YouVersion လိုဂို
ရှာရန် အိုင်ကွန်

ချီးမွမ်းခြင်း၏ ထူးဆန်လှသောတန်ခိုး—ဆာလံကျမ်းမှ (၅) ရက်တာအစီစဉ်နမူနာ

The Extraordinary Power of Praise: A 5 Day Devotional From the Psalms

5 ၏ နေ့ 3

ဘုရားသခင်သည် မိမိမြည်တမ်းစကားကို ကြားစေဖို့ အလိုရှိတော်မူသည်

ကျွန်တော်သည် ကင်ဆာရောဂါရှိစဉ်၊ အလွန်ပင်ပန်းနွမ်းနယ်ခဲ့ပါသည်။ ၎င်းအချိန်သည် ကျွန်တော်ဘဝ၏ မှောင်မိုက်ဆုံးသောအချိန် ဖြစ်ခဲ့ပါသည်။ ထိုအချိန်ကာလတွင်၊ အလွန်ပြင်းထန်လှသော လောကငရဲဒုက္ခဝေဒနာကို ခံစားရသောအခါ ဘုရားသခင်ကို တကယ်ချီးမွမ်းနိုင်မလဲဟု စဉ်းစားမိခဲ့ပါသည်။ ကျွန်တော်က အားရပါးရ ကခုန်လျက်၊ ကျွန်တော်က ကင်ဆာရောဂါသည် ဖြစ်ပါပြီ၊ ဟာလေလုယဟု ဝမ်းသာဝမ်းမြောက်စွာ အော်ဟစ်ဖို့ အလိုမရှိခဲ့ပေ။ သို့ရာတွင်၊ ကျွန်တော်သည် ဆာလံကျမ်းကို ဖတ်ရှုလေ့လာသောအခါ၊ ဆာလံတော်တော်များများအား မြည်တမ်းသောစကားများပင် ဖြစ်သည်ဟု နားလည်သဘောပေါက်သွားခဲ့ပါသည်။ မြည်တမ်းသောပတ္ထနာစကားသည် မိမိ၌ရှိ ယုံမှားသံသယ၊ မေးမြန်းဖွယ်ရာနှင့် မကျေမနပ်ဖြစ်ခြင်းကို ပြသစေသော ရေရွတ်တမ်းတစကား ဖြစ်ပါသည်။ ဆာလံဆရာများသည် မိမိအလိုဆန္ဒများနှင့် မြည်တမ်းစကားတို့ကို ဘုရားသခင်အရှေ့တော်၌ ဖွင့်လင်းစွာ ပြသခဲ့ပါသည်။ များစွာဖြင့်၊ ဤဆာလံဆရာတို့၏ ငိုကြွေးမြည်တမ်းခြင်းသည် သူတို့၏ ချီးမွမ်းခြင်းပင် ဖြစ်ခဲ့ပါသည် (ဆာ၊ ၄၂း၃)။ ဆာလံဆရာတချို့တို့သည် မိမိမကျေမနပ်ဖြစ်ခြင်းကို ထင်းထင်ရှားရှား ဖော်ပြထားခဲ့ပါသည်။ ဥပမာ၊ ဒါဝိဒိမင်းကြီးသည် ဤသို့စီရင်ရေးထားခဲ့ပါသည်...အို ဘုရားသခင်၊ သူတို့ပါးစပ်ထဲမှာ သွားများကို ချိုးတော်မူပါ။ အို ထာဝရဘုရား၊ ခြင်္သေ့တို့၏ အံသွားများကို ချိုးတော်မူပါ (ဆာ၊ ၅၈း၆)။ ကျွန်တော်က ၎င်းကျမ်းပိုဒ်ကို ဖတ်ရှုပြီနောက်၊ ဤသို့ဆုတောင်းရန် ကျွန်တော်တို့အား တကယ်ခွင့်ပြုထားပါသလားဟု တွေးဆမိခဲ့ပါသည်။

ဘုရားသခင်သည် စစ်မှန်သော ရှိခိုးခြင်းသာ အလိုရှိတော်မူသည်။ စိတ်ဆိုးသည်ဖြစ်စေ၊ အမျက်ဒေါသထွက်ချင်သည်ဖြစ်စေ၊ ဝမ်းနည်းနေသည်ဖြစ်စေ၊ ထိုခံစားချက်များကို ကိုယ်တော်မြတ်ထံ ယူဆောင်လာရန် ကိုယ်တော်ဘုရား မိတ်ဆွေကို ဖိတ်ခေါ်တော်မူသည်။ မိမိငိုကြွေးမြည်တမ်းခြင်းသည် ဘုရားသခင့်ရှေ့တော်၌ မျှဝေပူဇော်ပါ။ ထို့နောက်၊ ဆာလံဆရာများကဲ့သို့ ကျင့်ပါ။ မိမိဓမ္မအာရုံကို စိုက်လျက် အရာရာ၌ ကိုယ်တော်ကို ချီးမွမ်းစေဖို့ ဓိဋ္ဌာန်ပြုပါ။ ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏ (ဆာ၊ ၃၄း၁၈)။ ဘုရားသခင်၏ ကတိတော်များနှင့် သစ္စာတော်ကို ထောက်၍ ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါ။

ဆေလာ (Selah) - ငြိမ်ဝပ်စွာ နေလျက် ဆင်ခြင်စဉ်းစားပါ။ မိမိဝမ်းမြောက်ခြင်းသည် မိမိအခြေအနေ၌ (သို့) လောကီအရာများ၌ မူတည်ပါသလား။ မိမိအသက်တာမှာ၊ ဘုရားသခင်သည် မိတ်ဆွေကို ဆင်းရဲဒုက္ခမှ ဘယ်လိုကယ်နုတ်ခဲ့ပါသလဲ။

ထောမနာပတ္ထနာစကား။အရှင်ယေရှုဘုရားသည် မထီမဲ့မြင်ပြုခြင်းကို ခံ၍၊ လူတို့တွင်အယုတ်ဆုံးသောသူဖြစ်ပြီး ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူ ဖြစ်လျက် သူတစ်ပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ ဖြစ်တော်မူသည်အတွက် တအံ့တဩ၍ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော်ဘုရားသည် အကျွန်ုပ်၏ ငိုကြွေးမြည်တမ်းခြင်းကို သိတော်မူသည်အတွက် ကျေးဇူးတင်ပါ၏။ ဘုရားသခင့်ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြနိုင်သောအခွင့်ကို ပေးသည်အတွက် ကျေးဇူးတင်ပါ၏။ ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးလျက် ချမ်းသာခြင်းကို ပေးသည်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏တည်းဟူသော သမ္မာတရားကို ထောက်၍ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အာမင်။

ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏ (ဆာ၊ ၃၄း၁၈)။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

The Extraordinary Power of Praise: A 5 Day Devotional From the Psalms

သောက၊ သံဝေဂ၊ အထီးကျန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သိသိသာသာ တိုးပွားလာခဲ့ပါသည်။ ဆာလံဆရာများသည် ဤခံစားချက်များကို ကိုယ်တိုင်ခံစားဖူးပါသည်။ သို့သော်၊ ထိုသူတို့သည် ချီးမွမ်းခြင်း၏ ထူးဆန်လှသောတန်ခိုးကို သိကျွမ်း၍ အရာရာ၌ အောင်မြင်စွာ ကျော်လွှားစေဖို့ သင်ယူခဲ့ကြသည်။ ဤအစီစဉ်အားဖြင့် လောကုတ္တရာငြိမ်သက်ခြင်း၏ လျှို့ဝှက်ချက်ကို ရှာဖွေပါ။

More

ဤအစီအစဥ်ကို ပံ့ပိုးပေးသည့်အတွက် Moody Publishers အား အထူးကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://www.moodypublishers.com/the-extraordinary-power-of-praise သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

စပ်ဆိုင်သော အစီအစဉ်များ