YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ကြီး ရှင်ပေါလုအဆိုအရ ဧဝံဂေလိတရားနမူနာ

The Gospel According To Paul

5 ၏ နေ့ 3

အခြားသောဧဝံဂေလိတရား မရှိ

သင်တို့အား ငါဟောပြောသော ဧဝံဂေလိတရားမှတစ်ပါး အခြားသောဧဝံဂေလိတရား မရှိဟု တမန်တော်ကြီး ရှင်ပေါလုသည် ရဲရင့်စွာ ဝန်ခံပြောဆိုခဲ့သည်။ တမန်တော်ကြီးများ၏ ဧဝံဂေလိတရားကို မဟောပြောဘဲ အခြားသောဧဝံဂေလိတရား (သို့) မှောက်လှန်သော ဧဝံဂေလိတရားကို ရှင်ပေါလုသည် ဟောပြောသည်ဟု ယူဆသည့်သူရှိပါက၊ ထိုသူသည် ရှင်ပေါလုသင်ကြားခဲ့သည့် တစ်ခုတည်းသောဧဝံဂေလိတရားအကြောင်း၏ အချက်တိုင်းကို ဆန့်ကျင်ရမည် ဖြစ်သည်။ အခြားဓမ္မသစ်ကျမ်းကို ရေးသည့်သူများထက် ရှင်ပေါလုသည် ဧဝံဂေလိတရားကို တိတိကျကျ စေ့စေ့စပ်စပ် ရေးခဲ့သော်လည်း ဧဝံဂေလိတရားကို ပြုပြင်ရန် (သို့) ပြန်လည်ရေးသားရန် ဘုရားသခင်က သူတို့ကို ခန့်အပ်ထားပြီဟု ရှင်ပေါလုဆိုခဲ့သည် မဟုတ်ဘဲ၊ မိစ္ဆာပရောဖက်များသာ မှားယွင်းစွာ ဆိုခဲ့သည်။ တပည့်တော်များကို ဟောပြောရမည့် ခရစ်တော်၏ ဧဝံဂေလိတရားအား ပြန်လည်ပြုပြင်၍ရနိုင်သည်ဟူသော အယူအဆကို ရှင်ပေါလုက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ ရှင်ပေါလုသည် အကြီးဆုံးတမန်တော်အနေနှင့် မိမိကိုယ်ကိုယ် မချီးမြှောက်ဘဲလျက်၊ ငါသည် အထက်က ဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသောတမန်တော် ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်ဟု နှိမ့်ချစွာ ပြောဆိုခဲ့သည်။

အမှန်စင်စစ်၊ ရှင်ပေါလုသည် အခြားသူများနှင့် ကင်းကွာစေသော အဓိကအကြောင်းရင်းတစ်ခုမှာ လူဟောင်း (ဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောသူ) မှ လူသစ်အဖြစ်သို့ (တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော ခရစ်တော်၏ တမန်တော်) ပြောင်းလဲပေးခဲ့သော ဘုရားသခင်၏ မဟာကျေးဇူးတော်ကို ကြွယ်ဝစွာခံခဲ့ရသူ ဖြစ်သည်။ ဘုရားသခင် ပြသခဲ့သော ကြီးမားလှသည့် မေတ္တာကရုဏာတော်အားဖြင့် ရှင်ပေါလုသည် အစဉ်အမြဲ တအံ့တဩ ဖြစ်စေခဲ့သည်။ ထိုကြောင့်၊ ဘုရားသခင်၏ ကြီးမားလှသော မေတ္တာကရုဏာတော်ကို ထောက်ပြီး၊ ဧဝံဂေလိတရားသည် ပြည်တစ်လျှောက်လုံးကို နှံ့ပြားလျက် ခရစ်တော်၏ ဘုန်းတော်ကို ပိုမိုကြီးစေခြင်းငှာ ရှင်ပေါလုသည် စေတနာစိတ်ရှိရှိ အမှုဆောင်ရွက်၍၊ ကြိုးစားအားထုတ်လေ့ ရှိခဲ့သည်။

သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြားသော တမန်တော်အပေါင်းတို့ထက်၊ ငါသည် သာ၍ကြိုးစားခြင်းကို ပြု၏။ ထိုသို့ဆိုသော်လည်း၊ ငါကြိုးစားသည် မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြိုးစားတော်မူ၏။ ထိုကြောင့်၊ ငါဖြစ်စေ (ရှင်ပေါလု)၊ သူတို့ဖြစ်စေ (အခြားတမန်တော်ကြီးများ)၊ ဤသို့ ငါတို့သည် ဟောပြောကြ၏။ ဤသို့လည်း သင်တို့သည် ယုံကြည်ကြ၏ဟု ရှင်ပေါလု စာရေးခဲ့သည်။ တမန်တော်ကြီးအားလုံးသည် တူညီသောဧဝံဂေလိတရားကို တညီတညွတ်တည်း ဟောခဲ့ကြောင်း အတိအလင်း ဖော်ပြထားသည်ကို သတိပြုပါ။

ဤအစီအစဉ်အကြောင်း

The Gospel According To Paul

သမ္မာကျမ်းစာ၏ အနက်ကို ကောင်းစွာ ဖွင့်နိုင်သော တရားဟောဆရာကြီး ဂျွန်မာကာသာ (John Macarthur) သည် တမန်တော်ကြီး ရှင်ပေါလုအဆိုအရ ဧဝံဂေလိတရားကို စေ့စေ့ကြည့်ရှုလေ့လာခဲ့သည်။ ဤ (၅) ရက်တာ အစီစဉ်တွင် ဧဝံဂေလိတရားက ဘာလဲ၊ ဧဝံဂေလိတရား၏ မရှိမဖြစ် အစိတ်အပိုင်းများက ဘာလဲ၊ ဧဝံဂေလိတရားကို မှန်ကန်စွာ ဘယ်လိုဝေငှနိုင်မလဲ၊ လောကီသားများထံ ဧဝံဂေလိတရားကို ဘယ်လို ဝေငှသင့်သလဲ စသည့် အလွန်ရေးကြီးသော မေးခွန်များအကြောင်းကို ဆင်ခြင်စဉ်းစားကြရပါမည်။

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော ဆရာဂျွန်မာကာသာ (John Macarthur) နှင့် ဆရာသောမနယ်လ်ဆင် (Thomas Nelson) ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက၊ http://bit.ly/2j1ESbU သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။