YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်းနမူနာ

Grief Survivor

8 ၏ နေ့ 2

အကောင်းဆုံးသော လက်ဆောင်မွန်

သူတစ်ပါးသည် စိတ်သက်သာခြင်းသို့ ရောက်စဉ်တွင် ထိုသူ၏ အကျိုးကို ဘယ်လိုရှာဖွေနိုင်မလဲ။
ထိုသူ၏လက်မှာ သူတစ်ပါးပေးကမ်းခဲ့သော အစာအစားနှင့် လှူငွေ ရှိကောင်းရှိနိုင်သည်။ သို့သော်၊ ထိုဝေဒနာရှင်အတွက် အကောင်းဆုံးသော လက်ဆောင်မွန်က ဘာလဲ။

မိမိချစ်ရသောသူတစ်ဦးကို ရှုံးလျှင် အမှတ်တရများသည် အဖိုးအနဂ္ဃရတနာများ ဖြစ်သည်။ မိမိချစ်ရသောသူအကြောင်း မကြားဖူးသော ဇာတ်လမ်းအချို့ ရှိကောင်းရှိနိုင်သည်။ မိတ်ဆွေသည် စိတ်ဓာတ်ကျသောအခါ၊ မိမိသူငယ်ချင်းကို မိမိဆုံးရှုံးသွားသောလူအကြောင်း အနည်းငယ်ရေးပေးပြီး မေးလ် (သို့) အီးမေးလ်မှတစ်ဆင့် ပို့ပေးခိုင်းပါ။ ၎င်းစာကို ရသောအခါ၊ မိမိချစ်ရသောသူ၏ ဇာတ်လမ်းများကို ဖတ်ရှုလျက် သူတို့၏ ဓာတ်ပုံများအသစ်ကို ကြည့်ရှုလျက် စိတ်ချမ်းသာခြင်းသို့ ရောက်ပါလိမ့်မည်။

ထို့နောက်၊ ၎င်းအမှတ်တရရတနာများကို ကောင်းကောင်းသိမ်းထားလိုက်ပါ။ မိမိချစ်ရသောသူ၏ တန်ဖိုးကို မကြာခဏ အောက်မေ့သတိရလိမ့်မည်။ မိမိချစ်ရသောသူအကြောင်း မကြားဖူးသောဇာတ်လမ်းများကို ရှာဖွေလိုက်ပါ။

ကျမ်းစာများ

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Grief Survivor

မိမိချစ်ရသော သူတစ်ယောက်အား ဆုံးရှုံးသောအခါ၊ ယခင်အတိုင်း ပြန်ဖြစ်ရန် အခြားသူများအတွက် (၁၄) ရက်ခန့် ကြာသော်လည်း မိတ်ဆွေအတွက် ထိုမျှမကကြာသည်။ ဝမ်းနည်းကြေကွဲမှုတွင် နစ်မြုပ်နေပါက၊ မိတ်ဆွေတစ်ယောက်တည်း ခံစားနေရခြင်း မဟုတ်ပါ။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း စာအုပ်ရေးသားသူ ဆရာမဗက်မာရှယ် (Beth Marshall) လည်း ထိုခံစားချက်ကို နားလည်သဘောပေါက်ခဲ့သည်။ သောကရောက်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်‌ကြောင်း ရင်းနှီးသောမိသားစုဝင်များကို ဆုံးရှုံးပြီးမှ သူမနားလည်ခဲ့သည်။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်းကို လေ့လာခြင်းသည် မိတ်ဆွေအား ရေးသားရန်နှင့် အသက်တာရွှင်လန်းခြင်း ပြန်လည်ပေးစွမ်းနိုင်သူ တစ်ပါးတည်းဖြစ်သော သခင်ဘုရားကို ယုံကြည်ကိုးစားရန် ခွန်အားပေးမည် ဖြစ်သည်။

More

ဤအစီအစဉ်အတွက်ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း - ‌မျှော်လင့်ခြင်းနှင့် ကုသခြင်းဆီသို့ ခြေလှမ်း (၂၈) လှမ်းနှင့် ကုသခြင်းအတွက် အချိန်ယူခြင်း၊ ‌သောကခရီး" စာအုပ်ရေးသားသူ ဆရာမဗက်မာရှယ် (Beth Marshall) ကို ကျေးဇူးတင်ရှိပါသည်။ ‌ပိုမိုသိလိုပါက၊ www.griefsurvivor.com သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။