YouVersion Logo
Search Icon

Matthew 5

5
1ကိုယ်တော်ဟ သူ့နော့ဝိုလိုက်လာဝို လူထုပရိသတ်ဒွေဝို ဗြင်ခါမှာ တော်ပေါ်ဝိုတက်ပြီး ထိုင်လိုက်ဝိုခါမှာ ဗြိတော်ဒွေဟ ကိုယ်တော်ဆီဝို ချဉ်းကပ်လာလေရယ်။ 2အဲနော့ ကိုယ်တော်ဟ ဗြိတော်ဒွေဝို အယ်မိုမျိုးသန်ကြားပေးလေရယ်။ 3ဘုရားရှင်ဟနေလွဲပီး အားကိုးဇာမှေ့ရဆိုပီး မှတ်ယူဝိုသူဟ ကယ်တံရှင်းဝို ခံရမယ်။ ရွှေဗြို့တော်ရဲ့သာသနာတော်ဟာ သူ့နို့တွက်ဖြစ်ရယ်။ 4ပြစ်ဒုဇရိုက်ဒွေန ပလဲ့နေဝို ဘာလောကဂျော့ ပူဆွေးသောက ရော့နေဝိုသူဒွေဝိုလဲ ဘုရားရှင်ဟ နှစ်သိပေးတော်မူလိမယ်။ 5ကိုယ့်ကိုကိုယ်နှိခလသူဒွေဝို ဘုရားရှင်ဟ နှစ်သက်တော်မူရိတွက် သူ့နို့ဟ ဘာမလေခုလုံးဝို မွီဆစ်ခံရရှေ့လိမယ်။ 6ဖြော့မတ်မှန်ကန်ဝိုဇာဒွေဝို လုပ်ဆော်ဝို့ စိဆန္ဒပြင်းပြသူဒွေဝို ဘုရားရှင်ဟ ကျေနပ်နှစ်သက်စေတော်မူလိမယ်။ 7သူများဝို နားဂရုဏာထားဝိုသူဒွေဝို ဘုရားရှင်ဟ ကျေနပ်နှစ်သက်တော်မူရိတွက် သူ့နို့ပေါ်မှာလည်း ဘုရားရှင်ဟ နားဂရုဏာထားတော်မူလိမယ်။ 8ကိုယ်၊ စိ၊ နှလုံးသုံးပါးလုံး ကြည်လင်သန့်ရှင်းစွာန သူ့ဝိုလုပ်ကျွေးပြုရှင်ဝိုသူဒွေဝို ဘုရားရှင်ဟ နှစ်သက်တော်မူရယ်။ သူ့နို့ဟ ဘုရားရှင်ဝို ဗြင်နိုင်ဂေ့လိမယ်။ 9သူများဝို ငြီးချမ်းစွာနေထိုင်နိုင်ဝို့ လုပ်ဆော်ပေးဝိုသူဒွေဝို ဘုရားရှင်ဟ နှစ်သက်တော်မူရိတွက် သူ့နို့ဝို သားမီးဒွေမျိုး သတ်မှတ်တော်မူလိမယ်။ 10ဘုရားရှင်ရဲ့လိုတော်ဒိုင်း လုပ်ဆော်ရိတွက် လူဒွေရဲ့နှိစစ်ညှဉ်းဆဲဇာဝို ခံရဝိုသူဒွေဝို ဘုရားရှင်ဟ နှစ်သက်တော်မူရယ်။ ရွှေဗြို့တော်ရဲ့သာသနာတော်ဟလည်း သူ့နို့တွက်ဖြစ်ရယ်။ 11ငါ့တွက်ဂျော့ လူဒွေဟ နန်းနို့ဝို စော်ဂါးပြောဆိုဇာဒွေ၊ ဆိုးဝါးစွာဆစ်ဆံဂေ့ဝိုဇာဒွေန နန်းနို့ကြောဝို ကောဘဲဝိုလီလည်မှုမျိုးမျိုးန ဆန့်ကျင်ပြောဆိုဂေ့မယ်ဆိုဝါ ဘုရားရှင်ဟ နန်းနို့ဝို နှစ်သက်တော်မူလိမယ်။ 12အဲမျိုးဖြစ်လာခဲ့မယ်ဆိုဝါ နန်းနို့ဟ ရွှေဗြို့တော်မှာ ဆုလာဘ်ဂီးဝို ရဂေ့မှာဖြစ်ရိတွက် ရွှင်လန်းဝမ်းမြောက်ဂေ့လော့။ ရှေးခတ်ဒဲဟ လူဒွေဟ ပရောဖက်ဒွေဝို အယ်မျိုးဘဲ့ပြုလုပ်ခဲ့ဂေ့ရယ်။ 13အဲနော့ ကိုယ်တော်ဟ "နန်းနို့ဟ ရသာတွက် သုံးပြုဂေ့ဝို ဆားနတူရယ်။ အယ်ဘေမဲ့ ဆားဟ ငံဓါတ်ပျော့ကွယ်ရားမယ်ဆိုဝါ နော့ထပ် ငံဓါတ်ပလန်ရစေဝို့ ဟယ်မျိုးပြုလုပ်ရမယ်နူး။ အဲမိုဆားဟ ဝွီးဝိုလွှတ်ပြစ်ဇာဝိုဘဲ့ခံရမှာဖြစ်ပြီး လူဒွေနန်းချေဇာခံရရုံဟနေလွဲပီး ဟယ်ရာတွက်မှ သုံးမဝမ်တော့ဟန်း။ 14နန်းနို့ဟ ဘာပေါ်ဟ လူသားဒွေတွက် လန်းရော်ဖြစ်ရယ်။ တော်ထိမှာ ရှေ့ဝို ဗြို့ဝို ဖုံးကွယ်ရိမရနိုင်ရ။ 15လူဒွေဟ မီးထွန်းရားဝို ဆီမီးအီဝို တောအော့မှာ ထားဂေ့မှာမုဘဲန အဲမိုစား အီထဲမှာရှေ့ဝို လူဒိုင်းဝို လန်းရော်ပေးဝို့တွက် တိုင်မှာခိဆွဲရားမှာဖြစ်ရယ်။ 16အဲမိုမျိုးဘဲ့ နန်းနို့ရဲ့လန်းရော်ဟ လူဒွေရှေ့မှာ ထွန်းလန်းနေစေရမယ်၊ အဲမှ နန်းနို့ပြုဝိုကောဝိုဇာဒွေဝို ဗြင်ပီး ရွှေဗြို့တော်မှာရှေ့နေဝို နန်းနို့ရဲ့အဖဘုရားရှင်ဝို ချီးမွှမ်းဂေ့လိမယ်" ဆိုပီး မိတော်မူလေရယ်။ 17"မောရှေရဲ့ကျမ်းန ပရောဖက်ဒွေရဲ့ သွန်သန်ဟောပြောချင့်ဒွေဝို ပယ်ဖျစ်ဝို့ ငါရော့လာရယ်ဆိုပီးထံဂေ့န။ ငါဟ သူ့နို့ဝို ဖယ်ရှားဝို့လာဇာမုဝ။ သူ့နို့ရဲ့ ပညတ်တရားဒွေန သွန်သန်ဟောပြောချင့်ဒွေဝို ပြီးပလဲ့ဇုံစေဝို့ လာရော့ဇာဖြစ်ရယ်။ 18နန်းနို့ဝို ငါမှန်ပြောရမယ်ဆိုဝါ ကောကံနမလေကီး ကွယ်ပျော့ထိတိုင်အော် အယ်မိုပညတ်တရားတော်ထဲဟဇာဒွေဂူလုံး မှန်ကန်ပလဲ့ဇုံခြင်း မရော့ခံထိ ရားတော်ထဲဟ သေးငယ်ဆုံးစာလုံးဖြစ်ဖြစ် အဲမိုစာလုံးရဲ့ သေးငယ်ဆုံးစိပိုင်းတစ်ခုဂိုမှ ပျစ်ပျယ်သွားလိမှာမုဝ။ 19အဲဂျော့ ပညတ်တော်ဒွေထဲဟ ကြီးကျယ်ရေးမကီးဝို ပညတ်တော်ခုဝို လိုက်နာဘဲန ခြားသူဒွေဝိုလဲ အဲမျိုးမလိုက်နာဝို့ သန်ကြားဝိုလူဟ ရွှေဗြို့တော်ရဲ့သာသနာတော်မှာ ရေးမပါဆုံးလူဖြစ်လိမှာဖြစ်ပြီး ပညတ်တော်ဒိုင်းဝို လိုက်နာပြီး ခြားသူဒွေဝိုလဲ လိုက်နာဝို့ သွန်သန်ဝိုလူဟ ရွှေဗြို့တော်ရဲ့သာသနာတော်မှာ ရေးပါဆုံးသူဖြစ်လိမယ်။ 20နန်းနို့ဝို ငါမှန်ပြောရမယ်ဆိုဝါ နန်းနို့ဟဖာရိရှဲဒွေန ကျမ်းတတ်ဆရာဒွေထက်ပိုဝို ဖြော့မတ်မှန်ကန်ဇာမှေ့ဘဲနေဆိုဝါ ရွှေဗြို့တော်ရဲ့သာသနာတော်ဝို ဟယ်ခါလဲ ဝမ်ရော့နိုင်ဂေ့မှာမုဝ။ 21'နန်းနို့ဟ သူတစ်ပါးဝို မသတ်ရ။ သူတစ်ပါးဝို သတ်ဝိုဟယ်သူမဆို ပြစ်စီရင်ဇာဝိုခံရမယ်' ဆိုပီး ရှေးလူဒွေပြောရစ်ဇာဝို နန်းနို့ ကြားသိခဲ့ရရယ်။ 22အယ်ဘေမဲ့ နန်းနို့ဝို ငါပြောရှင်ဇာဟလောဝါ ဟယ်သူမဆို ကိုယ့်ညီကိုဒွေပေါ်ဝို မျစ်ဒေါသထွက်ရယ်ဆိုဝါ ပြစ်စီရင်ဇာဝိုခံထိုက်ရယ်။ ဟယ်သူမဆို ကိုယ့်ညီကိုဒွေဝို စော်ဂါးပြောဆိုရယ်ဆိုဝါ ရားလွှတ်တော်ရှေ့မှာ ပြစ်စီရင်ဇာဝိုခံထိုက်ပြီး ကိုယ့်ညီကိုဒွေဝို 'အရူးဘဲ့' ဆိုပီး ပြောဆိုရင်လဲ ငရဲမီးဒဏ်ဝိုခံထိုက်ရယ်။ 23နန်ဟ ပူဇော်ဝိုပလ္လင်ပေါ် မှာ လှူဖွယ်ပစ္စည်းဒွေန ဘုရားရှင်ဝိုပူဇော်နေခီ နန့်ညီကိုဟ နန့်ပေါ်မှာ ပြစ်တစ်ခုခု ပြုလုပ်ရားဇာဝိုဒိရရယ်ဆိုဝါ 24လှူဖွယ်ပစ္စည်းဒွေဝို ပလ္လင်ရှေ့ မှာ ထားရစ်ပြီး နန့်ညီကိုဆီဝို ရင်ဆုံးသွားပီး ပလန်လည်သင့်မြတ်အော်ပြုလုပ်ပြီးမှ ပလန်လာပီး လှူဖွယ်ပစ္စည်းဒွေဝို လှူဒါန်းလော့။ 25နန်ဟ နန့်ဝိုရားစွဲဆိုဝိုလူန ရားရုံးဝိုတူတူသွားခီမှာ အဲမိုလူန သင့်မြတ်အော် ဗြန်ဗြန်လုပ်ဝေါ့။ အဲမျိုးပြုလုပ်ဘဲနေရယ်ဆိုဝါ အဲမိုလူဟ နန့်ဝိုရားသူဂီးလက်ထဲဝို အပ်လိမယ်ဖြစ်ပြီး ရားသူဂီးဟ နန့်ဝိုစောင့်တပ်သားဒွေဆီဝို အပ်နှံပီး ထော်ခလလိမယ်ဖြစ်ရယ်။ 26နန်းနို့ဝို ငါမှန်ပြောရမယ်ဆိုဝါ နန်းနို့ပေးဆော်ဝို့ ကျန်ရှေ့နေဝိုနော့ဆုံးလက်ကျန် ဒန်းဂါးပြားဝိုပေးဆော်ရဝိုထိ နန်းနို့ဟ အဲနေရာဟနေ လွတ်မြော့လိမှာမုဝ။" ဆိုပီး မိတော်မူလေရယ်။ 27'အီထော်ရေးမဖော့ပလန်ရ' ဆိုပီး ပြောရားဇာဝို နန်းနို့ကြားသိခဲ့ဂေ့ရရယ်။ 28အယ်ဘေမဲ့ နန်းနို့ဝို ငါပြောရှင်ဇာဟလော မျိုးမီးတယော့ဝို ကေ့ပီး လိုချင်တပ်မက်စိဖြစ်သူဒိုင်းဟ သူ့နို့ရဲ့စိနှလုံးထဲမှာ အီထော်ရေးဖော့ပလန်ခြင်းမှုဝို ကျူးလွန်လိုက်ဇာဘဲ့ဖြစ်ရယ်။ 29နန့်ညာဖက်မျစ်လုံးဟ နန့်ဝိုပြစ်တရားဖြစ်ပေါ် ဇေမယ်ဆိုဝါ အဲမိုမျစ်လုံးဝိုဖော့ထုပြီး ဝွီးဝိုပစ်လိုက်ပါ။ နန့်ခန္ဓာကိုယ်ခုလုံး ငရဲဝိုကလရော့ဇာထက် နန့်ခန္ဓာကိုယ်ရဲ့ မကောဘဲဝိုစိပိုင်းတခု ဆုံးရှုံးရဇာဟ ပိုကောရယ်။ 30နန့်ညာဖက်လက်ဟ နန့်ဝိုပြစ်တရားဖြစ်ပေါ်စေရယ်ဆိုဝါ အဲမိုလက်ဝိုဖြတ်ထုပြီး ဝွီးဝိုပစ်လိုက်ပါ။ နန့်ခန္ဓာကိုယ်ခုလုံး ငရဲဝိုကလရော့ဇာထက် နန့်ခန္ဓာကိုယ်ရဲ့ကောဘဲဝိုစိပိုင်းတခု ဆုံးရှုံးရဇာဟ ပိုကောရယ်" ဆိုပီး မိတော်မူလေရယ်။ 31'ဟယ်သူမဆို ကိုယ့်ဇနီးမယားန ကွာရှင်းရယ်ဆိုဝါ ကွာရှင်းစာချုပ်ဝို သူမဆီဝိုပေးရမယ်' ဆိုပီးလဲ ပြောရားရယ်။ 32အယ်ဘေမဲ့ နန်းနို့ဝို ငါပြောရှင်ဇာဟလော ဟယ်သူမဆို ကိုယ့်ဇနီးမယားဝို အီထော်ရေးဖော့ပလန်ဇာဂျော့မုဘဲန ခြားကိစန ကွာရှင်းပြတ်ဆဲပြီးနော့မှာ အဲမိုမျိုးမီးဟ နော့ထပ်အီထော်ပြုရယ်ဆိုဝါ ကွာရှင်းလိုက်ဝိုလူန အဲမိုမျိုးမီးအပြင် အဲမိုမျိုးမီးဝို လက်ထပ်ယူဝိုလူဂိုမှ အီထော်ရေးဖော့ပလန်ခြင်းမှုဝို ပြုရာရော့ရယ်။" ဆိုပီး မိတော်မူလေရယ်။ 33"အဲမိုပြင် 'မမှန်မကန် တိုင်တည်ပြောဆိုခြင်းပြုဘဲန နန်ပြုဝိုဒိသစ္စာဝို ဘုရားရှင်ဆီမှာ စော့ထီးရမယ်' ဆိုပီး နန်းနို့ဝို ပြောဆိုရားရယ်မုဝလော။ 34အယ်ဘေမဲ့ နန်းနို့ဝို ငါပြောရှင်ဇာဟလောဝါ ဟဲရာဝိုမှ တိုင်တည်ပီးဒိသစ္စာပြုန။ ဘုရားပုလ္လင်တော်ရှေ့ရိတွက် ရွှေဗြို့တော်ဝိုတိုင်တည်ပီး ဒိသစ္စာပြုန၊ 35ဘာမလေဂီးဟ ဘုရားခေတော်ခလဝိုနေရာဖြစ်ရိတွက် ဘာမလေဂီးဝို တိုင်တည်ပီး ဒိသစ္စာပြုန၊ ဂျေရုဆလင်ဗြို့တော်ဟလဲ မြင့်မြတ်ဝိုဘုရင်ရဲ့ဗြို့တော်ဖြစ်ရိတွက်ဂျော့ အဲမိုမျိုး ဒိသစ္စာပြုန။ 36နန်းနို့ရဲ့ ဆန်းဘမ်တစ်ဘမ်ဂိုမှ ဖြူအော်ဖြစ်ဖြစ် မဲအော်ဖြစ်ဖြစ် ပြုလုပ်နိုင်ဇာမှေ့ဘဲရိတွက် နန့်ရဲ့ ဦးခေါဝိုလဲ တိုင်တည်ပီး ဒိသစ္စာပြုန။ 37နန်းနို့ပြောဆိုခါဒိုင်း 'ဟုတ်ရယ်၊ မုဝ' ဆိုပီးဘဲ့ ပြောဆိုဂေ့ပါ။ အဲထက်ပိုပီးပြောဆိုရယ်ဆိုဝါ မာရ်နတ်နည်းလမ်းဘဲ့ ဖြစ်ရယ်။" ဆိုပီး မိတော်မူလေရယ်။ 38ကိုယ်တော်ဟ 'မျစ်လုံးတစ်လုံးတွက် မျစ်လုံးတစ်လုံးပေးရမယ်။ သွားတစ်ချောတွက် သွားတစ်ချောဝိုပေးရမယ်' ဆိုပီး နန်းနို့ဝို ဆုံးမသွန်သန်ရားရယ်မုဝလော။ 39အယ်ဘေမဲ့ နန်းနို့ဝို ငါပြောရှင်ဇာဟလောဝါ နန်းနို့ပေါ် ပြစ်မှားသူဒွေဝို ပလန်လည် ပြစ်မှားဇာပြုန။ အဲမိုစား နန့်ညာဖက်ပါးဝို ရိုက်ရယ်ဆိုဝါ ဘယ်ဖက်ပါးဝိုပါ လှည့်ပေးလော့။ 40လူတယော့ဟ နန့်အန်းဂီဝိုယူရှင်ရိတွက် နန့်ဝို ရားစွဲဆိုရယ်ဆိုဝါ ပေါ်အန်းဂီဝို ယူခွမ့်ပေးလိုက်။ 41လူတယော့ဟ နန့်ဝို သူ့ထုတ်ပိုးဝို ထမ်းပီး ခရီးတစ်မိုင်လော့ တင်းကျပ်သွားစေရယ်ဆိုဝါ နော့ထပ်ခရီးတစ်မိုင် ပိုပီးထမ်းပိုးပေးလိုက်ပါ။ 42နန့်ဆီဟနေ တောခံသူဒွေဝို ပေးကမ်းလော့။ နန့်ဆီဟနေ ချေးငှားရှင်ဝိုသူဒွေဝိုလဲ ငြင်းပယ်န" ဆိုပီး မိတော်မူလေရယ်။ 43ကိုယ်တော်ဟ "နန်းနို့ဝို 'ကိုယ့်သိုင်းဝိုင်းဝိုဘဲ့ မေတ္တာထားပြီး ရန်သူဝို မူးတီးရမယ်' ဆိုပီး ပြောရားရယ်မုဝလော။ 44အယ်ဘေမဲ့ နန်းနို့ဝို ငါပြောရှင်ဇာဟလောဝါ နန်းနို့ရဲ့ ရန်သူဝိုမေတ္တာထားပီး နန့်ဝို ညှင်းပန်းနှိစစ်သူဒွေဝို ဆုတောပေးလော့။ နန်းနို့ဝို ကလီဆဲသူဒွေဝိုလဲ ကောချီးပေးပီး မူးသူဒွေဝိုလဲ ကောဝိုဇာဒွေဝိုဘဲ့ ပြုပေးဂေ့လော့။ 45အဲမှဘဲ့ နန်းနို့ဟ ရွှေဗြို့တော်မှာရှေ့တော်မူဝို အဖဘုရားရှင်ရဲ့သားမီးဒွေ ဖြစ်လာဂေ့လိမယ်။ ဘုရားရှင်ရဲ့မေတ္တာတော်ဟ နေရော်မျိုးဘဲ့ လူကော၊ လူဆိုးဆိုပီး ခွဲခြားဇာမှေ့ရ။ မိုးဟလဲ တရားသူ၊ မတရားသူဆိုပီး ခွဲခြားဇာမှေ့ဘဲန ဝါရိတွက်ဂျော့ဖြစ်ရယ်။ 46နန့်ဝို မေတ္တာရှေ့ဝိုသူဒွေဝိုဘဲ့ မေတ္တာပလန်ထားမယ်ဆိုဝါ ဟဲမျိုးဆုလာဘ်ရမယ်နူး။ ခွန်ကော့မားဒွေဂိုမှ အဲမျိုး ပြုနိုင်ရယ်။ 47နန်ဟ နန့်မိဆွေဒွေဝိုဘဲ့ ကြိုဆိုနှုခွန်းဆက်မယ်ဆိုဝါ ခြားသူဒွေထက် ဟယ်မျိုးလုပ်ပီး ပိုသာလွန်ပါမယ်နူး။ တိုင်းတပါးသားဒွေဘဲ့ အဲမျိုးပြုနိုင်မယ်။ 48နန်းနို့ရဲ့ အဖဘုရားရှင်ဟ ပြီးပလဲ့ဇုံသူဖြစ်ရိတွက်ဂျော့ နန်းနို့ဟလဲ ပြီးပလဲ့ဇုံသူဒွေဖြစ်ဂေ့ရမယ်" ဆိုပီး မိတော်မူလေရယ်။

Currently Selected:

Matthew 5: ttpv-rv

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in