YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်းနမူနာ

Grief Survivor

8 ၏ နေ့ 8

မရောက်သေးဘူးလား

ကလေးများသည် ခရီးသွားစဉ်တွင် မရောက်သေးဘူးလားလို့ မကြာခဏ မေးမြန်းအလေ့ ရှိကြသည်။ မိမိချစ်ရသောသူသည် အနိစ္စရောက်ပြီးမှ မိတ်ဆွေကိုယ်တိုင်လည်း မကြာခဏ မေးမြန်းသောသဘော ရှိပါလိမ့်မည်။ ဤမေးခွန်များသည် မကြာခဏ မေးကောင်းမေးနိုင်ပါသည်...

ဤဝမ်းနည်းကြေကွဲမှုကို ဘယ်လောက်ကြာမလဲ

အချိန်တန်မှာ ပျောက်သွားမှာပါ။ လူတစ်ဦးစီသည် ဆုံးရှုံးမှုကို ကွဲပြားစွာ ဆက်ဆံတတ်ကြသည်။

ကျွန်ုပ်၏ ဆုံးရှုံးသောသူကို အစဉ်အမြဲ လွမ်းဦးမလား

ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်၊ အချိန်ကြာလာသည်နှင့်အမျှ၊ ပြင်းထန်သောနာကျင်မှုသည် ပိုမိုသက်သာလာမည်ဖြစ်ပြီး၊ မိမိဆုံးရှုံးသောသူကို လွမ်းသည့်ထက် သူ၏ အားသားချက်များကို အောက်မေ့သတိရလျက် ကျေးဇူးတော်ချီးမွမ်းချင်သောစိတ်ကို ရှိပါလိမ့်မည်။ ၎င်းပြောင်းလဲမှုကို လက်ခံလိုက်ပါ။ ထိုသူကို အမြဲတမ်းလွမ်းလျှင် အပြစ်မရှိပါ။


သူတစ်ပါးက ကျွန်ပ်ကို စိတ်သက်သာအောင် အဘယ်ကြောင့် ဇွတ်ပြောနေပါသလဲ

တစ်ခါတစ်ရံမှာ၊ မိတ်ဆွေသည် စိတ်ဓာတ်ကျသောအခါ၊ ဆုံးရှုံးမှုကို မကြုံဖူးသောသူများအား စေတနာရှိသော်လည်း မောဟစိတ်ဖြင့် အကျိုးမဲ့သောစကားကို ပြောတတ်ပါသည်။ တစ်ယောက်ယောက်က မိတ်ဆွေကို မငိုနှင့်ဟု ဇွတ်ပြောလျှင်၊ ၎င်းတစ်ယောက်ယောက်သည် မိမိဆုံးရှုံးသွားသူအပေါ် မိတ်ဆွေလောက် သံယောဇဉ် မရှိခဲ့ဘူးလို့ သတိရလိုက်ပါ။ စိတ်သက်သာခြင်းသို့ ရောက်စေဖို့ အချိန်များများယူပါ။

ဤသံယောဇဉ်ကို လုံးဝမဖျက်နိုင်ဘူးလား

လောကဥစ္စာကို ဖျက်လွယ်သောလည်း မိမိခံစားနေသော သံယောဇဉ်ကို မဖျက်နိုင်သလိုပါပဲ။ အကယ်၍၊ မိမိဆုံးရှုံးခဲ့သောသူအပေါ်ရှိ သံယောဇဉ်ကြိုးများကို ဖျက်စရာမလိုအပ်ပါဘူး။ မိမိငိုကြွေးမြည်တမ်းသည် စိတ်သက်သာအောင် ကူညီပေးနိုင်ပါသည်။ မိမိဆုံးရှုံးခဲ့သောသူကို အောက်မေ့လျက် ရွှင်လန်းသောအသက်တာထံသို့ ခြေလှမ်းများလှမ်းပါ။

ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း အဖွဲ့နှင့်အတူ လေ့လာဖို့ စာပေတိုကို ရပါပြီ။

မိမိအသင်းတော် (သို့) အဖွဲ့များထံ မျှဝေစေဖို့၊ GriefSurvivor.com သို့ ဝင်ရောက်၍ ဒေါင်းလုဒ်ရယူစို့။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

Grief Survivor

မိမိချစ်ရသော သူတစ်ယောက်အား ဆုံးရှုံးသောအခါ၊ ယခင်အတိုင်း ပြန်ဖြစ်ရန် အခြားသူများအတွက် (၁၄) ရက်ခန့် ကြာသော်လည်း မိတ်ဆွေအတွက် ထိုမျှမကကြာသည်။ ဝမ်းနည်းကြေကွဲမှုတွင် နစ်မြုပ်နေပါက၊ မိတ်ဆွေတစ်ယောက်တည်း ခံစားနေရခြင်း မဟုတ်ပါ။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း စာအုပ်ရေးသားသူ ဆရာမဗက်မာရှယ် (Beth Marshall) လည်း ထိုခံစားချက်ကို နားလည်သဘောပေါက်ခဲ့သည်။ သောကရောက်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်‌ကြောင်း ရင်းနှီးသောမိသားစုဝင်များကို ဆုံးရှုံးပြီးမှ သူမနားလည်ခဲ့သည်။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်းကို လေ့လာခြင်းသည် မိတ်ဆွေအား ရေးသားရန်နှင့် အသက်တာရွှင်လန်းခြင်း ပြန်လည်ပေးစွမ်းနိုင်သူ တစ်ပါးတည်းဖြစ်သော သခင်ဘုရားကို ယုံကြည်ကိုးစားရန် ခွန်အားပေးမည် ဖြစ်သည်။

More

ဤအစီအစဉ်အတွက်ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း - ‌မျှော်လင့်ခြင်းနှင့် ကုသခြင်းဆီသို့ ခြေလှမ်း (၂၈) လှမ်းနှင့် ကုသခြင်းအတွက် အချိန်ယူခြင်း၊ ‌သောကခရီး" စာအုပ်ရေးသားသူ ဆရာမဗက်မာရှယ် (Beth Marshall) ကို ကျေးဇူးတင်ရှိပါသည်။ ‌ပိုမိုသိလိုပါက၊ www.griefsurvivor.com သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။