YouVersion Logo
Search Icon

၂ ဓမ္မရာဇဝင် 1

1
ရှော​လု​ကွယ်​လွန်​ကြောင်း​ဒါ​ဝိဒ်​သိ​ခြင်း
1ရှော​လု​သေ​သော​နောက်၊ ဒါ​ဝိဒ်​သည် အာ​မ​လက်​လူ​တို့​ကို လုပ်​ကြံ​ရာ​မှ​ပြန်​လာ၍၊ ဇိ​က​လတ်​မြို့၌ နှစ်​ရက်​နေ​ပြီး​လျှင်၊ 2သုံး​ရက်​မြောက်​သော​နေ့​တွင် လူ​တစ်​ယောက်​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက်၊ မိ​မိ​ခေါင်း​ပေါ်​မှာ မြေ​မှုန့်​ကို​တင်​လျက်၊ ရှော​လု​တပ်​က​လာ၍၊ ဒါ​ဝိဒ်​ထံ​သို့​ရောက်​သော်၊ မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​ရှိ​ခိုး၏။ 3ဒါ​ဝိဒ်​က​လည်း၊ အ​ဘယ်​အ​ရပ်​က လာ​သ​နည်း​ဟု​မေး​လျှင်၊ ထို​သူ​က ကျွန်​တော်​သည် ဣ​သ​ရေ​လ​တပ်​က ပြေး၍​လာ​ပါ​သည်​ဟု လျှောက်​လေ၏။ 4ဒါ​ဝိဒ်​က​လည်း၊ အ​မှု​ကား အ​ဘယ်​သို့​နည်း။ ငါ့​အား​ပြော​ပါ​လော့​ဟု မေး​လျှင်၊ သူ​က ဣ​သ​ရေ​လ​လူ​တို့​သည် စစ်​တိုက်​ရာ​တွင်​ပြေး၍ အ​များ​တို့​သည် လဲ​လျက်​သေ​ပါ​ပြီ။ ရှော​လု​နှင့် သား​တော်​ယော​န​သန်​လည်း သေ​ပါ​ပြီ​ဟု ပြန်​လျှောက်​လေ၏။ 5ထို​သ​တင်း​ကို​ကြား​ပြော​သော လု​လင်​အား ဒါ​ဝိဒ်​က၊ ရှော​လု​နှင့် သား​တော်​ယော​န​သန်​သေ​ကြောင်း​ကို သင်​သည်​အ​ဘယ်​သို့ သိ​သ​နည်း​ဟု​မေး​ပြန်​လျှင်၊ 6ထို​လု​လင်​က၊ ကျွန်​တော်​သည် ဂိ​လ​ဗော​တောင်​ပေါ်​သို့ အ​လို​လို​ရောက်​သော​အ​ခါ၊ ရှော​လု​သည် လှံ​တော်​ကို​မှီ​ထောက်​လျက်​နေ​ပါ၏။ ရ​ထား​စီး​သူ​ရဲ မြင်း​စီး​သူ​ရဲ​တို့​သည် ပြင်း​ထန်​စွာ​လိုက်​ကြ၏။ 7ရှော​လု​သည် နောက်​တော်​သို့ ကြည့်​သ​ဖြင့် ကျွန်​တော်​ကို​မြင်၍ ခေါ်​ပါ၏။ 8ကျွန်​တော်​ရှိ​ပါ​သည်​ဟု လျှောက်​သော​အ​ခါ၊ သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ ကျွန်​တော်​သည် အာ​မ​လက်​လူ​ဖြစ်​ပါ​သည်​ဟု ပြန်​လျှောက်​ပါ၏။ 9ရှော​လု​က​လည်း၊ ငါ့​ထံ​သို့​လာ၍ ငါ့​ကို​သတ်​ပါ​တော့။ ငါ့​အ​သက်​မ​သေ​နိုင်​သော​ကြောင့် ပြင်း​စွာ​သော​ဝေ​ဒ​နာ​ကို ခံ​ရ၏​ဟု​ဆို​သည်​အ​တိုင်း၊ 10လဲ​သော​နောက် အ​သက်​မ​ရှင်​နိုင်​သည်​ကို ကျွန်​တော်​သိ​လျှင် သူ့​ထံ​သို့​သွား၍ သတ်​ပါ၏။ ခေါင်း​တော်၌​ဆောင်း​သော ဦး​ရစ်​နှင့် လက်​ရုံး​တော်၌​ဝတ်​သော လက်​ကောက်​ကို ချွတ်​ယူ​ပြီး​လျှင်၊ ကျွန်​တော်​သ​ခင့်​ထံ​တော်​သို့ ဆောင်​ခဲ့​ပါ​သည်​ဟု လျှောက်​လေ၏။ 11ထို​အ​ခါ ဒါ​ဝိဒ်​သည် မိ​မိ​အ​ဝတ်​ကို​ဆွဲ​ဆုတ်၍၊ သူ၏​လူ​အ​ပေါင်း​တို့​သည် ထို​နည်း​တူ​ပြု​ကြ၏။#၁​ရာ၊ ၃၁:၁-၆။ ၅​ရာ၊ ၁၀:၁-၆၊ ၁:၁၈။ 12ရှော​လု​မှ​စ၍ သား​တော်​ယော​န​သန်၊ ထာ​ဝ​ရ​ဘု​ရား၏​လူ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဓား​ဖြင့်​လဲ​သေ​သော​ကြောင့်၊ သူ​တို့​အ​တွက် ညဉ့်​ဦး​တိုင်​အောင် ငို​ကြွေး​မြည်​တမ်း၍ အ​စာ​ကို​ရှောင်​ကြ၏။ 13ထို​သ​တင်း​ကို​ကြား​ပြော​သော လု​လင်​အား ဒါ​ဝိဒ်​က၊ သင်​သည် အ​ဘယ်​အ​ရပ်​က​လာ​သ​နည်း​ဟု​မေး​လျှင်၊ ထို​သူ​က ကျွန်​တော်​သည် တစ်​ပါး​အ​မျိုး​သား​အာ​မ​လက်​လူ​ဖြစ်​ပါ၏​ဟု ပြန်​လျှောက်​သော်၊ 14ဒါ​ဝိဒ်​က၊ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​သူ​ကို သတ်​ခြင်း​ငှာ သင့်​လက်​ကို အ​ဘယ်​သို့​ဆန့်​ဝံ့​သ​နည်း​ဟု ဆို​လျက်၊ 15လု​လင်​တစ်​ယောက်​ကို ခေါ်၍၊ သူ့​ကို သွား​သတ်​တော့​ဟု ဆို​သည်​အ​တိုင်း၊ လု​လင်​သည် လုပ်​ကြံ၍​သတ်​လေ၏။ 16ဒါ​ဝိဒ်​က​လည်း၊ သင်၏​အ​သွေး​သည် သင့်​ခေါင်း​ပေါ်​မှာ တည်​စေ။ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​သူ​ကို ကျွန်​တော်​သတ်​ပါ​ပြီ​ဟု သင့်​နှုတ်​သည် သင့်​ဘက်၌ သက်​သေ​ခံ​လေ​ပြီ​ဟု ဆို၏။
ဒါ​ဝိဒ်​၏​ငို​ကြွေး​မြည်​တမ်းခြင်း
17ဒါ​ဝိဒ်​သည် ရှော​လု​နှင့်​သား​တော် ယော​န​သန်​ကြောင့် ငို​ကြွေး​မြည်​တမ်း၍၊ 18ယု​ဒ​အ​မျိုး​သား​တို့​အား သင်​စေ​သော လေး​သီ​ချင်း​တည်း​ဟူ​သော ယာ​ရှာ​စာ၌​ပါ​သော သီ​ချင်း​စ​ကား ဟူ​မူ​ကား၊#ယော​ရှု၊ ၁၀:၁၃။ 19အို​ဣ​သ​ရေ​လ ဂုဏ်​အ​သ​ရေ၊ သင်၏​မြင့်​သော​အ​ရပ်​တို့၌ သင်​သည် အ​သေ​ခံ​လေ​ပြီ။ သူ​ရဲ​တို့​သည် လဲ​သေ​ကြ​ပြီ​တ​ကား။ 20ထို​သ​တင်း​ကို ဂါ​သ​မြို့၌ မ​ပြော​ကြ​နှင့်။ အာ​ရှ​ကေ​လုန်​မြို့​လမ်း​တို့၌ မ​ကြား​မ​ပြော​ကြ​နှင့်။ ဖိ​လိ​တ္တိ​အ​မျိုး​သ​မီး​တို့​သည် ဝမ်း​မြောက်၍ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော အ​မျိုး​သ​မီး​တို့​သည် ရွှင်​လန်း​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ 21အို ဂိ​လ​ဗော​တောင်​တို့၊ သင်​တို့​အ​ပေါ်​မှာ နှင်း​မ​ကျ​စေ​နှင့်။ မိုး​မ​ရွာ​စေ​နှင့်။ ပူ​ဇော်​စ​ရာ​အ​သီး​ကို​သီး​သော လယ်​ကွက်​မ​ရှိ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ သူ​ရဲ​ဆောင်​သော ဒိုင်း​တည်း​ဟူ​သော ရှော​လု​ဆောင်​သော​ဒိုင်း​လွှား၊ ဆီ​နှင့်​လိမ်း​ပြီး​သော လက်​နက်​တော်​ကို ရှုတ်​ချ​လေ​ပြီ​တ​ကား။ 22သူ​ရဲ​တို့၏​အ​သွေး၊ ခွန်​အား​ကြီး​သော​သူ​တို့၏​ဆီ​ဥ​မှ ယော​န​သန်၏​လေး​သည် နောက်​သို့​မ​လှန်။ ရှော​လု၏​ဓား​တော်​သည် ကိုယ်​ချည်း​ပြန်၍ မ​လာ​တတ်။ 23ရှော​လု​နှင့် ယော​န​သန်​သည် ချစ်​တတ်​သော​သ​ဘော​ရှိ၍ အ​သက်​ရှင်​စဉ်​အ​ခါ မိတ်​ဆွေ​ဖြစ်​လျက်၊ အ​သက်​သေ​သော​အ​ခါ တစ်​ယောက်​နှင့်​တစ်​ယောက် မ​ကွာ​ဘဲ​လျက် နေ​ကြ၏။ သူ​တို့​သည် ရွှေ​လင်း​တ​ထက်​မြန်၍ ခြင်္သေ့​ထက် ခွန်​အား​ကြီး​ကြ၏။ 24အို​ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့၊ ရှော​လု​ကို ငို​ကြွေး​ကြ​လော့။ သင်​တို့​ကို လှ​သော​က​မ္ဗ​လာ​နီ​နှင့် ဝတ်​စေ၍၊ သင်​တို့​အ​ဝတ်၌​လည်း ရွှေ​တန်​ဆာ​နှင့် ဆင်​စေ​တော်​မူ၏။ 25စစ်​တိုက်​ပွဲ၌ သူ​ရဲ​တို့​သည် လဲ​သေ​ကြ​ပြီ။ အို ယော​န​သန်၊ သင်၏ မြင့်​သော​အ​ရပ်​တို့၌ သင်​သည် အ​သေ​ခံ​လေ​ပြီ​တ​ကား။ 26ငါ့​ညီ​ယော​န​သန်၊ သင့်​ကြောင့် ငါ​ညှိုး​ငယ်​ခြင်း​ရှိ၏။ သင်​သည် ငါ့​မိတ်​ဆွေ​ကြီး​ဖြစ်၍၊ ငါ့​ကို​ချစ်​သော​မေ​တ္တာ​သည် အံ့​ဩ​ဖွယ်​သော​မေ​တ္တာ၊ မိန်း​မ​ကို ချစ်​တတ်​သော မေ​တ္တာ​ထက်​သာ၍ အား​ကြီး​သော​မေ​တ္တာ​ဖြစ်၏။ 27သူ​ရဲ​တို့​သည် လဲ​သေ​ကြ​ပြီ​တ​ကား။ စစ်​တိုက်​လက်​နက်​တို့​သည် ဆုံး​ကြ​ပြီ​တ​ကား​ဟု ပါ​သ​တည်း။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy