Psalms 22
22
1အကျွန်ုပ်၏ဘုရားရှင်၊ အကျွန်ုပ်၏ဘုရားရှင်၊ အကျွန်ုပ်အား အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်သည် ကယ်တင်တော်မူပါရန် အော်ဟစ်တောင်းလျှောက်ခဲ့ပါ၏။ သို့သော် ယခုတိုင်အောင် ကယ်တင်မူခြင်းမရှိဘဲ အကျွန်ုပ်ထံမှ ဝေးကွာစွာနေတော်မူသနည်း။ 2အကျွန်ုပ်၏ ဘုရားရှင်၊ နေ့အချိန်၌ ကျွန်ုပ်သည်ခေါ်တော်မူသော်လည်း ကိုယ်တော်သည် ထူးတော်မမူပါ။ ညအချိန်၌လည်း အကျွန်ုပ်တွင် ငြိမ်သက်ချမ်းသာမှုမရှိပါ။ 3သို့သော် ကိုယ်တော်သည် သန့်ရှင်းမြင့်မြတ်သောအရှင်ဖြစ်တော်မူပြီး အစ္စရေးလူမျိုးများ၏ ချီးမွမ်းခြင်း၌ စိုးစံတော်မူ၏။ 4အကျွန်ုပ်တို့၏ဘေးများသည် ကိုယ်တော်အား ယုံကြည်ကိုးစားခဲ့ကြပါ၏။ သူတို့ယုံကြည်ကိုးစားကြသည့်အတိုင်း ကိုယ်တော်သည် သူတို့အား ကယ်တင်တော်မူခဲ့ပါ၏။ 5သူတို့သည် ကိုယ်တော်ထံသို့ အော်ဟစ်တောင်းလျှောက်ကြသဖြင့် ကယ်တင်ခြင်းခံခဲ့ကြရပါ၏။ သူတို့သည် ကိုယ်တော်ကို ယုံကြည်ကိုးစားကြသဖြင့် အရှက်ကွဲခြင်းနှင့် ကင်းလွတ်ကြပါ၏။ 6သို့သော် အကျွန်ုပ်မူကား လူမဟုတ်၊ ပိုးကောင်မျှသာဖြစ်ပါ၏၊ လူတို့၏ ကဲ့ရဲ့ပြစ်တင်စရာနှင့် လူအများ၏ မထီမဲ့မြင်ပြုစရာဖြစ်ပါ၏။ 7အကျွန်ုပ်အား မြင်ရသူအားလုံးတို့သည် အကျွန်ုပ်ကို ပြက်ရယ်ပြု၍ နှုတ်ခမ်းကိုမဲ့ရွဲ့ကာ ခေါင်းကိုခါယမ်းလျက် 8"သူသည် ဘုရားရှင်ကို ယုံကြည်ကိုးစားခဲ့၏။ ကိုယ်တော်သည် သူ့အားကယ်တင်ပါစေ။ ကိုယ်တော်သည် သူ့အားနှစ်သက်တော်မူသည်ဖြစ်၍ သူ့ကို ကယ်နှုတ်ပါစေ" ဟု ဆိုကြပါ၏။ 9သို့သော် ကိုယ်တော်သည် အကျွန်ုပ်အား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမိဝမ်းတွင်းမှ မွေးဖွားစေခဲ့ပါ၏။ အကျွန်ုပ် နိို့စသူငယ်ဖြစ်စဉ်အခါကလည်း အကျွန်ုပ်အား ကိုယ်တော်သည် ဘေးကင်းလုံခြုံစွာထားတော်မူခဲ့ပါ၏။ 10အကျွန်ုပ်သည် မွေးဖွားသည့်အချိန်မှ၍ ကိုယ်တော်အား အားကိုးခဲ့ပါ၏။ထိုအချိန်မှစ၍ ကိုယ်တော်သည် ကျွန်ုပ်၏ဘုရားရှင် ဖြစ်တော်မူပါ၏။ 11အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ် ဒုက္ခရောက်ရပါတော့မည်။ ကူညီမစမည့်သူလည်း တစ်ယောက်မျှပင်မရှိပါ။ 12အကျွန်ုပ်၏ ရန်သူတို့သည် မာရှန်ဒေသမှ ကြောက်မက်ဖွယ်ကောင်းသော နွားသိုးများကဲ့သို့ အကျွန်ုပ်အား ဝန်းရံထားကြပါ၏။ 13ခြင်္သေ့များကဲ့သို့ ခံတွင်းကိုဟ၍ ဟိန်းဟောက်ကာ အကျွန်ုပ်အား ကိုက်ဖြတ်မည်ပြုကြ၏။ 14အကျွန်ုပ်၏ ခွန်အားသည် မြေကြီးပေါ်သို့ဖိတ်ကျသည့် ရေကဲ့သို့ ခန်းခြောက်သွားပါ၏။ အကျွန်ုပ်၏အရိုးများအားလုံးသည်လည်း အဆစ်ပြုတ်လျက်နေပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် အရည်ပျော်နေသော ဖယောင်းကဲ့သို့ဖြစ်နေပါ၏။ 15အကျွန်ုပ်၏လည်ချောင်းသည် မြေမှုန့်ကဲ့သို့ ခြောက်သွေ့လျက် အကျွန်ုပ်၏လျှာသည်လည်း အာခေါင်တွင်ကပ်၍နေပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား သေစေရန် မြေမှုန့်ထဲတွင် စွန့်ပစ်ထားတော်မူပါပြီ။ 16လူဆိုးတစ်စုသည် အကျွန်ုပ်အား ဝိုင်းထားကြပါ၏။ သူတို့သည်တောခွေးအုပ်ကဲ့သို့ အကျွန်ုပ်၏အနီးသို့ ချဉ်းကပ်လာပြီးလျှင် အကျွန်ုပ်၏ခြေလက်များကို ကိုက်ဖြတ်ကြပါ၏။ 17အကျွန်ုပ်၏အရိုးများအားလုံးသည် ပြိုင်းပြိုင်းပေါ်လာပါ၏။ လူတို့သည် အကျွန်ုပ်ကိုစေ့စေ့ကြည့်လျက် အားရဝမ်းသာဖြစ်နေကြပါ၏။ 18သူတို့သည် အကျွန်ုပ်၏အဝတ်တို့ကို အချင်းချင်းခွဲဝေကြ၍ အကျွန်ုပ်၏ဝတ်ရုံအတွက် မဲချကြပါ၏။ 19အို ဘုရားရှင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ အို အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်အား ကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။ 20အကျွန်ုပ်၏စိတ်နှလုံးအား ဓား၏ဘေးရန်မှလည်းကောင်း၊ အကျွန်ပ်၏ တစ်ခုတည်းသောအသက်အား ခွေးတို့လက်မှလည်းကောင်း ကယ်တင်တော်မူပါ။ 21အကျွန်ုပ်အား ခြင်္သေ့တို့၏ခံတွင်းမှလည်းကောင်း၊ နွားရိုင်းတို့၏ဦးချိုမှမှလည်းကောင်း ကယ်တင်တော်မူပါ။ 22အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်၏အစ်ကိုများအား ပြောကြားပါမည်။ လူအစုအဝေးတို့၏အလယ်၌ ကိုယ်တော်အား ချီးမွမ်းပါမည်။ 23ဘုရားရှင်အား ကြောက်ရွံ့ကြသူတို့၊ ကိုယ်တော်ကို ချီးမွမ်းကြလော့။ ယာကုပ်၏အမျိုးအနွယ်အပေါင်းတို့၊ ကိုယ်တော်ကို ဂုဏ်ပြု၍ချီးမွမ်းကြလော့။ အစ္စရေးအမျိုးအနွယ်အပေါင်းတို့ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြလော့။ 24ကိုယ်တော်သည် ဆင်းရဲနွမ်းပါးသောသူတို့ ကြုံတွေ့ရသည့် ဆင်းရဲဒုက္ခများကို လျစ်လျူရှုတော်မမူ။ ကိုယ်တော်သည် ထိုသူတို့ကို မျက်နှာလွှဲတော်မမူပါ။ ကူညီမစရန်အတွက် သူတို့အော်ဟစ်တောင်းလျှောက်သည်ကို ကြားတော်မူပြီဖြစ်၏။ 25လူအစုအဝေးကြီးအလယ်ဥ အကျွန်ုပ်၏ချီးမွမ်းခြင်းသည် ကိုယ်တော့်ထံမှလာပါ၏။ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့၏ရှေ့၌ အကျွန်ုပ်၏ကတိသစ္စာများကို ပြည့်စုံစေပါမည်။ 26ဆင်းရဲနွမ်းပါးသူတို့သည် ဝလင်စွာစာကြရလိမ့်မည်။ ဘုရားရှင်ကို ရှာဖွေကြသောသူတို့သည် ကိုယ်တော်အား ချီးမွမ်းကြလိမ့်မည်။ သင်တို့၏စိတ်နှလုံးသည် ထာဝစဉ်ရှင်သန်ကြပါစေ။ 27ကမ္ဘာမြေအရပ်ရပ်ရှိ လူမျိုးတကာတို့သည် အောက်မေ့သတိရကြ၍ ဘုရားရှင်ထံသို့ ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှ လူမျိုးအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။ 28အကြောင်းမူကား ရှင်ဘုရင် အရိုက်အရာသည် ဘုရားရှင်နှင့်သက်ဆိုင်တော်မူ။ ကိုယ်တော်သည် လူမျိုးတကာတို့ကို အုပ်စိုးတော်မူ၏။ 29ကမ္ဘာမြေကြီးပေါ်ရှိ ကြွယ်ဝချမ်းသာသူအပေါင်းတို့သည် စားသောက်လျက် ရှိခိုးကိုးကွယ်ကြလိမ့်မည်။ မိမိ၏စိတ်ဝိညာဉ်ကို မရှင်သန်စေဘဲ မြေမှုန့်ထဲသို့ ဆင်းသွားရသူအားလုံးတို့သည် ကိုယ်တော်၏ရှေ့၌ ညွတ်တွားကြလိမ့်မည်။ 30သူတို့၏ အမျိုးအနွယ်သည် ကိုယ်တော်၏အမှူတော်ကို ဆောင်ရွက်ကြပြီး နောင်လာမည့်မျိုးဆက်အား ဘုရားရှင်အကြောင်းကို ပြောကြားကြလိမ့်မည်။ 31သူတို့သည် နောင်လာမည့်မျိုးဆက်အား ကိုယ်တော်၏ဖြောင့်မတ်ခြင်းအကြောင်းကို ပြောကြားကြလိမ့်မည်။ အကြောင်းမူကား ထိုအမှုကို ကိုယ်တော်သည် ပြုတော်မူပြီဖြစ်၏။
Currently Selected:
Psalms 22: TPV-RV
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: