YouVersion Logo
Search Icon

Mark 14

14
1ပသခါပွဲတော်န တဆေးမဲ့မုပွဲတော်ဝို ကျင်းပဝို့နှေ့ရစ်မတိုင်မှီမှာ ဘာသာရေးဂိုဏ်းချုပ်ကီးတွေန ကျမ်းတတ်ပုဂ္ဂိုလ်တွေဟ ကိုယ်တော်ယေရှုဝို တိတဆိဖမ်းဆီးသတ်ဖြတ်ဝို့ စီစဥ်နေကေ့ရယ်။ 2သူ့နို့ဟပွဲတော်ရစ်တွမ်း အဲမိုစီစဥ်တွေဝိုကော်ထည်ဖော်လိုက်မယ်ဆိုဝါ လူထုအုံကြွမှုဖြစ်လာနိုင်ရယ်ဆိုဇာ ကောကောသိကေ့ရယ်။ သူ့နို့ဝ "အယ်ခီမှာကော်ထည်ဖော်ရင် လူထုအုံကြွမှုဖြစ်သွားနိုင်ရယ်၊ ပွဲတော်ရစ်မှာတော့ ကိုယ်တော်ယေရှုဝိုဖမ်းကေ့န" ဆိုပီးပြောဆိုတိုင်ပန်ကာ ပွဲရစ်ဝိုရှော်ဝို့ ဘောတူထားကေ့ရယ်။ 3ကိုယ်တော်ယေရှုဟ ဗေသနိဝါမှာရှေ့ဝို ရေပြားရောဂါစွဲကပ်ဖူးဝို ရှိမုန်၏အီမှာ ဆွမ်းသုံးဆော်နေခီမှာ မျိုးသမီးဦးဟရော့လာပီး လွန်တန်ဖိုးကီးသောနာဒုဆီမွှေးပုလင်းဝိုဖွမ့်ပီး ကိုယ်တော်၏ခေါပေါ်ဝို သွန်းလောပူဇော်လေရယ်။ 4အယ်ဘေမဲ့ ဧည့်သည်ချို့ဟဒေါသထွက်ပီး " အယ်ငွေဝိုကျိုးမှေ့ဘဲဝို ဆီမွှေးတွက်ဟဲဂျော့ ဖလူးတီးပစ်နူး။ 5အယ်ဆီမွှေးဝို ငွေဒင်းဂါးသုံးရာကျော်န ရောခလပီးဆင်းရဲပီးဆင်းရဲသူဒွေဝို စွန့်ကြဲသင့်တယ်"ဆိုပီးချင်းချင်းပြောဆိုကေ့ပီး အဲမိုမျိုးသမီးဝို ပြစ်တံကေ့လေရယ်။ 6အယ်ဘေမဲ့ကိုယ်တော်ဟ "သူ့ဝိုပြစ်တံကေ့န၊ သူဟငါ့တွက်သင့်တော်ဒဲ့လုပ်ဝိုလုပ်ခြင်းဖြစ်ရယ်။ အဲဂျော့သူမဝိုနှော့ရှစ်ပါန။ 7"မင်းဒို့ဆင်းရဲသားဒွေနတူတူ စဥ်မြဲရှေ့နေရယ်။ သူ့နို့ဝိုမင်းဒို့စိရှေ့သလော့ ပေးကမ်းလှူဒါန်းရိရရယ်။ အယ်ဘေမဲ့ မင်းဒို့ဟငါနမြဲရှေ့နေမှာမုဝ။ 8အယ်မျိုးသမီးဟလော တတ်နိုင်သလော့သင့်တော်ဆုံးလုပ်ဝိုလုပ်ဇာဖြစ်ရယ်။ သူဟငါ့ဝိုဂြိုလ်ခါမှာဆင်သင့်ဖြစ်စေဝို့ အယ်ဆီမွှေးနသွန်းလောခြင်းဘဲ့ဖြစ်ရယ်။ 9ငါမင်းတို့ဝို မှန်ပြောရမယ်ဆိုဝါ ကယ်တံခြင်းဒန်းဂေါဒွေဝို ကမ္ဘာနှံ့ဖလန့်ဝေကြခါမှာသူမရဲ့လုပ်ရစ်ဒွေဝိုပါပြောပြကေ့ပီး အယ်မျိုးသမီးဝို ဒိရပီးသူပြုခဲ့ဝိုကောမှုဒွေဝိုပါ ပြောပြကေ့လိမယ်" ဆိုပီး မိတော်မူလေရယ်။ 10ယုဒရှကာရုတ်ဟ ကိုယ်တော်၏ဗြိတော်ဆယ့်နှေ့ဦးထဲဟဦးဖြစ်ရယ်။ သူဟ ကိုယ်တော်ဝိုဘာသာရေးဂိုဏ်းချုပ်ဆီဝိုသွားရော့ပီး ကိုယ်တော်ဝို သူနို့လက်ထဲဝိုအပ်နှံပေးမယ်ဆိုပီး ကမ်းလှမ်းလေရယ်။ 11အဲခါ ဘာသာရေးဂိုဏ်းချုပ်ကီးဒေဟ ဝမ်းမြော့ဝမ်းသာဖြစ်ပီး ယုဒရှကာရုတ်ဝို ငွေကြေးမြော့များပေးဝို့ဒိပြုကေ့ရယ်။ အဲနေ့ရနေစပီး ယုဒရှကာရုတ်ဟ ကိုယ်တော်ဝိုဖမ်းဝို့ခွမ့်ကောဝိုမျစ်ခေမပြတ်စော့ကေ့နေလေရယ်။ 12ပသခါ သိုးဒေဝိုယဇ်ပူဇော်ဝို့တဆေးမဲ့ပွဲတော်ပထမနေ့မှာ ဗြိတော်ဒို့ဟ " ကျော်ဒို့အရှင့်တွက် ပသခါပွဲညစ်စာဝို ဟဲနေရာမှာပြင်ဆင်ပေးရမယ်နူး" ဆိုပီးမေးခါမှာ 13ကိုယ်တော်ဟ ဗြိတော်ဒို့ဝို "ဗြို့ထဲဝိုဝမ်သွားပါ၊ ရေအိုးထမ်းလာဝိုလူတယော့ဝိုဗြင်ရပါလိမယ်။ 14အဲလူနော့ဝိုလိုက်သွားပီး သူဝင်ဝိုအီဝိုဝမ်သွားပါ။ အဲအီရှင်ဝို ဗြိတော်တို့ဟ "ကျော်ဒို့ရဲ့အရှင်ဟ ဗြိတော်ဒွေနတူ ပသခါပွဲညစာစားပွဲကျင်းပချင်ရိတွက် ခန်းတခန်းလိုက်ပြပေးပါ" ဆိုပီး ပြောလိုက်ပါ။ 15အီရှင်ဟ သူ့အီပေါ်ထပ်ဝို ခေါ်ပြပါလိမယ်၊ နို့တွက် ညစာဆင်သင့်ပြင်ထားဒဲ့ခန်းမဆောင်ကလယ်ကီးဝိုလဲ ဗြင်ရပါလိမယ်။ အဲအီမှာ ပသခါပွဲညစာဝို ပြင်ဆင်ကေ့ပါ" ကိုယ်တော်ဟမိတော်မူလေရယ်။ 16ဗြိတော်တို့ဟလဲ ဗြို့ထဲဝိုဝမ်သွားရာ ကိုယ်တော်ပြောတိုင်းတွီ့ရိတွက် အဲနေရာမှာ ပသခါပွဲတော်ပြင်ဆင်ကေ့လေရယ်။ 17အဲနော့ညစ်နေစောင်းရော့လာခါမှာ ကိုယ်တော်ဟဗြိတော်ဆယ့်နှေ့ယော့နတူ အဲအီဝိုကြွလေရယ်။ 18ကိုယ်တော်ဟ စားပွဲဝိုင်းမှာဗြိတော်တေဒွနတူတူထိုင်ပီးစားနေခီ "ငါမှန်ပြောရမယ်ဆိုဝါ ခုငါနတူတူစားနေသူတယော့ဟ ငါ့ဝိုသစ်စာဖော့လိမယ်။ 19ဗြိတော်ဒွေဟ လွန်ဝမ်းနည်းကြေကွဲသွားပီး "ကျော်ဟတော့အရှင့်ဝိုသစ်စာဖော့ဝို့လူမုဘဲဇာသေခါပါရယ်" ဆိုပီး ယော့ပီးယော့ရှော့တံကေ့လေရယ်။ 20အဲခါ ကိုယ်တော်ဟ "သူဟဗြိတော်ဆယ့်နှေ့ယော့ထဲဟ ယော့ဖြစ်ရယ်။ 21"လူ့သားတော်"ဟကျမ်းစာမှာဖော်ပြထားတိုင်း သေရလိမယ်။ သစ်စာဖော့ဝိုလူလဲ ဆိုးဆိုးရွားရွား ပြစ်ပေးခံရလိမယ်။ သူဟစတည်းဟ မွီးမလာဘဲဇာပိုကောလိမယ်" ဆိုပီး ကိုယ်တော်ဟ ရှင်းပြတော်မူရယ်။ 22သူ့နို့အဲမျိုးစားကောနေခီမှာ ကိုယ်တော်ဟ ပါမုဝိုယူပီး ဘုရားရှင်ရဲ့ကျေးဇူးတော်ပေါဝို ချီးမွမ်းလေရယ်။ ကိုယ်တော်ဟပါမုဝို ဖဲ့ပီး ဗြိတော်ဒွေဝို "အယ်ပါမုဝ ငါ့ရဲ့ကိုယ်ခန္ဓာဖြစ်ရယ်။ ယူစားကေ့ပါ" ဆိုပီး ပြောပီးလှမ်းပေးလိုက်လေရယ်။ 23အဲနော့ ဝိုင်ခွက်တခွက်ဝို ကိုင်မြော့ပီး ဘုရားရှင်၏ကျေးဇူးတော်ဝို ချီးမွှမ်းလေရယ်။ ဗြိတော်တို့ဝို 24"အယ်ဗျစ်ရည်ဟငါ့တွီးဖြစ်ရယ်။ လူဒွေရဲ့ပြစ်ဝိုခွမ့်လွှတ်စေဝို့ ငါ့တွီးဝိုသွန်းလောပီး ဘုရားရှင်နပဋိဉာဥ်ပြုထားဇာဝို ငါတည်ပြုမယ်။ 25"ငါမှန်ပြောရရင် အယ်ဝိုင်ဝိုဘုရားရှင်စိုးစံဒဲ့နိုင်ငံတော်မှာ ဗျစ်ရည်သစ်ဝို သော့ရဘဲဝိုခီထိ နော့တကြိမ်သော့တော့ရ" ဆိုပီး မိကြားလေရယ်။ 26အဲနော့ ကိုယ်တော်နဖွဲ့ဒွေရ ဓမ္မချင်းဒေဝို ရွတ်ဆိုပူဇော်ပီး သံလွင်တော်ဝိုတက်သွားကေ့လေရယ်။ 27ကိုယ်တော်ဟဗြိတော်ဒို့ဝို "ကျမ်းစာတော်မှာ "ငါဟသိုးထီးဝိုသတ်ရိတွက် သိုးဒေကစဥ့်ကလျားဖြစ်ကေ့လိမယ်" ဆိုပီးဖော်ပြထားဒဲ့တိုင်း ဗြိတော်ဒို့အားလုံးဟ ငါ့ဝိုစွန့်ခွာပီးထွက်ပလေးကေ့လိမယ်။ 28အယ်ဘေမဲ့ကိုယ်တော်သက်ပလန်ရှင်လာခီမှာ မင်းဒို့ထက်စောပီး ဂါလိလဲဝိုပလန်ရော့နေလိမယ်" ဆိုပီးပြောရာ 29ပေတရုဟ "ခြားသူဒွေ အရှင့်ဝိုစွန့်ခွာသွားပေမဲ့ ကျော်ဟဟဲခီမှာမှ စွန့်ခွာသွားမယ်မုဝ" ဆိုပီးရှော့တံလေရယ်။ 30အဲခါကိုယ်တော်ဟသူ့ဝို "အယ်နေ့ညစ်ဂေါ်ကျော်ထိ လင်းကြစ်နှေ့ခါမတွန်ခီမှာ မင်းဟငါ့ဝိုသုံးကီတိုင်တိုင် ငြင်းပယ်ပီးသားဖြစ်နေလိမယ်။ 31အဲမျိုးပြောဇာဝို ကြားရခီမှာ ပေတရုဟ သူ့ကိုယ်သူယုံကြည်စိခလရိ "ကျော်ဟကိုယ်တော်နတူတူ သေလဲကိုယ်တော်ဝိုသိရဆိုပီး