YouVersion Logo
Search Icon

ရောမ 3

3
1ထို​သို့​ဖြစ်​လျှင်၊ ယု​ဒ​လူ​သည် အ​ဘယ်​သို့​သာ​သ​နည်း။ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ရှိ​သ​နည်း။- 2အ​ထွေ​ထွေ​သော အ​ကျိုး​များ​စွာ​ရှိ၏။ ထူး​မြတ်​သော အ​ကျိုး​ဟူ​မူ​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော ယု​ဒ​တို့​သည် ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​များ​ကို ခံ​ရ​ကြ၏။- 3သူ​တို့​တွင် အ​ချို့​မ​ယုံ​သော်​လည်း၊ အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။ သူ​တို့​မ​ယုံ​ဘဲ​နေ​ခြင်း​အ​ရာ​သည် ဘု​ရား​သ​ခင်၏​သ​စ္စာ​တော်​ကို ဖျက်​နိုင်​သ​လော။- 4မ​ဖျက်​နိုင်​ရာ။ သို့​ဖြစ်၍​မိန့်​တော်​မူ​ချက်​သည် ဖြောင့်​ပါ၏။ တ​ရား​စီ​ရင်​သော​အ​ခါ အောင်​မြင်​တော်​မူ၏​ဟု ကျမ်း​စာ၌​လာ​သည်​နှင့်​အ​ညီ၊ လူ​ခပ်​သိမ်း​တို့​သည် သ​စ္စာ​ပျက်​သော်​လည်း၊ ဘု​ရား​သ​ခင်၏ သ​စ္စာ​တော်​သည် တည်​စေ​သ​တည်း။-#ဆာ၊ ၅၁:၄။ 5ငါ​တို့၏ မ​တ​ရား​သော​အ​မှု​သည် ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ထင်​ရှား​စေ​လျှင်၊ အ​ဘယ်​သို့​ဆို​ရ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ဒဏ်​ပေး​တော်​မူ​လျှင်၊ မ​တ​ရား​သော​အ​မှု​ကို ပြု​တော်​မူ​သ​လော။ ထို​သို့​ဆို​သော် လူ​သ​ဘော​အ​တိုင်း ငါ​ဆို​သ​တည်း။- 6ထို​သို့​မ​ဟုတ်​ရာ။ ဟုတ်​လျှင် လော​က​သား​တို့​ကို အ​ဘယ်​သို့ စစ်​ကြော​စီ​ရင်​တော်​မူ​မည်​နည်း။- 7ထို​မှ​တစ်​ပါး ငါ​သည် သ​စ္စာ​ပျက်​သော​အား​ဖြင့် ဘု​ရား​သ​ခင်၏ သ​စ္စာ​တော်​သည် ဂုဏ်​အ​သ​ရေ​တော်​ကို တိုး​ပွား​စေ​လျှင်၊ ငါ့​ကို အ​ပြစ်​ရှိ​သော​သူ​ကဲ့​သို့ အ​ဘယ်​ကြောင့် စီ​ရင်​သေး​သ​နည်း​ဟူ၍ မေး​ပြန်​လျှင်၊- 8ကောင်း​သော​အ​ကျိုး​ရှိ​စေ​ခြင်း​ငှာ မ​ကောင်း​သော အ​ကျင့်​ကို ကျင့်​ကြ​ကုန်​အံ့​ဟု လူ​အ​ချို့​တို့​သည် ငါ​တို့​ကို ကဲ့​ရဲ့​လျက်၊ ငါ​တို့​စ​ကား​ကို ပြန်​ပြော​သည်​အ​တိုင်း ဆို​ဦး​မည်​လော။ ထို​သို့​ဆို​သော​သူ​တို့​သည် ကိုယ်​အ​ပြစ်​ဒဏ်​ကို ခံ​ထိုက်​ကြ၏။
ဖြော​င့်​မတ်​သူ​တစ်​ယောက်​မျှ​မ​ရှိ
9ထို​သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် မြတ်​သ​လော​ဟု မေး​ပြန်​သော်၊ အ​လျှင်း​မ​မြတ်။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​ကြောင်း​ကို အ​ထက်က​ပြ​ခဲ့​ပြီ။- 10ကျမ်း​စာ​လာ​သည်​ကား၊ ဖြောင့်​မတ်​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။- 11နား​လည်​သော​သူ​မ​ရှိ၊ ဘု​ရား​သ​ခင်​ကို ရှာ​သော​သူ​မ​ရှိ။- 12လူ​အ​ပေါင်း​တို့​သည် လမ်း​လွဲ​ကြ​ပြီ။ တ​ညီ​တ​ညွတ်​တည်း အ​သုံး​မ​ရ​သော​သူ​ဖြစ်​ကြ​ပြီ။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။-#ဆာ၊ ၁၄:၁-၃၊ ၅၃:၁-၃။ 13သူ​တို့၏​လည်​ချောင်း​သည် ဖွင့်​ထား​သော သင်္ချိုင်း​တွင်း​ဖြစ်၏။ သူ​တို့​သည် လျှာ​နှင့် လှည့်​စား​တတ်​ကြ၏။ သူ​တို့​နှုတ်​ခမ်း​အ​ထဲ​မှာ မြွေ​ဆိုး​အ​ဆိပ်​အ​တောက်​ရှိ၏။-#ဆာ၊ ၅:၉၊ ၁၀၄:၃။ 14သူ​တို့​နှုတ်​သည် ကျိန်​ဆဲ​သော​စ​ကား၊ ကြမ်း​တမ်း​သော​စ​ကား​နှင့် ပြည့်​ဝ၏။-#ဆာ၊ ၁၀:၇။ 15သူ​တို့​ခြေ​သည် လူ​အ​သက်​ကို သတ်​ခြင်း​ငှာ လျင်​မြန်၏။- 16သူ​တို့​သွား​ရာ​လမ်း၌ ပျက်​စီး​ခြင်း၊ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ရှိ၏။- 17ချမ်း​သာ​လမ်း​ကို သူ​တို့​မ​သိ​ကြ။-#ဟေ​ရှာ၊ ၅၉:၇-၈။ 18ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​သော​အ​ကြောင်း​သည် သူ​တို့​မျက်​စိ၌​မ​ထင်​ဟု ကျမ်း​စာ​လာ​သ​တည်း။-#ဆာ၊ ၃၆:၁။ 19ပ​ညတ်​တ​ရား၌ ပါ​သ​မျှ​သော​စ​ကား​တို့​သည် ပ​ညတ်​တ​ရား​ကို ခံ​သော​သူ​တို့​နှင့် စပ်​ဆိုင်​သည်​ကို ငါ​တို့ သိ​ကြ၏။ ထို​သို့​ဖြစ်၍၊ လော​ကီ​သား​အ​ပေါင်း​တို့​သည် စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​နိုင်​ဘဲ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ပြစ်​သင့်သော​သူ​ဖြစ်​ကြ၏။- 20ထို​သို့ ပ​ညတ်​တ​ရား​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို ထင်​ရှား​စေ​သည်​ဖြစ်​သော​ကြောင့်၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​ရာ။-#ဆာ၊ ၁၄၃:၂။ ဂ​လ၊ ၂:၁၆။
ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဖြောင့်​မတ်​ခြင်း
21ယ​ခု​မူ​ကား၊ ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​သည် သက်​သေ​ခံ​သည်​နှင့်​အ​ညီ၊ ပ​ညတ်​တ​ရား​နှင့် မ​စပ်​ဆိုင်​သော ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​တည်း​ဟူ​သော၊- 22ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့်၊ ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​အ​ဖို့ ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့ အ​ပေါ်​သို့​ရောက်​သော ဘု​ရား​သ​ခင်၏ ဖြောင့်​မတ်​ခြင်း​တ​ရား​သည် ထင်​ရှား​ခဲ့​ပြီ။ ခြား​နား​ခြင်း အ​လျှင်း​မ​ရှိ။-#ဂ​လ၊ ၂:၁၆။ 23အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ဒု​စ​ရိုက်​ကို​ပြု၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​သ​ရေ​ပျက်​ကြ​ပြီ။- 24ယေ​ရှု​ခ​ရစ်​ရွေး​နုတ်​တော်​မူ​သော​အား​ဖြင့် အ​ဖိုး​ကို မ​ပေး​ဘဲ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကြောင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ၏။- 25ဘု​ရား​သ​ခင်​သည် သည်း​ခံ​တော်​မူ၍၊- 26လွန်​ခဲ့​ပြီး​သော ဒု​စ​ရိုက်​အ​ပြစ်​များ​ကို မှတ်​တော်​မ​မူ​ရာ​တွင်၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယ​ခု​ကာ​လ၌ ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ထင်​ရှား​စေ၍၊ ယေ​ရှု​ကို​ယုံ​ကြည်​သော သူ​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သော်​လည်း၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​ခြင်း​ငှာ​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏​အ​သွေး​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့်၊ ထို​ခ​ရစ်​တော်​ကို အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း ဖြစ်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​ပြီ။
27သို့​ဖြစ်​လျှင် ဝါ​ကြွား​စ​ရာ အ​ကြောင်း​ကား အ​ဘယ်​သို့​နည်း​ဟု မေး​သော်၊ ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ကို​ပယ်​ပြီ။ အ​ဘယ်​တ​ရား​အား​ဖြင့် ပယ်​သ​နည်း။ အ​ကျင့်​တ​ရား​အား​ဖြင့် ပယ်​သ​လော။ အ​ကျင့်​တ​ရား​အား​ဖြင့် ပယ်​သည်​မ​ဟုတ်။ ယုံ​ကြည်​ခြင်း​တ​ရား​အား​ဖြင့် ပယ်​ပြီ။- 28ထို​ကြောင့် လူ​မည်​သည်​ကား၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​မ​ရှိ​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​တတ်​သည်​ဟု​ယူ​ရ၏။- 29ဘု​ရား​သ​ခင်​သည် ယု​ဒ​လူ​တို့၏​ဘု​ရား​သာ ဖြစ်​တော်​မူ​သ​လော။ တစ်​ပါး​အ​မျိုး​သား​တို့၏​ဘု​ရား ဖြစ်​တော်​မူ​သည်​မ​ဟုတ်​လော။ ဟုတ်​ပေ၏။ တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​လည်း ဖြစ်​တော်​မူ၏။- 30အ​ကြောင်း​မူ​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​နှင့် မ​ခံ​သော​သူ​နှစ်​ဦး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ၌​တည်​စေ​တော်​မူ​သော ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ၏။-#တ​ရား၊ ၆:၄။ 31သို့​ဖြစ်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​တ​ရား​ကို ပယ်​ကြ​သ​လော။ အ​လျှင်း​မ​ပယ်၊ သာ၍ တည်​စေ​ကြ၏။

Currently Selected:

ရောမ 3: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy