ချီးမွမ်းခြင်း၏ ထူးဆန်လှသောတန်ခိုး—ဆာလံကျမ်းမှ (၅) ရက်တာအစီစဉ်နမူနာ

ဘုရားသခင်ကို ထောမနာချီးမွမ်းခြင်းသည် မိမိသောကမီးကို ငြိမ်းသတ်စေသည်
(၂၀၂၀) ခုနှစ်သည် အလွန်ခဲယဉ်းလှသော အချိန်ကာလ ဖြစ်ခဲ့ပါသည်။ ကိုဗစ် (၁၉) ကပ်ရောဂါသည် တစ်ကမ္ဘာလုံးကို ဒုက္ခပေးခဲ့ပါသည်။ လူအမြောက်အမြားတို့သည် မိမိအလုပ်အကိုင်များ၊ အိမ်များနှင့် အသက်တာများကို ဆုံးရှုံးခဲ့ကြပါသည်။ လူမျိုးရေးမတရားမှု၊ ဆန္ဒပြပွဲများ၊ ဘေးအန္တရာယ်များ၊ ပဋိပက္ခများနှင့် အခြားသတင်းဆိုးကို ကြားရသောအခါ၊ ဤသင်္ခါရလောကသည် အလွန်တရာ မှောင်မိုက်နေပြီဟု ခံစားရပါသည်။ လောကီပိစီးမှု အလွန်များကြောင့် လောကီစိုးရိမ်ခြင်းလည်း အလွန်အမင်း တိုးပွားခဲ့ပါသည်။
ဆာလံဆရာ ဒါဝိဒိမင်းကြီးသည် အလွန်ပြင်းထန်လှသော လောကဓံမုန်တိုင်းများအား ဖြတ်သန်းရခဲ့ပါသည်။ သူ၏ ရန်သူကြီးသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ မဟုတ်ဘဲ၊ မနာလိုဖြစ်၍ ဒါဝိဒ်မင်းကြီးကို အကြိမ်ပေါင်းများစွာ သတ်စေဖို့ ကြိုးပမ်းခဲ့သော ဘုရင်ဆိုးတစ်ပါး ဖြစ်ခဲ့ပါသည်။ အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်၌ ခိုလှုံပါမည်ဟု ဒါဝိဒ်မင်းကြီး ပြောဆိုခဲ့ပါသည်။ သူသည် ၎င်းအမှုကို ကြိမ်ပေါင်များစွာ ပြုခဲ့ပါသည်။
ပြင်းထန်လှသော လောကဓံမုန်တိုင်းများအတွင်း ကြောက်ရွံ့ခြင်းခံစားရသည်မှာ ပုံမှန်ဖြစ်ပါသည်။ ကျွန်တော်တို့၏ ကြောက်ရွံ့ခြင်းကို ငြင်းပယ်မည့်အစား၊ ဘုရားသခင့်ရှေ့တော်၌ မိမိစိတ်နှလုံးကို ဖွင့်ပြလျက် မိမိဓမ္မအာရုံကို စိုက်လျက် ဘုရားသခင်ကို အားရပါးရ ချီးမွမ်းစေဖို့ ဖိတ်ခေါ်တော်မူသည်။ သခင်ဘုရား၏ ဂုဏ်တော်အနန္တကို ချီးမွမ်းစဉ်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော်တို့၏ သောကမီးကို ငြိမ်သက်စေလျက် မိမိဉာဏ်ကိုလည်း ဖွင့်စေတော်မူသည်။ ထောမနာချီးမွမ်းခြင်းသည် မိမိယုံမှားသံသယ၊ ကြောက်ခြင်းသံဝေဂနှင့် သောကကို ပယ်၍ ယုံကြည်ခြင်း၊ ရဲရင့်သတ္တိနှင့် ငြိမ်သက်ခြင်းကို တိုးပွားစေတော်မူသည်။ အကယ်၍၊ ထောမနာချီးမွမ်းခြင်းသည် မိတ်ဆွေကို လုံးဝဥဿုံ ပြောင်းလဲစေပါလိမ့်မည်။
ဆေလာ (Selah) - ငြိမ်ဝပ်စွာ နေလျက် ဆင်ခြင်စဉ်းစားပါ။ မူရင်းဟေဗြဲဘာသာတွင်၊ ဆာလံကျမ်း၏ အခြားဘာသာပြန်များတွင်လည်း၊ ဆေလာ ဟူသော ဝေါဟာရကို မကြာခဏ တွေ့ရပါသည်။ ဆေလာ၏ အနက်ကား ငြိမ်ဝပ်စွာ နေလျက် ဆင်ခြင်စဉ်းစားပါဟု ဖြစ်ပါသည်။ ယခု၊ ငြိမ်ဝပ်စွာ နေလျက် ဆင်ခြင်စဉ်းစားပါဦး။ မိတ်ဆွေသည် လောကမုန်တိုင်းများကို ဖြတ်သန်းရစေဖို့ ဘယ်လိုလုပ်ပါသလဲ။
ထောမနာပတ္ထနာစကား။ အရှင်ယေရှုဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ အလင်း၊ အကျွန်ုပ်ကို ကယ်တင်သောအရှင် ဖြစ်သည်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ အသက်ခိုလှုံရာ ဖြစ်တော်မူသည်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော်ဘုရား၏ ဓမ္မအလင်းတော်သည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူသည်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော်၏ ထာဝရဧဝံဂေလိအလင်းတော်ကို ချီးမွမ်းပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ မြို့ရိုး၊ အကျွန်ုပ်၏ ကိုကယ်လွှတ်သောသခင်၊ အကျွန်ုပ်၏ ဘုရား၊ အကျွန်ုပ်၏ ကိုးစားသောအစွမ်းသတ္တိ၊ အကျွန်ုပ်၏ အကွယ်အကာ၊ အကျွန်ုပ်ကို ကယ်တင်သောဦးချို၊ အကျွန်ုပ်၏ ရဲတိုက် ဖြစ်တော်မူ၏။ ဤခဲယဉ်းသောကာလ၌ ဘုရားသခင်၏ လောကုတ္တရာငြိသက်ခြင်းကို ခံစားရပါ၏။ ထောမနာချီးမွမ်းခြင်း ပြုစုသော ယုံကြည်ခြင်းနှင့် ရဲရင်သတ္တိတို့အတွက် ကျေးဇူးတင်ပါ၏။ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။ အာမင်။
ထာဝရဘုရားသည် ငါ၏ အလင်း၊ ငါ့ကို ကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ၏ အသက်ခိုလှုံရာ ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း (ဆာ၊ ၂၇း၁)။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

သောက၊ သံဝေဂ၊ အထီးကျန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သိသိသာသာ တိုးပွားလာခဲ့ပါသည်။ ဆာလံဆရာများသည် ဤခံစားချက်များကို ကိုယ်တိုင်ခံစားဖူးပါသည်။ သို့သော်၊ ထိုသူတို့သည် ချီးမွမ်းခြင်း၏ ထူးဆန်လှသောတန်ခိုးကို သိကျွမ်း၍ အရာရာ၌ အောင်မြင်စွာ ကျော်လွှားစေဖို့ သင်ယူခဲ့ကြသည်။ ဤအစီစဉ်အားဖြင့် လောကုတ္တရာငြိမ်သက်ခြင်း၏ လျှို့ဝှက်ချက်ကို ရှာဖွေပါ။
More