YouVersion Logo
Search Icon

တောလည်ရာ 1

1
ပ​ထ​မ​ဆုံး​သန်း​ခေါင်​စာ​ရင်း
1ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့၌ သိ​နာ​တော​တွင် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊#တော၊ ၂၆:၁-၅၁။ 2သင်​နှင့်​အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​တို့​တွင်၊ အ​သက်​နှစ်​ဆယ်​လွန်၍၊ 3စစ်​တိုက်​နိုင်​သော​ယောက်ျား​အ​ပေါင်း​တို့​ကို သူ​တို့​အ​ဆွေ​အ​မျိုး အ​သီး​အသီး​အ​လိုက်​စာ​ရင်း​ယူ​လျက်၊ တပ်​ခင်း​ကျင်း၍ ရေ​တွက်​လော့။ 4အ​မျိုး​အ​နွယ်​အ​သီး​အ​သီး တစ်​မျိုး​တစ်​ယောက်​စီ မိ​မိ​တို့​အ​ဆွေ​အ​မျိုး၌ သူ​ကြီး​ဖြစ်​သော​လူ​တို့​သည် သင်​တို့​နှင့်​အ​တူ​ကူ​ညီ၍ အ​မှု​ကို​ဆောင်​ရ​ကြ​မည်။ 5သင်​တို့​နှင့်​အ​တူ​ကူ​ညီ၍ အ​မှု​ကို​ဆောင်​ရ​သော​သူ​ဟူ​မူ​ကား၊ ရု​ဗင်​အ​မျိုး၊ ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ။ 6ရှိ​မောင်​အ​မျိုး၊ ဇု​ရိ​ရှ​ဒ္ဒဲ​သား​ရှေ​လု​မျေ​လ။ 7ယု​ဒ​အ​မျိုး၊ အ​မိ​န​ဒပ်​သား​နာ​ရှုန်။ 8ဣ​သ​ခါ​အ​မျိုး ဇု​အာ​သား​နာ​သ​နေ​လ။ 9ဇာ​ဗု​လုန်​အ​မျိုး၊ ဟေ​လုန်​သား​ဧ​လျာ​ဘ။ 10ယော​သပ်​သား​တွင်၊ ဧ​ဖ​ရိမ်​အ​မျိုး အ​မိ​ဟုဒ်​သား​ဧ​လိ​ရှ​မာ၊ မ​နာ​ရှေ​အ​မျိုး၊ ပေ​ဒါ​ဇု​ရ​သား​ဂါ​မ​လျေ​လ။ 11ဗင်္ယာ​မိန်​အ​မျိုး၊ ဂိ​ဒေါ​နိ​သား​အ​ဘိ​ဒန်။ 12ဒန်​အ​မျိုး၊ အ​မိ​ရှ​ဒ္ဒဲ​သား​အ​ဟေ​ဇာ။ 13အာ​ရှာ​အ​မျိုး၊ ဩ​က​ရန်​သား​ပါ​ဂျေ​လ။ 14ဂဒ်​အ​မျိုး၊ ဒွေ​လ​သား​ဧ​လျာ​သပ်၊ 15နဿ​လိ​အ​မျိုး၊ ဧ​နန်​သား​အ​ဟိ​ရ​တည်း။ 16ဤ​သူ​တို့​သည် ပ​ရိ​သတ်​တွင်​ကျော်​စော​သော​သူ၊ အ​ဆွေ​အ​မျိုး​သူ​ကြီး​မင်း​ဖြစ်၍ ဣ​သ​ရေ​လ​အ​မျိုး၌ လူ​တစ်​ထောင်​စီ​အုပ်​ရ​သော​သူ ဖြစ်​ကြ​သ​တည်း။
17ထို​သို့​နာ​မည်​ဖြင့်​ရွေး​တော်​မူ​သော ထို​သူ​တို့​ကို၊ မော​ရှေ​နှင့်​အာ​ရုန်​သည် ခေါ်၍၊ 18ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့၌ ပ​ရိ​သတ်​အ​ပေါင်း​ကို​စည်း​ဝေး​စေ​ပြီး​မှ၊ အ​ဆွေ​အ​မျိုး​စာ​ရင်း​ကို​ဖော်​ပြ၍ အ​နှစ်​နှစ်​ဆယ်​လွန်​သော​သူ​တို့၏ နာ​မည်​ပေါင်း​ကို​မှတ်​သ​ဖြင့်၊ 19ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သိ​နာ​တော၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရေ​တွက်​လေ၏။ 20ဣ​သ​ရေ​လ၏​သား​ဦး၊ ရု​ဗင်၏​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 21အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း လေး​သောင်း​ခြောက်​ထောင်​ငါး​ရာ ရှိ​ကြ၏။ 22ရှိ​မောင်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 23အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ငါး​သောင်း​ကိုး​ထောင်​သုံး​ရာ ရှိ​ကြ၏။ 24ဂဒ်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 25အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း လေး​သောင်း​ငါး​ထောင်​ခြောက်​ရာ​ငါး​ဆယ်​ရှိ​ကြ၏။ 26ယု​ဒ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 27အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ခု​နစ်​သောင်း​လေး​ထောင်​ခြောက်​ရာ ရှိ​ကြ၏။ 28ဣ​သ​ခါ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​ကို​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 29အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ငါး​သောင်း​လေး​ထောင်​လေး​ရာ ရှိ​ကြ၏။ 30ဇာ​ဗု​လုန်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 31အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ငါး​သောင်း​ခု​နစ်​ထောင်​လေး​ရာ ရှိ​ကြ၏။ 32ယော​သပ်​မှ​ဆင်း​သက်​သော ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 33အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း လေး​သောင်း​ငါး​ရာ​ရှိ​ကြ၏။ 34မ​နာ​ရှေ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 35အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း သုံး​သောင်း​နှစ်​ထောင်​နှစ်​ရာ ရှိ​ကြ၏။ 36ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 37အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း သုံး​သောင်း​ငါး​ထောင်​လေး​ရာ ရှိ​ကြ၏။ 38ဒန်​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 39အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ခြောက်​သောင်း​နှစ်​ထောင်​ခု​နစ်​ရာ ရှိ​ကြ၏။ 40အာ​ရှာ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 41အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း လေး​သောင်း​တစ်​ထောင်​ငါး​ရာ ရှိ​ကြ၏။ 42နဿ​လိ​အ​မျိုး​သား​တို့​တွင် အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​လိုက်၍ နာ​မည်​များ​ကို စာ​ရင်း၌​မှတ်​သား​သည်​အ​တိုင်း၊ 43အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​ယောက်ျား​ပေါင်း ငါး​သောင်း​သုံး​ထောင်​လေး​ရာ ရှိ​ကြ၏။ 44ထို​သို့​မော​ရှေ​နှင့် အာ​ရုန်​အ​စ​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး၌ အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော မင်း​ဆယ်​နှစ်​ပါး​တို့​သည် 45ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို အ​ဆွေ​အ​မျိုး​အ​လိုက်​ရေ​တွက်၍ စာ​ရင်း​ယူ​သည်​အ​တိုင်း၊ 46အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​လူ​ပေါင်း​ကား ခြောက်​သိန်း​သုံး​ထောင်​ငါး​ရာ​ငါး​ဆယ် ရှိ​သ​တည်း။
47လေ​ဝိ​သား​တို့​သည်၊ ဘိုး​ဘ​အ​မျိုး​အ​လိုက် စာ​ရင်း​မ​ဝင်​ရ​သည်​အ​မှု​မှာ၊ 48ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား 49လေ​ဝိ​သား​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ရော​နှော၍​မ​ရေ​တွက်​ရ။ စာ​ရင်း​ထဲ၌​မ​သွင်း​ရ။ 50လေ​ဝိ​သား​တို့​အား သက်​သေ​ခံ​ချက်​တဲ​တော်​ကို​လည်း​ကောင်း၊ တဲ​တော်​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​ဆိုင်​သ​မျှ​တို့​ကို​လည်း​ကောင်း​အပ်၍၊ သူ​တို့​သည် တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​အ​လုံး​စုံ​ကို ဆောင်​ရွက်​ရ​ကြ​မည်။ တဲ​တော်​မှု​ကို​လည်း ထမ်း​ရ​ကြ​မည်။ တပ်​ချ​သော​အ​ခါ တဲ​တော်​ပတ်​လည်၌ မိ​မိ​တို့​နေ​ရာ​ချ​ရ​ကြ​မည်။ 51တဲ​တော်​ကို ယူ​သွား​ချိန်​ရောက်​သော​အ​ခါ၊ လေ​ဝိ​သား​တို့​သည်​ရုပ်​သိမ်း​ရ​မည်။ နေ​ရာ​ချ​ချိန်​ရောက်​သော​အ​ခါ ထူ​ထောင်​ပြန်​ရ​မည်။ လေ​ဝိ​အ​မျိုး​သား​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​သား​သည် ချဉ်း​ကပ်​လျှင်၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။ 52ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တပ်​ချ​သော​အ​ခါ၊ အ​လုံး​အ​ရင်း​တစ်​လျှောက်​လုံး၊ လူ​တိုင်း မိ​မိ​ဆိုင်​သော​တပ်​တွင် မိ​မိ​ဆိုင်​သော​အ​လံ​နား​မှာ မိ​မိ​တဲ​ကို​ဆောက်​ရ​မည်။ 53ဣ​သ​ရေ​လ​အ​မျိုး​သား​စည်း​ဝေး​ရာ၊ ပ​ရိ​သတ်​အ​ပေါ်​မှာ အ​မျက်​တော်​မ​သက်​ရောက်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​သည် သက်​သေ​ခံ​ချက် တဲ​တော်​ပတ်​လည်၌ နေ​ရာ​ချ၍ သက်​သေ​ခံ​ချက်​တဲ​တော်​ကို စောင့်​ရှောက်​ရ​မည်​ဟု၊ 54မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy