တောလည်ရာ 27:15-17
တောလည်ရာ 27:15-17 JBMLE
မောရှေကလည်း၊ ထာဝရဘုရား၏ပရိသတ်တို့သည် အထိန်းမရှိသော သိုးကဲ့သို့ မဖြစ်မည်အကြောင်း၊ ခပ်သိမ်းသောသတ္တဝါတို့၏ အသက်ဝိညာဉ်ကို အစိုးရတော်မူသော ဘုရားသခင်ထာဝရဘုရားသည်၊ ဤပရိသတ်တို့ရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ပြင်သို့ထုတ်ခြင်း၊ အတွင်းသို့သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစ်စုံတစ်ယောက်ကို သူတို့အပေါ်မှာ ခန့်ထားတော်မူပါစေသောဟု ထာဝရဘုရားအား လျှောက်လေ၏။