YouVersion Logo
Search Icon

ရှင်ယောဟန် 21

21
တ​ပ​ည့်​တော်​ခု​နစ်​ဦး​ကို​ကိုယ်​ထင်​ပြ​ခြင်း
1တစ်​ဖန်​ယေ​ရှု​သည် တိ​ဗေ​ရိ​အိုင်​နား​မှာ တ​ပည့်​တော်​တို့​အား ကိုယ်​ကို​ပြ​တော်​မူ၏။ ပြ​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊- 2ရှိ​မုန်​ပေ​တ​ရု​နှင့် ဒိ​ဒု​မု​ဟု​အ​မည်​ရှိ​သော သော​မ၊ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​သား နာ​သ​နေ​လ၊ ဇေ​ဗေ​ဒဲ၏ သား​နှစ်​ယောက်၊ အ​ခြား​သော​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် အ​တူ​ရှိ​ကြ၏။- 3ရှိ​မုန်​ပေ​တ​ရု​က၊ ကျွန်ုပ်​သည် ငါး​ဖမ်း​သွား​မည်​ဟု​ဆို​လျှင်၊ ထို​သူ​တို့​က၊ အ​ကျွန်ုပ်​တို့​လည်း​လိုက်​မည်​ဟု ပြော​ဆို​သည်​နှင့် ထွက်​သွား​ကြ၏။ ချက်​ချင်း​လှေ​ထဲ​သို့​ဝင်၍ ထို​ည​တွင် တစ်​ကောင်​ကို​မျှ​မ​ရ​ကြ။-#လု၊ ၅:၅။ 4နံ​နက်​ရောက်​သော​အ​ခါ ယေ​ရှု​သည် ကမ်း​နား​မှာ​ရပ်​တော်​မူ၏။ သို့​ရာ​တွင် ယေ​ရှု​ဖြစ်​တော်​မူ​သည်​ကို တ​ပည့်​တော်​တို့​သည် မ​သိ​ကြ။- 5ယေ​ရှု​က​လည်း၊ ချစ်​သား​တို့၊ စား​စ​ရာ​တစ်​စုံ​တစ်​ခု ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မ​ရှိ​ပါ​ဟု​ပြန်​ပြော​ကြ၏။- 6တစ်​ဖန်​ယေ​ရှု​က၊ လှေ​လက်​ယာ​ဘက်၌ ပိုက်​ကွန်​ကို​ပစ်​ချ​လော့။ ထို​သို့​ပြု​လျှင် ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ထို​သူ​တို့​သည် ပစ်​ချ၍​များ​စွာ​သော​ငါး​တို့​ကို အုပ်​မိ​သော​ကြောင့်၊ ပိုက်​ကွန်​ကို​ဆွဲ၍​မ​ရ​နိုင်။#လု၊ ၅:၆။
7ထို​အ​ခါ ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့်​တော်​က၊ ငါ​တို့​သ​ခင်​ပေ​တည်း​ဟု ပေ​တ​ရု​အား ပြော​ဆို၏။ သ​ခင်​ဖြစ်​ကြောင်း​ကို ရှိ​မုန်​ပေ​တ​ရု​သည် ကြား​လျှင်၊ အ​ဝတ်​ကို မ​ခြုံ​ဘဲ​ရှိ​လျက် အ​ပေါ်​အင်္ကျီ​ကို​သာ ဝတ်​စည်း၍ အိုင်​ထဲ​သို့ ဆင်း​လေ၏။- 8အ​ခြား​သော တ​ပည့်​တော်​တို့​သည် ကမ်း​နှင့် မ​နီး​မ​ဝေး အ​လံ​ငါး​ဆယ်​လောက်​ကွာ​သည်​ဖြစ်၍၊ ငါး​များ​နှင့် ပိုက်​ကွန်​ကို ဆွဲ​ငင်​လျက် လှေ​စီး၍ လာ​ကြ၏။- 9ကုန်း​ပေါ်​သို့​ရောက်​သော​အ​ခါ မီး​ခဲ​ပုံ​ကို​လည်း​ကောင်း၊ ကင်​ထား​သော​ငါး​ကို​လည်း​ကောင်း၊ မုန့်​ကို​လည်း​ကောင်း တွေ့​မြင်​ကြ၏။- 10ယေ​ရှု​က​လည်း၊ ယ​ခု​ရ​သော​ငါး​အ​ချို့​ကို ယူ​ခဲ့​ကြ​ဟု မိန့်​တော်​မူ၏။- 11ရှိ​မုန်​ပေ​တ​ရု​သည် လှေ​ပေါ်​သို့​တက်၍၊ ငါး​ကြီး​တစ်​ရာ​ငါး​ဆယ်​သုံး​ကောင်​နှင့် ပြည့်​လျက်​ရှိ​သော ပိုက်​ကွန်​ကို ကုန်း​ပေါ်​သို့ ဆွဲ​တင်​လေ၏။ ထို​မျှ​လောက် များ​သော်​လည်း ပိုက်​ကွန်​သည် မ​စုတ်​မ​ပြတ်​ရှိ၏။- 12ယေ​ရှု​က​လည်း၊ လာ၍​နံ​နက်​စာ​ကို​စား​ကြ​လော့​ဟု မိန့်​တော်​မူ၏။ သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည် သိ​ကြ​သော​ကြောင့် ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟူ၍ တစ်​စုံ​တစ်​ယောက်​မျှ မ​မေး​မ​လျှောက်​ဝံ့​ကြ။- 13ယေ​ရှု​သည် လာ၍​မုန့်​နှင့် ငါး​ကို​ယူ​ပြီး​လျှင် သူ​တို့​အား ပေး​တော်​မူ၏။- 14ထို​ပြ​တော်​မူ​ခြင်း​ကား၊ ယေ​ရှု​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက်၊ တ​ပည့်​တော်​တို့​အား ကိုယ်​ကို သုံး​ကြိမ်​မြောက်​သော ပြ​တော်​မူ​ခြင်း​ဖြစ်​သ​တည်း။
ယေ​ရှု​နှင့်​ပေ​တ​ရု
15နံ​နက်​စာ​ကို စား​ကြ​သည်​နောက်၊ ယေ​ရှု​က၊ ယော​န၏​သား ရှိ​မုန်၊ ဤ​သူ​တို့​သည် ငါ့​ကို ချစ်​သည်​ထက် သင်​သည်​သာ၍​ချစ်​သ​လော​ဟု ရှိ​မုန်​ပေ​တ​ရု​အား မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​လော့​ဟု မိန့်​တော်​မူ၏။- 16တစ်​ဖန်​ယေ​ရှု​က၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု ဒု​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​တို့​ကို ထိန်း​လော့​ဟု​မိန့်​တော်​မူ၏။- 17ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။- 18ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​သည်​ပျို​သော အ​သက်​ရှိ​စဉ် ကိုယ်​ကို​ကိုယ်​ပတ်​စည်း၍ အ​လို​ရှိ​ရာ အ​ရပ်​ရပ်​သို့ သွား​လာ​တတ်၏။ သင်​သည် အို​သော​အ​ခါ လက်​နှစ်​ဖက်​ကို ဆန့်​ပြီး​လျှင်၊ သူ​တစ်​ပါး​သည် သင့်​ကို ပတ်​စည်း၍ သင်​အ​လို​မ​ရှိ​ရာ​အ​ရပ်​သို့ ယူ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- 19ထို​သို့​မိန့်​တော်​မူ​သော်၊ အ​ဘယ်​သို့​သော​သေ​ခြင်း​အား​ဖြင့် ပေ​တ​ရု​သည် ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​မည်​အ​ရိပ်​ကို ပေး​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​ပြီး​မှ၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု ပေ​တ​ရု​အား မိန့်​တော်​ပြန်၏။
ယေ​ရှု​ချစ်​သော​တ​ပ​ည့်​တော်
20ယေ​ရှု​ချစ်​တော်​မူ၍ အ​ထက်​က ည​စာ​စား​သော​အ​ခါ၌ ရင်​တော်​ကို​မှီ၍​လျောင်း​လျက်၊ သ​ခင်၊ ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​သော​တ​ပည့်​တော်​သည်​လည်း နောက်​တော်​သို့ လိုက်​သည်​ကို ပေ​တ​ရု​သည်​လှည့်၍​မြင်​လျှင်၊- 21သ​ခင်၊ ဤ​သူ၌ အ​ဘယ်​သို့​ဖြစ်​ပါ​လိမ့်​မည်​နည်း​ဟု မေး​လျှောက်​သော်၊- 22ယေ​ရှု​က၊ ငါ​ကြွ​လာ​သည်​ကာ​လ​တိုင်​အောင် ထို​သူ​ကို​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ​လျှင် သင်​သည် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ သင်​မူ​ကား ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။- 23ထို​စ​ကား​တော်​ကို​ထောက်​လျှင်၊ ညီ​အစ်​ကို​တို့​က၊ ထို​တ​ပည့်​တော်​သည် မ​သေ​ရ​ဟု အ​နှံ့​အ​ပြား ပြော​ဆို​ကြ၏။ သို့​သော်​လည်း ထို​သူ​သည်​မ​သေ​ရ​ဟု ယေ​ရှု​မိန့်​တော်​မူ​သည် မ​ဟုတ်။ ငါ​ကြွ​လာ​သည်​ကာ​လ​တိုင်​အောင် ထို​သူ​ကို​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ​လျှင် သင်​သည် အ​ဘယ်​သို့​ဆိုင်​သ​နည်း​ဟု မိန့်​တော်​မူ​သ​တည်း။
24ထို​တ​ပည့်​တော်​ကား၊ ဤ​အ​ကြောင်း​အ​ရာ​တို့​ကို သက်​သေ​ခံ၍ ရေး​ထား​သော​သူ​ဖြစ်၏။
နိ​ဂုံး
25သူ၏​သက်​သေ​ခံ​ချက် မှန်​သည်​ကို ငါ​တို့​သိ​ကြ၏။ ယေ​ရှု​ပြု​တော်​မူ​သော အ​ခြား​အ​မှု​အ​ရာ​အ​များ ရှိ​သေး၏။ ထို​အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​ကို အ​သီး​အ​ခြား​ရေး​ထား​လျှင်၊ မြေ​ကြီး​မ​ဆံ့​နိုင်​အောင် ကျမ်း​စာ​များ​ပြား​လိမ့်​မည်​ဟု ထင်​မှတ်​ခြင်း​ရှိ၏။
ရှင်​ယော​ဟန်​ခ​ရစ်​ဝင်​ပြီး၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy