဘုရားသခင်ပြုတော်မူသောကျေးဇူးတော်ကို အဓိကအာရုံစိုက်စေသည်။
ရှေ့ဦးစွာ၊ သတင်းကောင်းမြတ်၏ တန်ဖိုးကို နားလည်သဘောပေါက်စေရန်၊ မိတ်ဆွေသည် ရွံရှာစရာအပြစ်သားဖြစ်ပြီး ဘုရားသခင့်ရှေ့တော်၌ ကုသိုလ်ကို လုံးဝမရနိုင်ဘဲ၊ မိမိကိုယ်တိုင် မကျွတ်မလွတ်နိုင်သောကြောင့် ကယ်တင်ခြင်းသို့ မရောက်နိုင်သည်ကို သိကျွမ်းရမည်။ အပြစ်သားများ၏ ဩတ္တပ္ပစိတ်သည် မသန့်နိုင်ဘဲ၊ ကိုယ်တော်သည် တရားသဖြင့်စီရင်သောဘုရား ဖြစ်ပြီး၊ ပြစ်မှားခြင်းအပြစ်တို့ကို အချည်းနှီးသက်သက် ဖြေလွှတ်တော်မမူသည့် သမ္မာတရားကို သိကျွမ်းရမည်။ မှန်ပါသည်။ အပြစ်သားများအဖို့ ဘုရားသခင်၏ စီရင်တော်မူချက်တို့သည် ဟုတ်မှန်ကြောင်းကို လူအားလုံး ဝန်ခံရမည်။
ဧဝံဂေလိတရား၏ မရှိမဖြစ်လိုအပ်သော အဓိကအချက်မှာ အပြစ်တရား၏ ဖြစ်တည်မှုနှင့် ကျဆင်းသောလူသားများ၏ မျှော်လင့်မဲ့ခြင်းအကြောင်းကို ရှင်းလင်းစွာ ဟောပြောရမည်။ ထို့ကြောင့်၊ တမန်တော်ကြီး ရှင်ပေါလု၏ ဧဝံဂေလိတရားမှာ ပုထုဇဉ်လူသားအားလုံးသည် အပြစ်ရှိကြသည်ဟု စီရင်ချက်ဖြင့် စတင်သည်။ လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရ၏။ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏ အပေါ်၌ ဘုရားသခင်၏ အမျက်တော် တည်နေ၏။ တမန်တော်ကြီး ရှင်ပေါလုသည် မိမိစီရင်ခဲ့သော ဧဖက်ဩဝါဒစာတွင် ဤသို့ရေးသားခဲ့သည်...သင်တို့သည် အထက်က လောကီတရားသို့ လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသောမင်းတည်းဟူသော ငြင်းဆန်သောသူတို့၌ ပြုပြင်သောဝိညာဉ်၏ အလိုနှင့်အညီ၊ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။ ထိုငြင်းဆန်သောသူတို့နှင့်တကွ၊ ငါတို့ရှိသမျှသည် အထက်က ကိုယ်ကာယ၏ အလိုသို့လည်းကောင်း၊ စိတ်၏ အလိုသို့လည်းကောင်း၊ လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူ ဖြစ်ကြ၏။
သို့သော်၊ သတင်းကောင်းကား၊ စစ်မှန်သောယုံကြည်သူများသည် ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၌ ရှိကြသည်။ ဘုရားသခင်သည် ၎င်းအမှုကို ထောက်လျက် ကောင်းကြီးမင်္ဂလာပေးတော်မူသည်။ အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏ အပြစ်ကို ဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက် ရှိ၏။ မိမိ၏ဖြောင့်မတ်ခြင်းမဟုတ်ဘဲ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းသည် အကျင့်မရှိသောသူထံ စေတာနာစိတ်ရှိရှိ မျှဝေတော်မူသည်။
ရှင်ပေါလုသည် သူ၏ ကိုယ်ပိုင်သက်သေခံချက်တွင် ဤသမ္မာတရားကို ထင်ရှားစွာ ဖော်ပြခဲ့သည်။ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်ရသော ဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့်၊ ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည်အကြောင်းဟု ရှင်ပေါလု သက်သေခံခဲ့သည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

သမ္မာကျမ်းစာ၏ အနက်ကို ကောင်းစွာ ဖွင့်နိုင်သော တရားဟောဆရာကြီး ဂျွန်မာကာသာ (John Macarthur) သည် တမန်တော်ကြီး ရှင်ပေါလုအဆိုအရ ဧဝံဂေလိတရားကို စေ့စေ့ကြည့်ရှုလေ့လာခဲ့သည်။ ဤ (၅) ရက်တာ အစီစဉ်တွင် ဧဝံဂေလိတရားက ဘာလဲ၊ ဧဝံဂေလိတရား၏ မရှိမဖြစ် အစိတ်အပိုင်းများက ဘာလဲ၊ ဧဝံဂေလိတရားကို မှန်ကန်စွာ ဘယ်လိုဝေငှနိုင်မလဲ၊ လောကီသားများထံ ဧဝံဂေလိတရားကို ဘယ်လို ဝေငှသင့်သလဲ စသည့် အလွန်ရေးကြီးသော မေးခွန်များအကြောင်းကို ဆင်ခြင်စဉ်းစားကြရပါမည်။
More