ဟယ်ခါမှငြင်းရ" ဆိုပီးပြောလေရယ်။ ခြားသူဒေအားလုံးဟလဲ အဲမျိုးဘဲ့ပြောကေ့လေရယ်။ 32ဗြိတော်ဒို့ဝိုခေါ်ပီး ကိုယ်တော်ဟ ဂေသရှေမန်ရပ်ဝိုသွားလေရယ်။ ကိုယ်တော်ဟ ဗြိတော်ဒွေဝို "ငါဆုတောနေခီ အယ်နေရာမှာထိုင်ကေ့ပါ" ဆိုပီးပြောလေရယ်။ 33အဲနော့ကိုယ်တော်ဟ ပေတရု၊ ယာကုပ်၊ ‌ယောဟန်ဒို့ဝို သူ့နတူတူ ခေါ်ဆော်သွားခဲ့လေရယ်။ သူဟ စိနှလုံးပူဆွေးနေရကြောဝို မိတော်မူလေရယ်။ 34"ငါဟ ရားဒိုင်းပူဆွေးဝမ်းနည်းနေရရယ်။ မင်းဒို့အယ်နေရာမှာဒိနနေကေ့ပါ" ဆိုပီးမိတော်မူလေရယ်။ 35ကိုယ်တော်ဟ အဲနေရာဟနေရှေ့ဝို နဲငယ်ဆစ်လှမ်းလိုက်ပီး မြေကီးပေါ်မှာ ပျပ်ဝပ်ပီး " အို အဖ၊ ဖြစ်နိုင်ဆိုဝါ အယ်မျိုးဒုက္ခခံစားရဝို့ခီဝိုကြုံလိုရ။ 36ခုမျိုး ဒုက္ခဆင်းရဲမျိုးဝို သားတော်ရင်ဆိုင်လိုရ၊ အယ်မိုဒုက္ခဝေဒနာဒေဝိုဖယ်ရှားပေးတော်မူပါ၊ အယ်ဘေမဲ့ သား‌တော်ရဲ့လိုတော်တိုင်းဖြစ်စေန၊ အဖဘုရားရှင် လိုတော်တိုင်းသာဖြစ်ပါစေ" ဆိုပီး ဆုတောလေရယ်။ 37အဲနော့ ကိုယ်တော်ဟ ဗြိတော်ဒွေ စော့နေဝိုနေရာဝို ပလန်လာခါမှာ ဗြိတော်ဒွေဟ အိပျော်နေကေ့ရယ်။ 38"ရှိမုန် အိပျော်နေဇာလော။ တနာရီလော့နိုးနိုးကြားကြားစော့နိုင်ရလော" ဆိုပီး ပေတရုဝို မိတော်မူလေရယ်။ အဲနော့ကိုယ်တော်ဟ "နိုးနိုးကြားကြားနေကေ့ပါ၊ မင်းဒို့သွေးဆော်ဇာမခံရဝို့ ဆုတောပီးနေကေ့ပါ၊ မင်းဒို့ဆန္ဒပြင်းပြပေမဲ့ ခန္ဓာကိုယ်ဟ အားနည်းနေသေးရယ်" ဆိုပီး မိတော်မူလေရယ်။ 39အဲနော့ ကိုယ်တော်ဟ မူလဆုတောနေရာဝိုပလန်သွားပီး ထပ်ပီးဆုတောလေရယ်။ 40ကိုယ်တော်နော့တခေါ့ ပလန်လာခီမှာ ဗြိတော်အားလုံးဟ ထပ်ပီးအိပျော်နေကေ့ဇာဝို တွီ့လိုက်လေရယ်။ သူ့နို့ဟ မျစ်စိဖွမ့်မရအော်ဖြစ်နေကေ့ရယ်။ အဲမိုပြင် သူ့နို့ဟ ကိုယ်တော်ဝို ဟဲရာပြောရမှန်းမသိအော်ဖြစ်နေကေ့ရယ်။ 41ကိုယ်တော်တတိယကြီ ဆုတာပီးပလန်လာခီမှာလဲ ပထမခါမျိုး ဗြိတော်တွေအိပျော်နေကေ့ဇာဝို တွီ့ရပြန်လေရယ်။ 42"ဗြိဒို့ ခုထိအိနေဒူးဘဲ့လော။ တော်လော့ပီ၊ လူ့သားတော်ဝို ဒုစရိုက်သားဒွေလက်ထဲဝို ထည့်ဝို့ခီဝိုရော့နေပီ။ ကိုယ်တော့်ဝို သစ္စာဖော့ဝို့လူလဲ အယ်နားဝိုရော့နေပီ" ဆိုပီး ကိုယ်တော်ဟ မိတော်မူလေရယ်။ 43ကိုယ်တော်ဟ အဲမျိုးမိတော်မူပီးချင့်ချင်းမှာဘဲ့ ဗြိတော်ဆယ်နှေ့ယော့ထဲဟ သစ္စာဖော့ ယုဒရှကာရုတ်ဟ ဒုတ်၊ ဓားဒွေကိုင်ဆော်ထားဝို လူစုနတူပါလာလေရယ်။ သူ့နို့ဝို ဘာသာရေးခေါဆော်များ၊ လူမျိုးရေးခေါဆော်များန ကျမ်းတတ်ပုဂ္ဂိုလ်ကီးများပါဝင်သောဖွဲ့ဟ စေလွှတ်လိုက်ဇာဖြစ်ရယ်။ 44သစ္စာဖော့ယုဒရှကာရုတ်ဟ အဲလူဒွေန "ကိုယ်တော်ယေရှုဝို မင်းဒို့သိအော်ငါနမ်းပီးချင့်ပြမယ်၊ ပီးတော့မင်းဒို့ သူ့ဝိုဖမ်းခေါ်သွားကေ့ပါ" ဆိုပီး တိုင်ပံထားကေ့လေရယ်။ 45အဲဂျော့ ယုဒရှကာရုတ်ရော့လာန ချင့်ချင်းဘဲ့ကိုယ်တော်ဆီဝိုချဥ်းကပ်ပီး "ရှင်ဘုရား" ဆိုပီးခေါ်ကာ ကိုယ်‌တော်၏ပါးဝိုနမ်းပီးနုဆစ်လိုက်လေရယ်။ 46အဲခါသူ့နို့ဟ ကိုယ်တော့်ဝိုဖမ်းဆီးချုပ်နှော်လိုက်လေရယ်။ 47ကိုယ်တော်၏နီးမှာရပ်နေဝို ဗြိတော်နှေ့ယော့ဟ ထားဝိုဆွဲထုပီး သာသနာရေးဆိုင်ရာမဟာနာယကကီး၏ဗြိတော်တဦးဝိုလှမ်းခုတ်လိုက်ဇာ အဲလူ၏နားခွက်တဖက်ပြတ်ရားလေရယ်။ 48အဲနော့ကိုယ်တော်ဟ အဲလူဒွေဝို "မင်းဒို့ ငါ့ဝိုဒုစရိုက်မားယော့ဝိုမျိုး ဒုတ်၊ထားဒွေနဖမ်းဝို့လာကေ့ဇာလော 49နေ့စဥ်နေ့တိုင်း ဗိမာန်တော်ထဲမှာ ငါဟလူဒွေဝိုဟောပြောသွန်သန်ခဲ့ရယ်၊ မင်းဒို့လဲငါနတူတူရှေ့နေကေ့ရယ်။ အဲခီဒူးဟ ဟဲဖြစ်ရိဖမ်းဘဲနေကေ့နူး 50အယ်ဘေမဲ့ အယ်မိုဖြစ်ပျစ်ဒွေဟ ကျမ်းတော်မှာဖော်ပြထားတိုင်း ဖြစ်ပျစ်လာခြင်းဖြစ်ရယ်" ဆိုပီး မိတော်မူလေရယ်။ 51အဲခီမှာ ပိချောဝတ်ရုံခုတည်းဝတ်ဆင်ထားဝိုလူငယ်တဦးဟ ကိုယ်တော်၏နော့ဝိုလိုက်ပါလာလေရယ်။ ကိုယ်တော်ဝိုလာဖမ်းသူဒွေဟ အဲလူငယ်ဝိုဖမ်းဆွဲရာ သူ၏ဝတ်ရုံဝိုဖမ်းမိ၍ 52အဲလူငယ်ဟ ဝတ်ရုံဝိုခလွတ်ပီး ဝတ်ဗလာနထွက်ပြေးသွားလေရယ်။ 53အဲနော့ ကိုယ်တော်ဟ သာသနာရေးဆိုင်ရာ မဟာနာယကကီးဆီဝို ခေါ်သွားလေရယ်။ ရှေ့ဖြစ်ဟောပညာရှေ့ပရောဖက်ကီးများ၊ လူမျိုးရေးခေါ်ဆော်ဒွေ၊ ကျမ်းတတ်ပုဂ္ဂိုလ်ဒွေလဲစုစည်းရော့ရှေ့နေကေ့ရယ်။ 54ပေတရုဟကိုယ်တော်၏နော့တော်မလှမ်းမကမ်းမှနေပီး နော့ယော်ခံလိုက်သွားပီး သာသနာရေးဆိုင်ရာမဟာနာယကကီး၏ခြံဝင်းထိလိုက်သွားလေရယ်။ အဲနော့သူဟ စော့တပ်သားဒွေနတူ မီးလှုံပီးထိုင်နေလေရယ်။ 55ဘာသာရေးဂိုဏ်းချုပ်ကီးဒွေန ယုဒရားလွှတ်တော်ကော်စီဖွဲ့ဝမ်ဒွေဟ ကိုယ်တော်ဝိုသေဒဏ်ပေးဝို့သက်သေရှာဖွီပေမဲ့ သက်သေခိုင်မာတွီ့ကေ့ရ။ 56လူများစွာဒွေဟ ကိုယ်တော်၏ကြောဝိုလီလည်သက်သေထွက်ဆိုကေ့လေရယ်။ သူ့နို့၏ထွက်ဆိုချင့်ဒွေဟ ကိုက်ညီမှုမှေ့ကေ့ရ။ 57လူချို့ဟမတ်တပ်ရပ်ပီး 58"ငါဟ လူဒွေလက်နတည်ဆော့ထားဝို ဗိမာန်တော်ဝို ဖြိုဖျစ်ပီး နော့ထပ်ဗိမာန်တော်အသစ်တဆော်ဝို ဟယ်သူကူညီမှယူဘဲန သုံးရစ်တွမ်း သစ်တည်ဆော့ပေးမယ်" ဆိုပီး ကိုယ်တော်ယေရှုပြောဇာဝို ကိုယ်တိုင်ကြားခဲ့ရပါရယ်" ဆိုပီး သက်သေမှားနစွမ်စွဲပြောဆိုကေ့လေရယ်။ 59အယ်ဘေမဲ့ သူ့နို့ဝ ရာဇဝတ်မှု ကျူးလွန်ကြော ထွက်ဆိုချင့်ဒေ ခိုင်လုံဘဲဂျော့ သက်သေမရနိုင်ဖြစ်နေကေ့ရယ်။ 60သာသနာရေးဆိုင်ရာမဟာနာယကမန်းကီးဟ မတ်တပ်ရပ်ပီး ကိုယ်တော်ဝို မေးလေရယ်။ "ခမ်ဗျားဝို စွဲချက်ဒွေတံနေကေ့ရယ်၊ ခမ်ဗျားကြားရလော၊ ဟဲဖြစ်ခုခံကာကွယ်ဝိုဂါး ခွန်းမှပြောဘဲနေနူး" ဆိုပီး မေးလေရယ်။ 61ကိုယ်တော်ဟ ခွန်းမှဖြေဘဲန ဆိဆိနေလေရယ်။ ဆစ်လက်ပီးသူဟ "ခမ်ဗျားဟ မေရှိယဆိုဇာ ဟုတ်ပါလော၊ ဘုရားရှင်ရဲ့သားတော်ဆိုဇာမှန်ပါလော" ဆိုပီးမေးလေရယ်။ 62အဲခါကိုယ်တော်ဟ "မှန်ပါရယ်၊လူ့သားတော်ဟ ဘုရားရှင်ရဲ့လက်ယာဘက်မှာထိုင်နေပီး နိဗ္ဗာန်ရွှေဗြို့တော်ဟနေ မိုးတီစီးပီး ကြွလာဇာဝို မင်းတို့တွီ့ဗျင်ရလိမယ်" ဆိုပီး ဖြေကြားလေရယ်။ 63ချင့်ချင်းပင် သာသနာရေးဆိုင်ရာမဟာနာယကမန်းကီးဟ ရားဒိုင်းဒေါသထွက်ပီး ကိုယ်တော်၏ဝတ်ရုံဝိုဆွဲဖြဲကာ 64"အယ်လူဟ ဘုရားရှင်ဝိုစော်ကားဝိုးဂါးဒွေပြောနေဇာဝို ခမ်ဗျားဒို့ကြားဒဲ့တိုင်းပဲ၊ ဟယ်မျိုးဆုံးဖြတ်ကေ့မယ်နူး" ဆိုပီးမေးလိုက်ရာ ကိုယ်တော်ဝိုသေဒဏ်ပေးရမယ်ဆိုပီးတညီတညွှတ်တည်း ဘောတူကေ့လေရယ်။ 65အဲနော့လူချို့ဟ ကိုယ်တော်ဝို ထွီးရယ်နထွီးကေ့လေရယ်။ ကိုယ်တော်၏မျစ်နာဝို ဖုံးအုပ်ပီးရိုက်ကေ့လေရယ်။ "မင်းဟပရောဖက်မှန်ရယ်ဆိုဝါ ခုမင်းဝို ဟယ်သူဒွေရိုက်နေနူးဆိုဇာဝို ‌ပြောဇမ်းပါ" ဆိုပီး မေးလေရယ်။ အဲနော့ကိုယ်တော်ဝို စော့ဒွေလက်ထဲဝိုထည့်ပေးလိုက်ခီမှာ စော့ဒွေထပ်ပီးရိုက်နှက်ကေ့လေရယ်။ 66အဲခီမှာ ပေတရုဟ ခြံထဲမှာရှေ့နေလေရယ်။ သာသနာရေးဆိုင်ရာမဟာနာယကမန်းကီးဟ စေခံဝယ်ရားဦးမီးလှုံနေဝို 67ပေတရုနီးဝို ရော့လာပီး နီးကပ်ပေ့ပီး "မင်းလဲယေရှုနတူတူလိုက်နေဒဲ့ နာဇရက်ဗြို့သားဘဲ" ဆိုပီး ပြောလိုက်လေရယ်။ 68ပေတရုဟ "မင်းဟဲရာဇာဒွေပြောနေနူးဆိုဇာ ငါနားလည်ရ။ မင်းပြောဒဲ့ဓိပါယ်ဝိုလဲငါသိရ" ဆိုပီးဂျင်းပီး ခြံဂိတ်ဖက်ဝိုထွက်သွားလေရယ်။ အဲခီမှာလင်းကြစ်တကြိမ်တွန်လေရယ်။ 69အယ်ဘေမဲ့ စေခံဝယ်ရားဟ ပေတရုဝို နော့ထပ်တွီ့ဗျင်ရခီမှာ နီးမှာရပ်နေသူဒွေဝို " အယ်လူဟ ယေရှုရဲ့ပေါပါထဲဟတယော့ဘဲ့" ဆိုပီး ပြောပြလေရယ်။ 70ပေတရုဟ ထပ်ပီးဂျင်းလေရယ်။ နဲငယ်ကြာခီမှာ နီးမှာရပ်နေသူဒွေဟ "ခမ်ဗျားဟ ယေရှုရဲ့ပေါပါထဲဟတယော့ဘဲ့၊ ခမ်ဗျားလဲ ဂါလိလဲသားတယော့ဘဲ့" ဆိုပီး ပေတရုဝို ပြောပြန်လေရယ်။ 71အယ်ဘေမဲ့သူဟ "ခမ်ဗျားဒို့ပြောဒဲ့လူဝိုကျော်သိရ" ဆိုပီး ဘုရားဝို တိုင်တည်ပီးကလီဆိုလေရယ်။ 72အဲခီမှာ ဒုတိယကြီ လင်းကြစ်တွန်သံ ပေါ်ထွက်လာလေရယ်။ အဲခါ" ပေတရု၊ မင်းဟ လင်းကြစ်နှေ့ကြီမတွန်ခံ ကိုယ်တော်ဝိုမသိကြော သုံးကြီတိတိ ဂျင်းလိမယ်" ဆိုပီး ကိုယ်တော်ပြောခဲ့ဝိုဂါးဝိုဒိရကာ ပေတရုဟ ချုံးပွဲချငိုလေတော့ရယ်။

Currently Selected:

Mark 14: ttpv-rv

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in