ချီးမွမ်းခြင်း၏ ထူးဆန်လှသောတန်ခိုး—ဆာလံကျမ်းမှ (၅) ရက်တာအစီစဉ်နမူနာ

ဘုရားသခင်ကို ချီးမွမ်းခြင်းသည် အောင်မြင်ချမ်းသာကို ပြုစုတတ်သည်
ကျွန်တော်တို့၏ ဝိညာဉ်ရန်သူသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှာသာ လာပါသည်။ သူသည် ကျွန်တော်တို့၏ ယုံကြည်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ပျက်ဆီးစေဖို့ နိစ္စဓူဝ ကြိုစားအားထုတ်သူ ဖြစ်ပါသည်။ မုသားစကား၌ ကျင်လည်သောသူ ဖြစ်သလို၊ အပြစ်တင်သောသူလည်း ဖြစ်ပါသည်။ သူ၏ နာမည်က မာရ်နတ် ဖြစ်ပါသည်။ သို့သော်၊ မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီးနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ရှိပါသည်။ ကျွန်တော်တို့သည် မာရ်နတ်ကို နှုတ်ကပတ်တော်တရားနှင့် ချီးမွမ်းခြင်းဖြင့် ပြန်လည်တိုက်ခိုက်နိုင်ပါသည်။ ဤအရာနှစ်ပါးအားဖြင့် မာရ်နတ်ကို မိတ်ဆွေ၏ ခြေအောက်၌ နှိပ်စက်စေပါလိမ့်မည်။ မာရ်နတ်သည် ယုံကြည်သူများ၏ ဥဒါန်းကျူးခြင်းအသံကို လုံးဝမသည်းခံနိုင်ဘူး။ မာရ်နတ်သည် မိတ်ဆွေကို အတင်းအဓမ္မ နှောင့်ယှက်သောအခါ၊ အရှင်ယေရှုဘုရား၏ မဟာနာမတော်ကို ချီးမွမ်းလိုက်ပါ။ ထိုကြောင့်၊ ချီးမွမ်းကျူးဧခြင်းဖြင့် မာရ်နတ်ကို ဆီးတားကြပါ။ သို့ပြုလျှင်၊ သူသည် မိတ်ဆွေထံက ပြေးသွားလိမ့်မည်။
ဤသမ္မာတရားသည် ယုဒစစ်တပ်များကို ဦးဆောင်ခဲ့သော ယောရှဖတ်မင်းကြီး၏ ဇာတ်တော်တွင် တွေ့မြင်ရပါသည်။ လူများနှင့် တိုင်ပင်ပြီးမှ၊ ထာဝရဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု တပ်ရှေ့မှာ ချီသွားလျက်၊ သန့်ရှင်းခြင်းအသရေကို ချီးမွမ်းရသော သီချင်းသည်တို့ကို ထာဝရဘုရားအဖို့ ခန့်ထားတော်မူ၏ (၂ရာ၊ ၂ဝး၂၁)။ ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြသောအခါ၊ ယုဒပြည်ကို တိုက်အံ့သောငှာ လာသော ရန်သူတို့သည် အထိအခိုက်ခံရသောကြောင့် ပျက်စီးခြင်းသို့ ရောက်ကြခဲ့ပါသည်။ ဤဇာတ်တော်သည် ဘုရားသခင်ကို ချီးမွမ်းခြင်းဖြင့် ကျွန်တော်တို့အသက်တာရှိ ရန်သူများအား အနိုင်ယူပုံကို ပြသသော ဇာတ်တော်တစ်ပိုဒ် ဖြစ်ပါသည်။
ဆေလာ (Selah) - ငြိမ်ဝပ်စွာ နေလျက် ဆင်ခြင်စဉ်းစားပါ။ မိတ်ဆွေ၏ အသက်တာ၌ ဘုရားသခင်ပေးသနာတော်မူသော အောင်မြင်ချမ်းသာကို လိုနေပါသလား (ဥပမာ၊ သောက၊ သံဝေဂ၊ လောဘ၊ ဒေါသ၊ မောဟများအပေါ် အောင်မြင်ချမ်းသာ)။ ခရစ်တော်၏ ဧဝံဂေလိတရားကို ပြုစုသော အောင်မြင်ချမ်းသာအား ရရှိခံစားသောကြောင့် ကျေးဇူးတော်ကို ဘယ်လိုချီးမွမ်းနိုင်မလဲ။
ထောမနာပတ္ထနာစကား။အကျွန်ုပ်သည် အရှင်ယေရှုဘုရားကို ချီးမြှောက်ပါ၏။ ကိုယ်တော်၏ ကူညီမစခြင်းအားဖြင့် ခပ်သိမ်းသောအရာတို့ကို အောင်မြင်စွာ ကျော်လွှားနိုင်ပါ၏။ ကိုယ်တော်၏ တန်ခိုးတော်အားဖြင့် အမှောင်သည် အလင်းသို့ ပြောင်းလဲစေတော်မူပါ။ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်၌ ခိုလှုံသောကြောင့် အောင်မြင်ချမ်းသာအခွင့်ကို ရရှိခံစားစေပါလိမ့်မည်။ အို ခမည်းတော်ဘုရား၊ ခရစ်တော်သည် အောင်တော်မူဘုရား ဖြစ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။ အကျွန်ုပ့်တစ်ဖက်၌ လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။ ယနေ့၊ ဘုရားသခင်၏ အောင်မြင်ချမ်းသာကို ရရှိခံစားနိုင်ဖို့အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အာမင်။
ထာဝရဘုရားသည် အသက်ရှင်တော်မူသည်ဖြစ်၍၊ ငါ၏ ကျောက်၌ မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ ချီးမြှောက်ခြင်း ရှိပါစေသတည်း။ ငါ့ဘက်၌ တရားသဖြင့် စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။ ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော်သည် အကျွန်ုပ်ကို မြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သောသူ၏လက်မှ ကယ်လွှတ်တော်မူ၏။ ထိုကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်သည် တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်းဆိုပါမည် (ဆာ၊ ၁၈း၄၆-၄၉)။
မိမိသောကမီးကို ပိုမိုငြိမ်သက်စေဖို့ ဆရာမဘက်ကီဟားလင် (Becky Harling) ၏ (၄၂) ရက်တာ ဆာလံကျမ်းလေ့လာအစီစဉ်တည်းဟူသောချီးမွမ်းခြင်း၏ ထူးဆန်လှသော တန်ခိုးအစီစဉ်ကို စတင်ဖတ်ရှုလိုက်ပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

သောက၊ သံဝေဂ၊ အထီးကျန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သိသိသာသာ တိုးပွားလာခဲ့ပါသည်။ ဆာလံဆရာများသည် ဤခံစားချက်များကို ကိုယ်တိုင်ခံစားဖူးပါသည်။ သို့သော်၊ ထိုသူတို့သည် ချီးမွမ်းခြင်း၏ ထူးဆန်လှသောတန်ခိုးကို သိကျွမ်း၍ အရာရာ၌ အောင်မြင်စွာ ကျော်လွှားစေဖို့ သင်ယူခဲ့ကြသည်။ ဤအစီစဉ်အားဖြင့် လောကုတ္တရာငြိမ်သက်ခြင်း၏ လျှို့ဝှက်ချက်ကို ရှာဖွေပါ။
More