Psalms 119
119
1ဘုရားရှင်၏ တရားတော်အတိုင်းအသက်ရှင်လျှောက်လှမ်၍ စုံလင်သောတရားလမ်းကို လိုက်သောသူတို့သည် မင်္ဂလာရှိကြ၏။ 2ကိုယ်တော် သက်သေခံချက်တို့ကို လိုက်နာကျင့်သုံး၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောသူတို့သည် မင်္ဂလာရှိကြ၏။ 3သူတို့သည် မတရားမှုကိုမပြု ကိုယ်တော်၏လမ်းတော်များအတိုင်း အသက်ရှင်လျှောက်လှမ်းကြ၏။ 4ကိုယ်တော်သည် တစ်သမတ်တည်း စောင့်ထိန်းရမည့် မိမိ၏ဥအဒေသတို့ကို ချမှတ်ထားတော်မူ၏။ 5ကိုယ်တော်၏ပြဠာန်းချက်တို့ကို စောင့်ထိန်းနိုင်ရန် အကျွန်ုပ်၏လမ်းခရးတို့သည် တည်မြဲခြင်းရှိပါစေသော။ 6ထိုအခါ အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော်အားလုံးကို ကြည့်ရှုဆင်ခြင်သဖြင့် အရှက်ကွဲရလိမ့်မည်မဟုတ်။ 7အကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော ပညတ်တရားတို့တို သင်ယူရသောအခါ ဖြောင့်မှန်သောစိတ်နှလုံးဖြင့် ကိုယ်တော်ကို ချီးမွမ်းပါမည်။ 8အကျွန်ုပ်သည် ကိုယ်တော်၏ ပြဠာန်းချက်တို့ကို စောင့်ထိန်းပါမည်။ အကျွန်ုပ်ကို မည်သည့်အခါတွင်မှ စွန့်ပစ်တော်မမူပါနှင့်။ 9လူငယ်သည် မိမိ၏ဘဝလမ်းကြောင်းကို မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်စေနိုင်ပါမည်နည်း ဆိုသည်ကို ကိုယ်တော်၏ နှုတ်ကပတ်တရားတောင်အတိုင်း စောင်းထိန်းရမည်သာဖြစ်၏။ 10ကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ အကျွန်ုပ်ကို ကိုယ်တော်၏ ပညတ်တော်တို့မှ လမ်းလွဲစေတော်မမူပါနှင့်။ 11ကိုယ်တော်ကို မပြစ်မှားမိစေရန် ကိုယ်တော်၏ မိန့်တော်မူချက်ကို အကျွန်ုပ်၏ စိတ်နှလုံး၌ သိုမှီးထားပါပြီ။ 12အိုဘုရားရှင် ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏။ ကိုယ်တော်၏ပြဠာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ 13အကျွန်ုပ်တို့၏နှုတ်ဖြင့် ကိုယ်တော်၏ နှုတ်တော်ထွက် ရှိသမျှ ပညတ်တရားတို့ကို ပြောကြားပါ၏။ 14အကျွန်ုပ်သည် စည်းစိမ်ဦစ္စာအလုံးစုံတို့အပေါ်၌ ရွှင်မြူခြင်းရှိသကဲ့သို့ ကိုယ်တော်၏ သက်သေခံချက်လမ်း၌ ရွှင်မြူခြင်းရှိပါ၏။ 15ကိုယ်တော်၏ နည်းဥပဒေသတို့ကို ဆင်ခြင်အောက်မေ့လျက် ကိုယ်တော်၏လမ်းစဉ်တို့ကို ကြည့်ရှုဆင်ခြင်ပါမည်။ 16ကိုယ်တော်၏ ပြဌာန်းချက်တို့၌ မွေ့လျော်ပါမည်။ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုလည်း မမေ့လျော့ပါ။ 17ကိုယ်တော်၏အစေအပါးသည် အသက်ရှင်၍ ကိုယ်တော်၏နှုတ်ကပတ်တော်ကို စောင့်ထိန်းနိုင်ရန် ကျေးဇူးပြုတော်မူပါ။ 18ကိုယ်တော်၏တရားတော်ထဲမှ အံ့ဖွယ်သောအမှုတို့ကို မြင်နိုင်ရန် အကျွန်ုပ်၏မျက်ကို ဖွင့်ပေးတော်မူပါ။ 19အကျွန်ုပ်သည် ကမ္ဘာမြေကြီးပေါ်တွင် ဧည့်သည်ဖြစ်ပါ၏။ ကိုယ်တော်၏ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။ 20အကျွန်ုပ်၏ စိတ်နှလုံး ကိုယ်တော်၏ ပြဠာန်းချက်တို့ကို အစဉ်အမြဲ စွဲလမ်းတောင့်တသောအားဖြင့် ကြေကွဲလျက်ရှိပါ၏။ 21ကိုယ်တော်၏ ပညတ်တော်တို့မှ လမ်းလွဲသွားကြ၍ မာနထောင်လွှားသောသူတို့နှင့် ကျိန်ဆဲခြင်းခံရသောသူတို့ကို ကိုယ်တော်ဆုံးမတော်မူ၏။ 22အကျွန်ုပ်သည် ကိုယ်တော်၏ သက်သေခံချက်တို့ကို လိုက်နာကျင့်သုံးသည်ဖြစ်၍ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ 23အကြီးအကဲတို့သည် ထိုင်၍ အကျွန်ုပ်ကို ဆန့်ကျင်ပြောဆိုကြသော်လည်း ကိုယ်တော်၏အစေအပါးသည် ကိုယ်တော်၏ပြဠာန်းချက်တို့ကို ဆင်ခြင်အောက်မေ့လျက်နေပါမည်။ 24ကိုယ်တော်၏ သက်သေခံချက်တို့သည် အကျွန်ုပ်မွေ့လျော်ရာ၊ အကျွန်ုပ်တိုင်ပင်ဖက်ဖြစ်ကြပါ၏။ 25အကျွန်ုပ်၏ စိတ်နှလုံးသည် မြေမှုန်၌ ကပ်နေပါ၏။ ကိုယ်တော်၏ နှုတ်ကပတ်တော်နှင့်အညီ အကျွန်ုပ်ကို အသင်ရှင်စေတော်မူပါ။ 26အကျွန်ုပ်၏ ဘဝလမ်းအကြောင်းတို့ကို အကျွန်ုပ်ဖော်ပြသောအခါ ကိုယ်တော်သည် အကျွန်ုပ်ကိုထူတော်မူ၏။ ကိုယ်တော်ပြဌချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ 27ကိုယ်တော်၏ဥဒေသလမ်းကို အကျွန်ုပ်အား နားလည်စေတော်မူပါ။ အကျွန်ပ်သည် ကိုယ်တော်၏ အံ့ဖွယ်သောအမှုတို့ကို ဆင်ခြင်အောက်မေ့ပါမည်။ 28အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် ပူဆွေးခြင်းကြောင့် ငိုယိုလျက်ရှိပါ၏။ ကိုယ်တော်၏ နှုတ်ကပတ်တော်နှင့် အညီအကျွန်ုပ်ကို အားဖြည့်ပေးတော်မူပါ။ 29အကျွန်ုပ်ကို လမ်းလွဲသို့မရောက်သွားစေရန် ကူမတော်မူပါ။ ကိုယ်တော်၏ တရားတော်ကို အကျွန်ုပ်အား ပေးသနားတော်မူပါ။ 30ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏ သစ္စာစကားလမ်းကို ရွေးချည်ခဲ့ပါပြီ။ ကိုယ်တော်၏ ပညတ်တရားတို့ကို လက်ကိုင်ထားပါပြီ။ 31အို...ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ သက်သေခံချက်တို့ကို ဖက်တွယ်ထားပါ၏။ အကျွန်ုပ်ကို အရှက်တကွဲမဖြစ်စေတော်မူပါနှင့်။ 32ကိုယ်တော်သည် အကျွန်ုပ်၏ စိတ်နှလုံးကို ကျယ်စွာဖွင့်ပေးတော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော်လမ်းအတိုင်းလျှောက်ပါမည်။ 33အို... ဘုရားရှင်၊ ကိုယ်တော်၏ပြဠာန်းချက်လမ်းကို အကျွန်ုပ်အား သွန်သင်ပြသတော်မူပါ။ အကျွန်ုပ်သည် ၎င်းကို အဆုံးထိတိုင်လိုက်နာကျင့်သုံးပါမည်။ 34အကျွန်ုပ်အား အသိညဏ်ပေးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ထိုအရာကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းပါမည်။ 35အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော်လမ်းကို နှစ်သက်သည် ဖြစ်၍ထိုလမ်း၌ အကျွန်ုပ်ကို ဦးဆောင်လမ်းပြတော်မူပါ။ 36ကျွန်ုပ်၏စိတ်နှလုံးကို မတရားသောအကျိုးစီးပွားဘက်သို့မဟုတ်ဘဲ ကိုယ်တော်၏ သက်သေခံချက်များဘက်သို့ တိမ်းညွတ်စေတော်မူပါ။ 37အချည်းနှီးသောအရာကို မကြည့်မိစေရန် အကျွန်ုပ်၏မျက်စိကိုလွှဲတော်မူပါ။ ကိုယ်တော်၏လမ်း၌ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ 38ကိုယ်တော်ကိုကြောက်ရွံ့ခြင်းရှိစေရန် ကိုယ်တော်၏ကတိတော်ကို ကိုယ်တော်၏အစေအပါး၌ ပြည့်စုံစေတော်မူပါ။ 39အကျွန်ုပ်ကြောက်သော ကဲ့ရဲ့ပြစ်တင်ခြင်းကို လွှဲဖယ်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ကောင်းမြတ်ကြပါ၏။ 40အကျွန်ုပ်သည် ကိုယ်တော်၏ ဥပဒေသတို့ကို စွဲလမ်းတောင့်တပါ၏။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။ 41အို... ဘုရားရှင်၊ ကိုယ်တော်၏ကတိတော်အတိုင်း ကိုယ်တော်၏မေတ္တာကရုဏာနှင့် ကိုယ်တော်၏ကယ်တင်ခြင်းသည် အကျွန်ုပ်ထံ ရောက်လာပါစေသော။ 42ထိုအခါ အကျွန်ုပ်အား ကဲ့ရဲ့ပြစ်တင်သောသူတို့ကို တုံ့ပြန်ပြောဆိုနိုင်ပါမည်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ယုံကြည်ကိုးစားပါ၏။ 43ကိုယ်တော်၏ ပြဠာန်းချက်တို့ကို အကျွန်ုပ်မျှော်လင့်ကိုးစားသည်ဖြစ်၍ သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်ကို အကျွန်ုပ်၏နှုတ်မှ အလျှင်းရုပ်သိမ်းတော်မမူပါနှင့်။ 44အကျွန်ုပ်သည် ကိုယ်တော်၏ တရားတော်ကို ကာလအစဉ်အဆက် အမြဲမပြတ်စောင့်ထိန်းပါမည်။ 45ကိုယ်တော်၏ ဥပဒေသများကို ကြိုးစားလိုက်နာသဖြင့် လွတ်လပ်မှုအပြည့်အဝဖြင့် သွားလာနေထိုင်ရပါလိမ့်မည်။ 46အကျွန်ုပ်သည် ကိုယ်တော်၏ သက်သေခံချက်တို့ကို ရှင်ဘုရင်များရှေ့တွင်ပြောကြားပါမည်။ အကျွန်ုပ်သည် အရှက်တကွဲဖြစ်ရလိမ့်မည်မဟုတ်ပါ။ 47ကျွန်ုပ်မြတ်နိုးသော ကိုယ်တော်၏ပညတ်တော်တို့အတွက် အကျွန်ုပ်၏လက်ကိုမြှောက်၍ ကိုယ်တော်၏ပြဠာန်းချက်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။ 48အကျွန်ုပ်ချစ်မြတ်နိုးသော ကိုယ်တော်၏ပညတ်တရားတော်တို့အတွက် အကျွန်ုပ်ကိုလက်မြှောက်၍ ကိုယ်တော်ပြဌာန်းချက်တို့ကို ဆင်ခြင်အောက်မေ့ပါမည်။ 49ကိုယ်တော်၏ အစေအပါးတို့အား မိန့်တော်မူသောနှုတ်ကပတ်တော်တရားတို့ကို အောက်မမေ့တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို ထိုနှုတ်ကပတ်တော်၌ မျှော်လင့်ကိုးစားစေပါ၏။ 50ကိုယ်တော်၏ကတိတော်သည် အကျွန်ုပ်ကိုအသက်ရှင်စေသည်ဖြစ်၍ အကျွန်ုပ်အတွက်နှစ်သိမ့်စရာအကြောင်းဖြစ်ပါ၏။ 51မာန်မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုလွန်စွာပြက်ရယ်ပြုကြသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏ တရားတော်မှ သွေဖယ်မသွားပါ။ 52အို... ဘုရားရှင်၊ ရှေးကာလှမ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို အကျွန်ုပ်အောက်မေ့သောအခါ နှစ်သိမ့်မှုကို ရရှိပါ၏။ 53ကိုယ်တော်၏တရားတော်ကို စွန့်ပယ်သည့် ဆိုးယုတ်သောသူတို့ကြောင့် ပူလောင်သောအမျက်ဒေါသစိတ်သည် အကျွန်ုပ်ကိုလွှမ်းမိုးပါ၏။ 54ကိုယ်တော်၏ ပြဠာန်းချက်တို့သည် အကျွန်ုပ်တည်းခိုနေထိုင်ရာအိမ်၌ အကျွန်ုပ်အတွက် တေသီချင်းများဖြစ်ကြ၏။ 55အို... ဘုရားရှင်၊ အကျွန်ုပ်သည် ညအချိန်၌ ကိုယ်တော်၏နာမတော်ကို သတိရ၍ ကိုယ်တော်၏တရားတော်ကို စောင့်ထိန်းပါ၏။ 56ကိုယ်တော်၏ ပြဠာန်းချက်တို့ကို လိုက်နာကျင့်သုံးခြင်းသည် အကျွန်ုပ်အတွက်အလေ့အကျင့်ဖြစ်လာပါ၏။ 57ဘုရားရှင်သည် အကျွန်ုပ်၏ဝေစုဖြစ်တော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ် ကတိပြုပါ၏။ 58အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာတော်ကို စိတ်နှလုံးအကြွင်းမဲ့ တောင်းလျှောက်ပါ၏။ 59အကျွန်ုပ်သည် မိမိ၏ဘဝလမ်းကို ဆင်ခြင်၍ အကျွန်ုပ်၏ခြေလှမ်းကို ကိုတော်၏သက်သေခံချက်များထံသို့ ပြန်လှည့်စေပါ၏။ 60အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းရန် တုံ့ဆိုင်းမနေပဲ အလျင်အမြန်လုပ်ဆောင်ပါ၏။ 61ဆိုးယုတ်သောသူတို့၏ ကြိုးများသည် အကျွန်ုပ်ကိုပတ်ရစ်ထားသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်တို့ကိုမမေ့လျော့ပါ။ 62ကိုယ်တော်၏ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့အတွက် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းရန် ညသန်းခေါင်အချိန်တွင် အကျွန်ုပ်ထပါ၏။ 63အကျွန်ုပ်သည် ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသောသူတို့နှင့် ကိုယ်တော်၏ပြဠာန်းချက်တို့ကို စောင့်ထိန်းသောသူရှိသမျှတို့၏ အပေါင်းအဖေါ်ဖြစ်ပါ၏။ 64အို...ဘုရားရှင်၊ ကမ္ဘာမြေကြီးသည် ကိုယ်တော်၏ မေတ္တာကရုဏာနှင့် ပြည့်ဝလျက်ရှိပါ၏။ ကိုယ်တော်ပြဠာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ 65အို..ဘုရားရှင်၊ ကိုယ်တော်သည် ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏အစေအပါးအပေါ် ကောင်းမြတ်တော်မူပါပြီ 66အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော်တို့ကို ယုံကြည်စိတ်ချသည်ဖြစ်၍ ကောင်းမြတ်သော ဆင်ခြင်တုံတရားနှင့် အသိပညာကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ 67အကျွန်ုပ်သည် ဒုက္ခတွေဒနာမခံစားရမီ လမ်းလွဲခဲ့ပါ၏။ ယခုမူကား ကိုယ်တော်၏ မိန့်တော်မူချက်ကို စောင့်ထိန်းပါ၏။ 68ကိုယ်တော်သည် ကောင်းမြတ်တော်မူပြီး ကောင်းမြတ်သောအမှုကိုလည်းပြုတော်မူ၏။ ကိုယ်တော်ပြဠာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ 69မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုမုသားဖြင့် ညစ်ပေစေကြသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏ ပြဠာန်းချက်တို့ကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာကျင့်သုံးပါ၏။ 70သူတို့၏စိတ်နှလုံးသည် အဆီကဲ့သို့ ထူပိန်းထိုင်းမှိုင်ပါ၏။ အကျွန်ုပ်မူကား ကိုယ်တော်၏ တရားတော်၌ မွေ့လျော်ပါ၏။ 71ဒုက္ခဝေဒနာခံစားရခြင်းသည် အကျွန်ုပ်အတွက်ကောင်းပါ၏။ သို့မှကိုယ်တော်၏ပြဠာန်းချက်တို့ကို အကျွန်ုပ်သင်ယူနိုင်မည်။ 72ကိုယ်တော်၏ နှုတ်တော်ထွက်တရားတော်သည် အကျွန်ုပ်အတွက် ထောင်ပေါင်းများစွာသော ရွှေငွေတို့ထက် ပို၍ကောင်းပါ၏။ 73ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုဖန်ဆင်း၍ ပုံဖေါ်ဖြစ်တည်စေပါ၏။ ကိုယ်တော်၏ပညတ်တော်တို့ကို သင်ယူနိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။ 74အကျွန်ုပ်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို မျှော်လင်ကိုးစားသည်ဖြစ်၍ ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင်သောအခါ ဝမ်းမြောက်ကြပါလိမ့်မည်။ 75အို... ဘုရားရှင်၊ ကိုယ်တော်၏ စီရင်ထုံးဖွဲ့ချက်တို့သည် ဖြောင့်မတ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို သစ္စာတော်နှင့်အညီ ဒုက္ခဝေဒနာခံစားစေတော်မူကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။ 76ကိုယ်တော်၏အစေအပါးအပေါ် ထားရှိသော ကိုယ်တော်၏ကတိတော်အတိုင်း ကိုယ်တော်၏မေတ္တာကရုဏာသည် အကျွန်ုပ်ကို နှစ်သိမ့်ပေးပါစေသော။ 77ကိုယ်တော်၏တရားတော်သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်သောကြောင့် အကျွန်ုပ်အသက်ရှင်နိုင်ရန် ကိုယ်တော်၏ သနားစုံမက်ခြင်းသည် အကျွန်ုပ်အပေါ်သက်ရောက်ပါစေသော။ 78မာနထောင်လွှားသောသူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို တလွဲစီရင်ကြသည်ဖြစ်၍ အရှက်ကွဲကြရပါစေသော။ အကျွန်ုပ်မူကား ကိုယ်တော်၏ ဦပဒေသတို့ကို ဆင်ခြင်အောက်မေ့ပါမည်။ 79ကိုယ်တော်ကိုကြောက်ရွံရိုသေသောသူတို့နှင့် ကိုယ်တော်၏သက်သေခံချက်များကို သိသောသူတို့သည် အကျွန်ုပ်ထံသို့ ပြန်လှည့်လာကြပါစေသော။ 80အကျွန်ုပ်သည် အရှက်ကွဲခြင်းနှင့် ကင်းလွတ်မည့်အကြောင်း အကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော်ပြဠာန်းချက်တို့နှင့် ပတ်သက်၍ အပြစ်တင်စရာကင်းပါစေသော်။ 81အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏ကယ်တင်ခြင်းကို တောင့်တလျက် အားအင်ကုန်ခန်းပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုစားပါ၏။ 82အကျွန်ုပ်၏မျက်စိသည် ကိုယ်တော်၏ ကတိတော်ကိုတောင့်တလျက် အာအင်ကုန်ခန်းသဖြင့် "ကိုယ်တော်သည် မည်သည့်အချိန်မှ အကျွန်ုပ်ကို နှစ်သိမ့်ပေးတော်မူမည်နည်း" ဟုဆိုပါ၏။ 83အကျွန်ုပ်သည် အခိုးရိုက်သော သားရေဘူးကဲ့သို့ ဖြစ်သော်လည်း ကိုယ်တော်၏ပြဠာန်းချက်ကို မမေ့လျော့ပါ။ 84ကိုယ်တော့အစေအပါး၏ နေ့ရက်တို့သည် မည်မျှကြာပါမည်နည်း။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူတို့ကို မည်သည့်အချိန်မှ တရားစီရင်တော်မူမည်နည်း။ 85မာနထောင်လွှားသောသူတို့သည် ကိုယ်တော်၏တရားတော်နှင့် အညီ လိုက်လျှောက်ခြ်းမရှိဘဲ အကျွန်ုပ်အတွက် ထောင်ချောက်တွင်းများကို တူကြပါပြီ။ 86ကိုယ်တော်၏ ပညတ်တော်ရှိသမျှတို့သည် သစ္စာနှင့်ပြည့်စုံကြပါ၏။ ထိုသူတို့သည် အကြောင်းမရှိဘဲ ကျွန်ုပ်ကို ကူညီမစတော်မူပါ။ 87သူတို့သည် အကျွန်ုပ်ကို ကမ္ဘာမြေကြီးပေါ်မှ အပြီးသတ်သုတ်သင်လုနီးပါးဖြစ်ခဲ့ပါ၏။ ပြဠာန်းချက်တို့ကို မစွန့်ပယ်ပါ။ 88ကိုယ်တော်၏ နုတ်တော်ထွက် သက်သေခံချက်တို့ကို အကျွန်ုပ်စောင့်ထိန်းနိုင်ရန် ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ 89အို... ဘုရားရှင်၊ ကိုယ်တော်၏နှုတ်ကပတ်တော်သည် ရွှေမြို့တော်၌ အစဉ်အမြဲတည်ပါ၏။ 90ကိုယ်တော်၏ သစ္စာတော်သည် မျိုးဆက်အစဉ်အဆက်မြဲမြံပါ၏။ ကမ္ဘာမြေကြီးသည် ကိုယ်တော်နေရာချထားသည့်အတိုင်း တည်မြဲလျက်ရှိပါ၏။ 91ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်၏အသုံးတော်ခံများဖြစ်၍ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့နှင့်အညီ ယနေ့တိုင်အောင် တည်မြဲလျှက်ရှိပါ၏။ 92ကိုယ်တော်၏ ပညတ်တရားတော်သည် အကျွန်ုပ်အတွက် ရွှင်လန်းဝမ်းမြောက်ရာ မဖြစ်ခဲ့ပါလျှင် အကျွန်ုပ်သည် ဖိစီးနှိပ်စက်မှုခံရစဉ်တွင် ပျက်စီးခဲ့ပေလိမ့်မည်။ 93အကျွန်ုပ်သည် ကိုယ်တော်၏ ပြဠာန်းချက်များကို မည်သည့်အခါမျှ မမေ့လျော့ပါ။ အကြောင်းမူကား ကိုယ်တော်သည် ထိုပြဠာန်းချက်များအားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။ 94ကိုယ်တော်သည် အကျွန်ုပ်ကိုပိုင်တော်မူ၏၊။ အကျွန်ုပ်သည် ကိုယ်တော်၏ ဥပဒေသတို့ကို ရှာမှီးပြီဖြစ်၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ 95ဆိုးယုတ်သောသူတို့သည် အကျွန်ုပ်ကိုဖျက်ဆီးရန် စောင့်နေကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ သက်သေခံချက်တို့ကို အလေးအနက်ဆင်ခြင်ပါ၏။ 96ပြည့်စုံမှုရှိသမျှတို့၌ အကန့်အသတ်ရှိကြောင်းကို အကျွန်ုပ်မြင်ပါ၏။ ကိုယ်တော်၏ပညတ်တော်မူကား အလွန်ကျယ်ပြန့်ပါ၏။ 97အကျွန်ုပ်သည် ကိုယ်တော်၏ တရားတော်ကို အလွန်မြတ်နိုးပါ၏။ ထိုတရားတော်သည် တစ်နေ့လုံး အကျွန်ုပ်ဆင်ခြင်အောက်မေ့စရာဖြစ်ပါ၏။ 98ကိုယ်တော်၏ပညတ်တော်သည် အကျွန်ုပ်၏ရန်သူများထက် အကျွန်ုပ်ကို ပို၍ဉာဏ်ပညာရှိစေပါ၏။ အကြောင်းမူကား ထိုပညတ်တော်သည် အကျွန်ုပ်နှင့်အတူ အစဉ်အမြဲရှိပါ၏။ 99ကိုယ်တော်၏ သက်သေခံချက်တို့သည် အကျွန်ုပ်အတွက် ဆင်ခြင်အောက်မေ့စရာဖြစ်သောကြောင့် အကျွန်ုပ်သည် အကျွန်ုပ်၏ဆရာအားလုံးတို့ထက် ပို၍ပညာသတိရှိပါ၏။ 100အကျွန်ုပ်သည် ကိုယ်တော်၏ ပြဠာန်းချက်တို့ကို လိုက်နာကျင့်သုံးသည်ဖြစ်၍ အသက်ကြီးသောသူတို့ထက် ပို၍အသိဉာဏ်ရှိပါ၏။ 101ကိုယ်တော်၏ နှုတ်ကပတ်တော်ကို စောင့်ထိန်းနိုင်ရန် အကျွန်ုပ်၏ခြေကို မကောင်းသောလမ်း ရှိသမျှတို့မှ ကင်းဝေးစေပါ၏။ 102ကိုယ်တော်သည် အကျွန်ုပ်ကို သွန်သင်တော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော်၏ စီရင်ထုံးဖွဲ့ချက်တို့မှ ဖယ်ခွာမသွားပါ။ 103ကိုယ်တော်၏ သွန်သင်တော်မူချက်သည် အကျွန်ုပ်၏လျှာ၌ ချိုမြလှပါ၏။ အကျွန်ုပ်၏ခံတွင်း၌ ပျားရည်ထက်ပို၍ ချိုမြပါ၏။ 104အကျွန်ုပ်သည် ကိုယ်တော်၏ ဥပဒေသများအားဖြင့် အသိဉာဏ်ကိုရှိရှိပါ၏။ ထို့်ကြောင့် မှားယွင်းသောလမ်းရှိသမျှတို့ကို အကျွန်ုပ်မုန်ပါ၏။ 105ကိုယ်တော်၏ နှုတ်ကပတ်တော်သည် အကျွန်ုပ်၏ခြေအတွက် မီးခွက်ဖြစ်ပြီး အကျွန်ုပ်၏လမ်းခရီးအတွက် အလင်းဖြစ်ပါ၏။ 106ကိုယ်တော်၏ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းပါမည်ဟု အကျွန်ုပ်ကျိန်ဆို၍ အတည်ပြုပါ၏။ 107အို..ဘုရားရှင်၊ အကျွန်ုပ်သည် ဒုက္ခဝေဒနာများစွာခံစားရပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ 108အို...ဘုရားရှင်၊ နှလုံးသားပါလျက် အကျွန်ုပ်နှုတ်၏ချီးမွမ်းခြင်း ပူဇော်ရာကို လက်ခံတော်မူပါ။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ 109အကျွန်ုပ်သည် အသက်အန္တရာယ်နှင့် အစဉ်ကြုံတွေ့နေရသော်လည်း ကိုယ်တော်၏တရားတော်ကို မမေ့လျော့ပါ။ 110ဆိုးယုတ်သောသူတို့သည် အကျွန်ုပ်အတွက် ကျော့ကွင်းထောင်ထားကြပါ၏။ 111အကျွန်ုပ်သည် ကိုယ်တော်၏ သက်သေခံချက်တို့ကို အမွေအဖြစ် ထာဝရဆက်ခံရပါ၏။ 112ကိုယ်တော်၏ပြဠာန်းချက်တို့ကို အဆုံးတိုင်အောင် အစဉ်အမြဲလိုက်နာရန် အကျွန်ုပ်၏ စိတ်နှလုံးကိုပြင်ဆင်ထားပါ၏။ 113အကျွန်ုပ်သည် စိတ်နှစ်ခွရှိသောသူတို့ကိုမုန်းပါ၏။ သို့သော်ကိုယ်တော်၏တရားတော်ကို မြတ်နိုးပါ၏။ 114ကိုယ်တော်သည် အကျွန်ုပ်၏ကွယ်ကာရာ၊ အကွန်ုပ်၏ဒိုင်းလွှားဖြစ်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစားပါ၏။ 115ဆိုးညစ်သောအမှုကို ပြုသောသူတို့၊ ငါထံမှဖယ်ခွာကြလော့။ ငါသည် ငါ့ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးမည်။ 116အကျွန်ုပ်အသက်ရှင်နိုင်ရန် ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်ကိုထောက်မတော်မူပါ။ အကျွန်ုပ်၏မျှော်လင့်ချက်အတွက် အရှက်မကွဲရပါစေနှင့်။ 117အကျွန်ုပ်ကယ်တင်ခြင်းခံရရန် အကျွန်ုပ်သည် ကိုယ်တော်၏ ပြဠာန်းချက်တို့ကို အစဉ်မပြတ် အရေတယူပြုပါမည်။ 118ကိုယ်တော်၏ပြဠာန်းချက်တို့မှ လမ်းလွဲသောသူအပေါင်းတို့ကို ကိုယ်တော်ပယ်တော်မူ၏။ အကြောင်းမူကား သူတို့၏လှည့်စားမှုသည် အချည်းအနှီးဖြစ်ပါ၏။ 119ကိုယ်တော်သည် ကမ္ဘာမြေပေါ်ရှိ ဆိုးယုတ်သောသူရှိသမျှတို့ကို ချော်ကဲ့သို့ ဖယ်ရှားတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏သက်သေခံချက်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။ 120ကိုယ်တော်ကိုကြောက်ရွံ၍ အကျွန်ုပ်သည် ကြက်သီးမွေးညင်းထပါ၏။ ကိုယ်တော်၏ စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ပါ၏။ 121အကျွန်ုပ်သည် တရားမျှတသောအမှု၊ ဖြောင့်မတ်သောအမှုတို့ကို ပြုပါပြီ။ အကျွန်ုပ်ကိုနှိပ်စက်သောသူတို့ထံ၌ အကျွန်ုပ်ကိုထားခဲ့တော်မမူပါနှင့်။ 122ကိုယ်တော့အစေအပါ၏ ကောင်းကျိုးချမ်းသာအတွက် အာမခံပေးတော်မူပါ။ မာနထောင်လွှားသောသူတို့သည် အကျွန်ုပ်ကိုမနှိပ်စက်ကြပါစေနှင့်။ 123အကျွန်ုပ်၏မျက်စိသည် ကိုယ်တော်ကယ်တင်ခြင်းနှင့် ကိုယ်တော်၏ ဖြောင့်မတ်သော မိန့်တော်မူချက်ကို တောင့်တလျက် အာအင်ကုန်ခန်းပါ၏။ 124ကိုယ်တော်၏ မေတ္တာကရုဏာတော်နှင့်အညီ ကိုယ်တော်၏အစေအပါးအပေါ် ပြုတော်မူပါ။ ကိုယ်တော်၏ပြဠာန်းချက်တို့ကိုလည်း အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ 125အကျွန်ုပ်သည် ကိုယ်တော်၏ အစေအပါးဖြစ်ပါ၏။ ကိုယ်တော်၏သက်သေခံချက်တို့ကို နားလည်နိုင်ရန်ကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။ 126အို... ဘုရားရှင်၊ လူတို့သည် ကိုယ်တော်၏တရားတော်ကို ချိုးဖေါက်ကြသည်ဖြစ်၍ ကိုယ်တော်စီရင်တော်မူချိန်ရောက်ပါပြီ။ 127သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို ရွှေထက်မက ရွှေစင်ထက် ပို၍ဖြတ်နိုးပါ၏။ 128ထို့ကြောင့် ကိုယ်တော်၏ပြဠာန်းချက်တို့သည့် အကုန်အစင် ဖြောင့်မတ်မှန်ကန်သည်ဟု အကျွန်ုပ်မှတ်ယူလျက် မှားယွင်းသော လမ်းရှိသမျှတို့ကို မုန်းပါ၏။ 129ကိုယ်တော်၏သက်သေခံချက်တို့သည် အံ့ဩဖွယ်ဖြစ်ကြပါ၏။ ထို့ကြောင့်ကျွန်ုပ်၏ စိတ်နှလုံးသည် ၎င်းတို့ကို လိုက်နာကျင့်သုံးပါ၏။ 130ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကို ဖွင့်ပြခြင်းသည် အလင်းကိုပေး၍ အသိဉာဏ်နည်းပါးသောသူတို့အား အသိဉာဏ်ကိုပေးပါ၏။ 131အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်တို့ကို ခုံမင်တောင့်တလှသည်ဖြစ်၍ မောဟိုက်နေပါ၏။ 132ကိုယ်တော်၏နာမတော်ကို မြတ်နိုးသောသူတို့အတွက် ပြုလေ့ရှိသည့်အတိုင်း အကျွန်ုပ်ဘက်သို့လှည့်၍ အကျွန်ုပ်ကို သနားတော်မူပါ။ 133ကိုယ်တော်၏ မိန့်တော်မူချက်တို့နှင့်အညီ အကျွန်ုပ်၏ခြေလှမ်းတို့ကို မြဲမြံစေတော်မူပါ။ 134ကိုယ်တော်၏ ဥပဒေသတို့ကို စောင့်ထိန်းနိုင်ရန် အကျွန်ုပ်ကို လူတို့၏ဖိနှိပ်ချုပ်ချယ်မှုထဲမှ ရွေးနုတ်ကယ်တင်တော်မူပါ။ 135ကိုယ်တော်၏မျက်နှာတော်အလင်းကို ကိုယ်တော်၏အစေအပါးပေါ်ထွန်းလင်းစေ၍ ကိုယ်တော်၏ပြဠာန်းချက်တို့ကို အကျွန်ုပ်အားသင်ကြားပေးတော်မူပါ။ 136လူတို့သည် ကိုယ်တော်၏ တရားတော်ကို မစောင့်ထိန်းကြသောကြောင့် အကျွန်ုပ်၏မျက်စိတို့မှ မျက်ရည်ချောင်းများစီးဆင်းပါ၏။ 137အို... ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူ၏။ ကိုယ်တော်၏ ပြဠာန်းချက်တို့သည်လည်း ဖြောင့်မှန်ကြပါ၏။ 138ကိုယ်တော်သည် မိမိ၏သက်သေခံချက်တို့ကို ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း၊ ကြီးမားသောသစ္စာနှင့်လည်းကောင်း ချမှတ်ထားတော်မူ၏။ 139အကျွန်ုပ်၏ရန်သူတို့သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မေ့လျော့ကြသောကြောင့်ကျွန်ုပ်၏စိတ်အားထက်သန်ခြင်းသည် အကျွန်ုပ်ကိုဖိစီးလွှမ်းမိုးလျက်ရှိပါ၏။ 140ကိုယ်တော်၏မိန့်တော်မူချက်သည် အလွန်ခိုင်လုံမှန်ကန်သည်ဖြစ်၍ ကိုယ်တော်၏ အစေအပါးသည် ထိုအရာများကို ချစ်မြတ်နိုးပါ၏။ 141အကျွန်ုပ်သည် ငယ်ရွယ်သောသူဖြစ်ပါ၏။ မထီမဲ့မြင်ပြုခြင်းကိုလည်း ခံရပါ၏။ သို့သော် ကိုယ်တော်၏ဥပဒေသတို့ကို မမေ့လျော့ပါ။ 142ကိုယ်တော်၏ ဖြောင့်မတ်ခြင်းသည် အစဉ်ထာဝရဖြောင့်မတ်ခြင်းဖြစ်ပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း မှန်ကန်၏။ 143ဘေးရန်နှင့်ကျပ်တည်းမှုတို့သည် အကျွန်ုပ်တို့အပေါ်သို့ကျရောက်သော်လည်း ကိုယ်တော်၏ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ကြပါ၏။ 144ကိုယ်တော်၏သက်သေခံချက်တို့သည် အစဉ်အမြဲဖြောင့်မတ်ကြပါ၏။ အကျွန်ုပ်အသက်ရှင်နိုင်ရန် အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။ 145အို... ဘုရားရှင်၊ ကိုယ်တော့ကို စိတ်နှလုံးအကြွင်းမဲ့ခေါ်ပါ၏။ အကျွန်ုပ်ကိုထူတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ပြဠာန်းချက်တို့ကို လိုက်နာကျင့်သုံးပါမည်။ 146အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်ပါ၏။ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ ကိုယ်တော်၏သက်သေခံချက်တို့ကို အကျွန်ုပ်စောင့်ထိန်းပါမည်။ 147အကျွန်ုပ်သည် မိုးမလင်းမီထ၍ အကူအညီအော်ဟစ်တောင်လျှောက်ပါ၏။ ကိုယ်တော်၏နုတ်ကပတ်တော်ကို အကျွန်ုပ်မျှော်လင့်ကိုးစားပါ၏။ 148အကျွန်ုပ်သည် ကိုယ်တော်၏ကတိတော်ကို ဆင်ခြင်အောက်မေ့ရန် ညဉ့်ယံတို၌ နိုးလျက်နေပါ၏။ 149ကိုယ်တော်၏ မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်၏အသံကို နားထောင်တော်မူပါ။ အို..ထာဝရဘုရား၊ ကိုယ်တော်၏ စီရင်ထုံးဖွဲ့ချက်တို့နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ 150ဆိုးညစ်သောအမှု၌ ကျင်လည်သောသူတို့သည် ချဉ်းကပ်လာကြပါ၏။ သူတို့သည် ကိုယ်တော်၏တရားတော်နှင့် ဝေးကွာကြပါ၏။ 151အို...ဘုရားရှင်၊ ကိုယ်တော်သည် နီးတော်မူ၏။ ကိုယ်တော်၏ ပညတ်တော်ရှိသမျှတို့သည်လည်း မှန်ကန်ပါ၏။ 152ကိုယ်တော်သည် မိမိ သက်သေခံချက်တို့ကို အစဉ်အမြဲ တည်စေတော်မူကြောင်း ထိုသက်သေခံချက်တို့အားဖြင့် ရှေးယခင်ကပင် အကျွန်ုပ်သိခဲ့ပါ၏။ 153အကျွန်ုပ်ခံရသော ဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူ၍ အကျွန်ုပ်ကို ကယ်မတော်မူပါ။ အကြောင်းမူကား ကိုယ်တော်၏ တရားတော်ကို အကျွန်ုပ်မမေ့လျော့ပါ။ 154အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ အကျွန်ုပ်ကို ရွေးနုတ်တော်မူပါ။ ကိုယ်တော်၏ မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ 155ဆိုးယုတ်သောာသူတို့သည် ကိုယ်တော်၏ပြဠာန်းချက်တို့ကို မရှာမှီးကြသောကြောင့် ကယ်တင်ခြ်းသည် သူတို့နှင့်ဝေးပါ၏။ 156အို... ဘုရားရှင်၊ ကိုယ်တော်၏ သနားစုံမက်ခြင်းသဘောသည် ကြီးမားလှပါ၏။ ကိုယ်တော်စီရင်ထုံးဖွဲ့ချက်တို့နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ 157အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့နှင့် အကျွန်ုပ်၏ရန်သူတို့သည် များပြားလှပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏ သက်သေခံတော်မူချက်တို့မှ သွေဖည်မသွားပါ။ 158အကျွန်ုပ်သည် သစ္စာမဲ့သောသူတို့ကို မြင်သောအခါ စက်ဆုပ်ပါ၏။ အကြောင်းမူကား သူတို့သည် ကိုယ်တော်၏မိန့်တော်မူချက်တို့ကို မစောင့်ထိန်းကြပါ။ 159အကျွန်ုပ်သည် ကိုယ်တော်၏ ဥပဒေသတို့ကို မည်မျှမြတ်နိုးကြောင်း ကြည့်ရှု့တော်မူပါ။ အို... ဘုရားရှင် ကိုယ်တော်၏ မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ 160ကိုယ်တော်၏ နှုတ်ကပတ်တော်ရှိသမျှတို့ မှန်ကန်ပါ၏။ ကိုယ်တော်၏ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက် ရှိသမျှတို့သည်လည်း အစဉ်အမြဲတည်ပါ၏။ 161အကြီးကဲတို့သည် အကျွန်ုပ်ကို အကြောင်းမဲ့ လိုက်လံညှဉ်းဆဲကြပါ၏။ သို့သော် အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ကြောက်ရွံ့ပါ၏။ 162အကျွန်ုပ်သည် များစွာသော စည်းစိမ်ဥစ္စာကို တွေ့ရှိသောသူကဲ့သို့ ကိုယ်တော်ကတိတော်ကြောင့် ရွှင်မြူးပါ၏။ 163အကျွန်ုပ်သည် မုသားကိုမုန်းတီး၍ စက်ဆုပ်ရွံရှာပါ၏။ ကိုယ်တော်၏တရားတော်ကိုကားမြတ်နိုးပါ၏။ 164အကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်များအတွက် ကိုယ်တော်ကို တစ်ရက်လျှင်ခုနစ်ကြိမ်ချီးမွမ်းပါ၏။ 165ကိုယ်တော်၏တရားကိုမြတ်နိုးသောသူတို့၌ ကြီးစွာသောငြိမ်သက်ခြင်းရှိပါ၏။ မညသည့်အရာမျှသူတို့အတွက် ခလုတ်တံသင်းဖြစ်မည်မဟုတ်ပါ။ 166အို... ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကို စောင့်မျှော်၍ ကိုယ်တော်၏ ပညတ်တော်တို့ကို လိုက်နာပါ၏။ 167အကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော်၏သက်သေခံချက်တို့ကို စောင့်ထိန်းပါ၏။ ၎င်းတို့ကို အကျွန်ုပ်အလွန်မြတ်နိုးပါ၏။ 168အကျွန်ုပ်သည် ကိုယ်တော်၏ ဥပဒေသနှင့် သက်သေခံချက်တို့ကို စောင့်ထိန်းပါ၏။ အကြောင်းမူကား အကျွန်ုပ်၏လမ်းခရီးရှိသမျှတို့သည် ကိုယ်တော်ရှေ့၌ရှိကြပါ၏။ 169အို...ဘုရားရှင်၊ အကျွန်ုပ်၏ ဟစ်ကြော်သံသည် ရှေ့တော်သို့ရောက်ပါစေသော် ကိုယ်တော်၏ နှုတ်ကပတ်တရားတော်နှင့်အညီ အကျွန်ုပ်အား အသိဉာဏ်ပေတော်မူပါ။ 170အကျွန်ုပ်၏အသနားခံချက်သည် ရှေ့တော်သို့ရောက်ပါစေသော။ ကိုယ်တော်၏ မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ 171ကိုယ်တော်သည် မိမိ၏ပြဠာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူသည်ဖြစ်၍ အကျွန်ုပ်၏နှုတ်ခမ်းသည် ချီးမွမ်းခြင်းကို မြွက်ဆိုပါမည်။ 172ကိုယ်တော်၏ ပညတ်တော်ရှိသမျှတို့သည် ဖြောင့်မတ်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ မိန့်တော်မူချက်ကို တေးဖွဲ့သီဆိုပါမည်။ 173အကျွန်ုပ်သည် ကိုယ်တော်၏ ဉပဒေသတို့ကို ရွေးချယ်ခဲ့သည်ဖြစ်၍ ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုကူညီမစရန် အသင့်ဖြစ်ပါစေသော။ 174အို...ဘရားရှင်၊ ကိုယ်တော်၏ကယ်တင်ခြင်းကို အကျွန်ုပ်စွဲလမ်းတောင့်တပါ၏။ ကိုယ်တော်၏ ကယ်တင်ခြင်းကို အကျွန်ုပ်စွဲလမ်းတောင့်တပါ၏။ ကိုယ်တော်၏တရားတော်သည်လည်း အကျွန်ုပ်၏မွေ့လျော်ရာဖြစ်ပါ၏။ 175အကျွန်ုပ်၏ စိတ်နှလုံးသည် အသက်ရှင်လျက် ကိုယ်တော်ကို ချီးမွမ်းပါ၏။ ကိုယ်တော်၏ စီရင်တော်မူခြင်းတို့သည်လည်း အကျွန်ုပ်ကို ကူညီမစကြပါစေသော။ 176အကျွန်ုပ်သည် ပျောက်ဆုံးသောသိုးကဲ့သို့ လမ်းလွဲပါပြီ။ ကိုယ်တော်ဩ အစေအပါးကို ရှာတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏ ပညတ်တော်တို့ကို မမေ့လျော့ပါ။
Currently Selected:
Psalms 119: TPV-RV
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: