ယောဟန် 15
15
စပျစ်ပင်နှင့် အကိုင်းအခက်များ
1တဖန် ကိုယ်တော်ယေရှုသည် “ငါသည် စစ်မှန်သောစပျစ်ပင်ဖြစ်၏။ ငါ့ခမည်းတော်ကား ဥယျာဉ်မှူးဖြစ်တော်မူ၏။ 2ခမည်းတော်သည် ငါ၌အသီးမသီးသော အကိုင်းအခက်ရှိသမျှကို ခုတ်ထွင်ဖယ်ရှားတော်မူ၏။ အသီးသီးသော အကိုင်းအခက်ရှိသမျှကိုမူ သာ၍သီးပွင့်စေရန် ကိုင်းဖြတ်ပြုပြင်ပေးတော်မူ၏။ 3သင်တို့အား ငါဟောပြောသောတရားစကားများအားဖြင့် သင်တို့သည် စင်ကြယ်လျက်ရှိကြပြီ။ 4ငါနှင့်အတူရှိကြလော့။ ငါသည်လည်း သင်တို့နှင့်အတူ ရှိတော်မူမည်။ စပျစ်ကိုင်းသည် စပျစ်ပင်၌မတည်မနေလျှင် အလိုအလျောက်အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌အတူရှိမနေလျှင် အသီးမသီးနိုင်။
5ငါသည် စပျစ်ပင်ဖြစ်၍ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ မည်သူမဆို ငါ၌အတူရှိ၍ ငါသည်လည်း ထိုသူ၌ရှိလျှင် ထိုသူသည် များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကင်းကွာလျှင် သင်တို့သည် မည်သည့်အရာကိုမျှ မပြုနိုင်ကြ။ 6တစ်စုံတစ်ဦးသည် ငါ၌အတူမရှိလျှင် လွှင့်ပစ်ခံရ၍ ညှိုးနွမ်းခြောက်သွေ့သွားသော အကိုင်းအခက်ကဲ့သို့ ဖြစ်လိမ့်မည်။ လူတို့သည် ၎င်းတို့ကို စုစည်းလျက် မီးထဲသို့ ပစ်ချလိုက်ကြသဖြင့် လောင်ကျွမ်းသွားကြ၏။ 7သင်တို့သည် ငါ၌အတူရှိ၍ ငါ့စကားတို့သည် သင်တို့၌အတူရှိလျှင် သင်တို့လိုအပ်သမျှကို တောင်းကြလော့။ တောင်းလျှင် သင်တို့အတွက် ပြည့်စုံစေတော်မူလိမ့်မည်။ 8သင်တို့သည် များစွာသောအသီးသီးလျက် ငါ၏တပည့်တော်များဖြစ်ခြင်းအားဖြင့် ငါ့ခမည်းတော်သည် ဘုန်းတော်ထင်ရှားတော်မူ၏။
9ခမည်းတော်သည် ငါ့ကိုချစ်မြတ်နိုးတော်မူသကဲ့သို့ ငါသည် သင်တို့ကို ချစ်မြတ်နိုးတော်မူ၏။ ငါ၏ချစ်ခြင်းမေတ္တာ၌အတူရှိကြလော့။ 10ငါသည် ခမည်းတော်၏ပညတ်ချက်များကို စောင့်ထိန်း၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာတော်၌ရှိနေသကဲ့သို့ သင်တို့သည်လည်း ငါ၏ပညတ်ချက်များကို စောင့်ထိန်းလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ ရှိနေကြလိမ့်မည်။ 11သင်တို့၌ ငါ၏ဝမ်းမြောက်ခြင်းရှိ၍ သင်တို့၏ဝမ်းမြောက်ခြင်းသည် ပြီးပြည့်စုံစေမည့်အကြောင်း ဤအရာများကို သင်တို့အား ငါပြော၏။ 12ငါ၏ပညတ်ချက်ကား ‘ငါသည် သင်တို့ကို ချစ်ခြင်းမေတ္တာထားသကဲ့သို့ သင်တို့အချင်းချင်းသည်လည်း ချစ်ခြင်းမေတ္တာထားကြလော့’ ဟူ၍ဖြစ်၏။ 13မိမိ၏မိတ်ဆွေများအတွက် မိမိအသက်အား စွန့်ခြင်းထက် သာ၍ကြီးမြတ်သောချစ်ခြင်းမေတ္တာဟူသည် မရှိ။ 14သင်တို့အား ငါပညတ်ထားသည့်အတိုင်း ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။ 15ငါသည် သင်တို့အား အစေခံဟူ၍ ခေါ်တော့မည်မဟုတ်။ အကြောင်းမူကား အစေခံသည် မိမိသခင်ပြုနေသောအရာကိုမသိ။ သင်တို့မူကား ငါ့ခမည်းတော်ထံမှ ကြားနာခဲ့ရသောအရာအားလုံးကို သင်တို့အား ငါသိစေခဲ့ပြီဖြစ်သောကြောင့် သင်တို့ကို မိတ်ဆွေဟု ငါခေါ်၏။ 16သင်တို့သည် ငါ့အား ရွေးချယ်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့အား ရွေးချယ်သဖြင့် သင်တို့သည် သွားလျက် သီးနှံများဖြစ်ထွန်း၍ သင်တို့၏သီးနှံများ တည်မြဲစေမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်သည် ပေးတော်မူမည့်အကြောင်းတို့ကြောင့် ငါသာလျှင် သင်တို့အား ရွေးချယ်ထားခြင်းဖြစ်၏။ 17သင်တို့အချင်းချင်းချစ်ခြင်းမေတ္တာထားကြလော့ဟူသော ဤပညတ်ချက်ကို သင်တို့အား ငါပေး၏” ဟု မိန့်တော်မူ၏။
လောကသားတို့၏မုန်းတီးခြင်း
18ထို့နောက် ကိုယ်တော်သည် “ဤလောကသားတို့သည် သင်တို့ကိုမုန်းလျှင် သင်တို့ကို မမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ 19သင်တို့သည် ဤလောကနှင့်ဆိုင်ခဲ့လျှင် လောကသားတို့သည် မိမိတို့နှင့်ဆိုင်သော သင်တို့ကို ချစ်ခင်ခဲ့ကြပေလိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့်မဆိုင်။ ငါသည် သင်တို့ကို ဤလောကမှ ရွေးကောက်ခဲ့ပြီဖြစ်သောကြောင့် လောကသားတို့သည် သင်တို့ကို မုန်းကြ၏။ 20‘အစေခံသည် သူ၏သခင်ထက် ကြီးမြတ်သည်မဟုတ်’ ဟုသင်တို့အား ငါပြောခဲ့သည်ကို အမှတ်ရကြလော့။ လူတို့သည် ငါ့အား ညှဉ်းဆဲခဲ့လျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကို လိုက်နာစောင့်ထိန်းခဲ့လျှင် သင်တို့၏စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။ 21သို့ရာတွင် လောကသားတို့သည် ငါ့အား စေလွှတ်တော်မူသောအရှင်ကို မသိကြသဖြင့် ငါ၏နာမကြောင့် သင်တို့အပေါ် ထိုသို့ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ 22ငါသည်လာ၍ ထိုသူတို့အား မဟောပြောခဲ့လျှင် သူတို့၌အပြစ်မရှိ။ သို့သော် ယခုမူကား သူတို့သည် မိမိတို့၏အပြစ်အတွက် ဆင်ခြေပေး၍မရနိုင်ကြ။ 23မည်သူမဆို ငါ့အားမုန်းလျှင် ငါ့ခမည်းတော်ကိုလည်းမုန်း၏။ 24ငါသည် အခြားမည်သူမျှ မပြုဖူးသောအမှုများအား ထိုသူတို့ရှေ့၌ ငါမပြုခဲ့လျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား သူတို့သည် ထိုအမှုတို့ကို မြင်ရလျက်ပင် ငါနှင့်ငါ့ခမည်းတော်ကို မုန်းကြ၏။ 25ဤသို့ဖြစ်ရခြင်းမှာလည်း သူတို့၏ပညတ်ကျမ်း၌ ‘ထိုသူတို့သည် အကြောင်းမဲ့ ငါ့ကိုမုန်းကြ၏’ ဟူသောကျမ်းချက်သည် ပြည့်စုံစေရန်ဖြစ်၏။
26ခမည်းတော်ထံမှ သင်တို့ထံ ငါစေလွှတ်မည့် ကူညီမစသူတည်းဟူသော ခမည်းတော်ထံမှလာသော စစ်မှန်သောဘုရားရှင်ကို ထင်ရှားစေသည့် ဉာဏ်အလင်းတော်ရောက်လာသောအခါ ငါ့အကြောင်းကို သက်သေခံလိမ့်မည်။ 27ထို့ပြင် သင်တို့သည်လည်း အစအဦးကပင် ငါနှင့်အတူရှိကြသောကြောင့် သင်တို့လည်း သက်သေခံကြရလိမ့်မည်” ဟု မိန့်တော်မူ၏။
Currently Selected:
ယောဟန် 15: TPV-RV
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: