Psalms 89
89
1အို ဘုရားရှင်၊ ကျွန်ုပ်သည် အရှင်၏မေတ္တာကရုဏာတော်အကြောင်းကို အစဉ်အမြဲသီကျူးပါမည်။ ကျွန်ုပ်၏နှုတ်ဖြင့် အရှင်၏သစ္စာတော်ကို မျိုးဆက်အစဉ်အဆက်အား သိစေပါမည်။ 2အကြောင်းမူကား “မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏။ အရှင်သည် မိမိသစ္စာတော်ကို ရွှေမြို့တော်၌တည်မြဲစေတော်မူလိမ့်မည်” ဟု ကျွန်ုပ်ဆိုပါ၏။ 3“ငါရွေးချယ်သောသူနှင့် ငါပဋိညာဉ်ဖွဲ့ပြီ။ ငါ၏အစေခံဒါဝိဒ်အား ငါကျိန်ဆိုထားပြီ။ 4ငါသည် သင်၏အမျိုးအနွယ်ကို ထာဝရမြဲမြံစေမည်။ သင်၏ပလ္လင်ကိုလည်း မျိုးဆက်အစဉ်အဆက် တည်စေမည်” ဟုမိန့်တော်မူ၏။ 5အို ဘုရားရှင်၊ ရွှေမြို့တော်သည် အရှင်ပြုတော်မူသော အံ့ဖွယ်သောအမှုတို့ကို ချီးမွမ်းပါ၏။ အရှင်၏သစ္စာတော်ကိုလည်း မြင့်မြတ်သောသူတို့၏အစုအဝေးထဲတွင် ချီးမွမ်းပါ၏။ 6အကြောင်းမူကား ရွှေမြို့တော်တွင် မည်သူ့ကို ထာဝရဘုရားနှင့် နှိုင်းယှဉ်နိုင်ပါသနည်း။ နတ်ဒေဝါတို့တွင် အဘယ်သူသည် ဘုရားရှင်နှင့် တူပါသနည်း။ 7ဘုရားရှင်သည် မြင့်မြတ်သောသူတို့၏အစည်းအဝေးတွင် အလွန်ကြောက်ရွံ့ရိုသေခြင်းကို ခံရသောအရှင်ဖြစ်တော်မူ၏။ အရှင်၏ပတ်လည်၌ရှိသောသူအပေါင်းတို့ထက် အံဩဖွယ်ဖြစ်တော်မူ၏။ 8အနန္တတန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူသည့် ဘုရားရှင်၊ မည်သူသည် အရှင်ကဲ့သို့ ခွန်အားကြီးပါသနည်း။ အို ဘုရားရှင်၊ အရှင်၏သစ္စာတော်သည် အရှင်ကို ဝန်းရံလျက်ရှိပါ၏။ 9အရှင်သည် လှိုင်းထန်သော ပင်လယ်ကို အုပ်စိုးတော်မူ၏။ ထိုပင်လယ်၏လှိုင်းတံပိုးများထလာသောအခါ ထိုအရာတို့ကို ငြိမ်းစေတော်မူ၏။ 10အရှင်သည် ရာဟပ်ကို အသေကောင်ကဲ့သို့ချေမှုန်းတော်မူ၏။ အရှင်၏တန်ခိုးတော်ကြီးသော လက်ရုံးတော်ဖြင့် အရှင်၏ရန်သူတို့ကို ဖရိုဖရဲဖြစ်စေတော်မူ၏။ 11ရွှေမြို့တော်ကို အရှင်ပိုင်တော်မူ၏။ မြေကြီးကိုလည်း အရှင်ပိုင်တော်မူ၏။ ကမ္ဘာလောကနှင့် ထိုထဲတွင်ရှိသမျှသော အရာတို့ကို အရှင်တည်တော်မူ၏။ 12မြောက်အရပ်နှင့် တောင်အရပ်ကို အရှင်ဖန်ဆင်းတော်မူ၏။ တာဗော်တောင်နှင့် ဟေရမုန်တောင်တို့သည်လည်း အရှင်၏နာမတော်ကို ရွှင်လန်းစွာကြွေးကြော်ကြပါ၏။ 13အရှင်၌အစွမ်းတန်ခိုးနှင့်ပြည့်စုံသောလက်ရုံရှိပါ၏။ အရှင်၏လက်တော်သည် တန်ခိုးကြီး၍ အရှင်၏လက်ယာတော်သည် ချီးမြှောက်ခြင်းရှိပါ၏။ 14ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းသည် ရာဇပလ္လင်တော်၏အခြေတည်ရာဖြစ်ပါ၏။ မေတ္တာကရုဏာနှင့် သမ္မာတရားသည် အရှင်၏ရှေ့တော်မှသွားကြပါ၏။ 15အို ဘုရားရှင်၊ ဝမ်းမြောက်စွာ ကြွေးကြော်သောအသံကို သိကျွမ်းသောလူမျိုးသည် မင်္ဂလာရှိပါ၏။ သူတို့သည် အရှင်၏မျက်နှာတော်အလင်းထဲ၌သွားလာကြပါ၏။ 16သူတို့သည် အရှင်၏နာမတော်တစ်နေ့လုံးရွှင်လန်း၍ အရှင်၏ဖြောင့်မတ်ခြင်းအားဖြင့် ချီးမြှောက်ခြင်းခံရကြပါ၏။ 17အကြောင်းမူကား ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဂုဏ်ကျက်သရေဖြစ်တော်မူ၏။ ကျွန်ုပ်တို့၏ဦးချိုသည် အရှင်၏ကျေးဇူးတော်အားဖြင့် ချီးမြှောက်ခြင်းခံရပါ၏။ 18အကြောင်းမူကား ကျွန်ုပ်တို့၏ ဒိုင်းလွှားဘုရားရှင်၏ပိုင်ဆိုင်တော်မူရာဖြစ်၏။ ကျွန်ုပ်တို့၏ ရှင်ဘုရင်သည်လည်း အစ္စရေး၏မြင့်မြတ်သောအရှင်၏ ပိုင်ဆိုင်တော်မူရာဖြစ်၏။ 19တစ်ခါက အရှင်သည် အရှင်၏မြင့်မြတ်သန့်ရှင်းသောသူတို့အား ဗျာဒိတ်နိမိတ်အားဖြင့် မြွက်ဆိုတော်မူသည်မှာ “ငါသည် ခွန်အားကြီးသောသူတစ်ဦးကို ကူညီမစပြီ။ လူတို့ထဲမှ ရွေးချယ်ထားသောသူတစ်ဦးကို ချီးမြှောက်ပြီ 20ငါ၏အစေခံဒါဝိဒ်ကို ငါရှာတွေ့၍ ငါ၏မွန်မြတ်သောဆီဖြင့် သူ့ကို ဘိသိက်ပေးပြီ။ 21ငါ့လက်သည် သူ့ကို မြဲမြံစေမည်။ ငါ့လက်ရုံးသည်လည်း သူ့ကို အင်အားကြီးမားစေမည်။ 22ရန်သူသည် သူ့အပေါ် နိုင်ထက်စီးနင်းပြုနိုင်မည်မဟုတ်။ မတရားသောသူသည်လည်း သူ့ကို နှိပ်စက်နိုင်မည်မဟုတ်။ 23ငါသည် သူ၏ရန်သူများကို သူ့ရှေ့တွင် ချေမှုန်းတိုက်ဖျက်၍ သူ့ကို မုန်းသောသူတို့ကို ရှုံးနိမ့်စေမည်။ 24ငါ၏သစ္စာနှင့် ငါ၏မေတ္တာကရုဏာသည် သူနှင့်အတူ ရှိလိမ့်မည်။ သူ၏ဦးချိုသည်လည်း ငါ၏နာမအားဖြင့် ချီးမြှောက်ခြင်းခံရလိမ့်မည်။ 25ငါသည် သူ၏လက်ကို ပင်လယ်ပေါ်တွင်လည်းကောင်း၊ သူ၏လက်ယာလက်ကို မြစ်တို့အပေါ်တွင်လည်းကောင်း တည်စေမည်။ 26သူကလည်း ‘အရှင်သည် ကျွန်ုပ်၏အဖ၊ ကျွန်ုပ်၏ဘုရားရှင်၊ ကျွန်ုပ်၏ကယ်တင်ခြင်းကျောက်ဆောင်ဖြစ်တော်မူ၏’ ဟု ငါ့ထံသို့ ဟစ်ခေါ်လိမ့်မည်။ 27ငါသည်လည်း သူ့ကို သားဦးအဖြစ်ခန့်ထား၍ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်တို့တွင် အမြင့်ဆုံးသောအရှင်ဖြစ်စေမည်။ 28သူ့အပေါ်ထားရှိသည့် ငါ၏မေတ္တာကရုဏာကို ငါအစဉ်အမြဲစောင့်ထိန်းမည်။ သူနှင့်ပြုထားသော ငါ၏ပဋိညာဉ်သည်လည်း မြဲမြံလိမ့်မည်။ 29ငါသည် သူ၏အမျိုးအနွယ်ကို ထာဝစဉ် တည်စေမည်။ သူ၏ရာဇပလ္လင်ကိုလည်း ရွှေမြို့တော်ရှိနေ့ရက်များကဲ့သို့ တည်စေမည်။ 30သူ၏သားသမီးတို့သည် ငါ၏ပညတ်တရားကို စွန့်ပယ်၍ ငါ၏စီရင်ထုံးဖွဲ့ချက်များအတိုင်း မလိုက်လျှောက်ကြလျှင်လည်းကောင်း၊ 31ငါ၏ပြဌာန်းချက်တို့ကို ရှုတ်ချ၍ ငါ၏ပညတ်တို့ကို မစောင့်ထိန်းကြလျှင် လည်းကောင်း၊ 32ငါသည် သူတို့ကျူးလွန်သော အပြစ်အတွက် ကြိမ်လုံးဖြင့် ဒဏ်ခတ်၍ သူတို့၏အပြစ်ဒုစရိုက်အတွက် ကျာပွတ်ဖြင့်ပြစ်ဒဏ်ပေးမည်။ 33သို့သော် ငါ၏မေတ္တာကရုဏာကို သူ့ထံမှဖယ်ရှားမည်မဟုတ်။ ငါ၏သစ္စာကိုလည်း ဖောက်ဖျက်မည်မဟုတ်။ 34ငါ၏ပဋိညာဉ်ကိုလည်း ရှုတ်ချမည်မဟုတ်။ ငါ၏နှုတ်ထွက်စကားကိုလည်း ပြောင်းလဲစေမည်မဟုတ်။ 35ငါသည် ဒါဝိဒ်ကို လိမ်လည်မည်မဟုတ်ဟု ငါ၏မြင့်မြတ်ခြင်းကို တိုင်တည်၍ တစ်ကြိမ်နှင့် အပြီးကျိန်ဆိုပြီ။ 36သူ၏အမျိုးအနွယ်သည် အစဉ်အမြဲတည်လိမ့်မည်။ သူ၏ပလ္လင်သည်လည်း ငါ့ရှေ့တွင် နေသကဲ့သို့ဖြစ်လိမ့်မည်။ 37ဤသည်ကား လကဲ့သို့လည်းကောင်း၊ မိုးကောင်းကင်ရှိ သစ္စာရှိသော သက်သေကဲ့သို့လည်းကောင်း အစဉ်တည်မြဲလိမ့်မည်” ဟူ၍ဖြစ် 38သို့ရာတွင် အရှင်သည် သူ့ကို ငြင်းပယ်၍စွန့်ပစ်တော်မူပြီ။ အရှင်ဘိသိက်ပေးထားသောသူကို အမျက်ထွက်တော်မူပြီ။ 39အရှင်၏အစေခံနှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကိုပယ်ဖက်၍ သူ၏ဘုန်းသရဖူကို မြေတိုင်အောင်ရှုတ်ချတော်မူပြီ။ 40အရှင်သည် သူ၏တံတိုင်းရှိသမျှတို့ကို ဖြိုဖျက်၍ သူ၏ခံတပ်များကို ဖျက်ဆီးတော်မူပြီ။ 41လမ်း၌ဖြတ်သွားသောသူအပေါင်းတို့သည် သူ့ကို တိုက်ခိုက်လုယက်ကြပါပြီ။ သူသည် မိမိအိမ်နီးချင်းတို့အတွက် ကဲ့ရဲ့ပြစ်တင်စရာဖြစ်ရပါပြီ။ 42အရှင်သည် သူ့အားရန်ဖက်ပြုသောသူတို့၏လက်ယာလက်ကို ချီးမြှောက်၍ သူ၏ရန်သူအပေါင်းတို့ကို ဝမ်းမြောက်စေတော်မူပြီ။ 43သူ၏ဓားသွားကိုလည်း လိပ်စေ၍ စစ်ပွဲတွင်လည်း သူ့ကိုထောက်မတော်မူခြင်းမရှိပါ။ 44အရှင်သည် သူ၏ဘုန်းရောင်ကို ကွယ်ပျောက်စေ၍ သူ၏ပလ္လင်ကို မြေသို့ ချပစ်တော်မူပြီ။ 45သူ၏ပျိုရွယ်သောနေ့ရက်တို့ကိုလည်း တိုတောင်းစေ၍ သူ့ကိုအရှက်ရစေတော်မူပြီ။ 46အို ဘရားရှင်၊ မည်သည့်အချိန်အထိနည်း။ အရှင်သည် အစဉ်ပုန်းရှောင်လျက် နေတော်မူမည်လော။ အရှင်၏အမျက်ဒေါသသည် မီးကဲ့သို့ တောက်လောင်လျက်နေမူမည်လော။ 47ကျွန်ုပ်၏အသက်တာသည် မည်မျှတိုတောင်းသည်ကိုလည်းကောင်း၊ လူသားအပေါင်းတို့ကို အချည်းနှီးသော အရာအဖြစ်ဖန်ဆင်းတော်မူခဲ့သည်ကိုလည်းကောင်း သတိရတော်မူပါ။ 48မည်သူသည် သေခြင်းကို မမြင်ရဘဲ အသက်ရှင်နိုင်သနည်း။ မည်သူသည် မရဏာသင်္ချိုင်း၏တန်ခိုးမှလွတ်မြောက်စေနိုင်သနည်း။ 49အို ဘုရားရှင်၊ ဒါဝိဒ်အား အရှင်သစ္စာတော်ဖြင့် ကျိန်ဆိုထားတော်မူသော အရှင်၏ရှေးဦးမေတ္တာကရုဏာတော်သည် အဘယ်မှာရှိပါသနည်း။ 50အို ဘုရားရှင်၊ အရှင်၏အစေခံတို့ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်းကို လည်းကောင်း၊ ကျွန်ုပ်သည် လူအပေါင်းတို့၏ထိပါးစော်ကားခြင်းကို ကျွန်ုပ်၏ရင်ခွင်ထဲ၌ ဆောင်ထားရသည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။ 51အို ဘုရားရှင်၊ အရှင်၏ရန်သူတို့သည် ထိုကဲ့သို့ထိပါးစော်ကားခြင်းအားဖြင့် ကဲ့ရဲ့ပြစ်တင်ကြပါ၏။ အရှင်ဘိသိက်ပေးထားသောသူ၏ခြေရာတို့ကို ထိုကဲ့သို့ ကဲ့ရဲ့ပြစ်တင်ကြပါ၏။ 52ဘုရားရှင်အား အစဉ်ထာဝရ ချီးမွမ်းပါ၏။ အာမင်၊ အာမင်။
Currently Selected:
Psalms 89: TPV-RV
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: