ဆာလံကျမ်း 94
94
မှန်ကန်မျှတသောတရားစီရင်ခြင်းအရှင်
1လက်တုံ့ပြန်တော်မူသောဘုရားသခင် အို ထာဝရဘုရား၊
လက်တုံ့ပြန်တော်မူသောဘုရားသခင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
2ကမ္ဘာမြေကြီးကိုတရားစီရင်တော်မူသောအရှင်၊ ထတော်မူပါ။
မောက်မာသောသူတို့အား အကျိုးအပြစ်ကို ပြန်ပေးဆပ်စေတော်မူပါ။
3ဆိုးယုတ်သောသူတို့သည် မည်မျှကြာအောင်၊ အို ထာဝရဘုရား၊
ဆိုးယုတ်သောသူတို့သည် မည်မျှကြာအောင် ရွှင်မြူးကြမည်နည်း။
4သူတို့သည် မောက်မာသောစကားများကို မြွက်ဟပြောဆိုကြပါ၏။
အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဝါကြွားကြပါ၏။
5အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏လူမျိုးတော်ကို နှိမ်နင်း၍
ကိုယ်တော်၏အမွေတော်ကို နှိပ်စက်ကြပါ၏။
6သူတို့သည် မုဆိုးမနှင့် တိုင်းတစ်ပါးသားကို သတ်ဖြတ်ကြပါ၏။
ဖတဆိုးတို့ကိုလည်း သတ်၍
7“ထာဝရဘုရားက မမြင်၊
ယာကုပ်၏ဘုရားသခင်က မသိ”ဟု ဆိုကြပါ၏။
8လူတို့ထဲမှ အသိတရားကင်းမဲ့သောသူတို့၊ နားလည်ကြလော့။
မိုက်မဲသောသူတို့၊ မည်သည့်အချိန်မှ ပညာသတိရှိလာကြမည်နည်း။
9နားကိုစိုက်ထားသောအရှင်သည် မကြားဘဲနေတော်မူမည်လော။
မျက်စိကိုပုံဖော်ဖန်ဆင်းသောအရှင်သည် မမြင်ဘဲနေတော်မူမည်လော။
10လူမျိုးတကာတို့ကို ပဲ့ပြင်သောအရှင်၊ လူကို အသိပညာသင်ကြားပေးသောအရှင်သည်
မဆုံးမဘဲနေတော်မူမည်လော။
11လူ၏အကြံအစည်တို့သည် အချည်းနှီးဖြစ်ကြောင်းကို
ထာဝရဘုရားသိတော်မူ၏။#၁ကော 3:20။
12-13အို ထာဝရဘုရား၊ ဆိုးယုတ်သောသူတို့အတွက် တွင်းတူးစဉ်အခါ
ဒုက္ခရောက်သောနေ့ရက်များမှလွတ်ငြိမ်းစေရန် ကိုယ်တော်ပဲ့ပြင်သောသူ၊
ကိုယ်တော်၏တရားတော်ကို ကိုယ်တော်သင်ကြားပေးသောသူသည် မင်္ဂလာရှိပါ၏။
14အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို ပစ်ပယ်တော်မူမည်မဟုတ်။#ရော 11:2။
မိမိ၏အမွေတော်ကိုလည်း စွန့်ပစ်တော်မူမည်မဟုတ်။
15အကယ်စင်စစ် တရားစီရင်ခြင်းသည် ဖြောင့်မတ်ခြင်းထံသို့ ပြန်လှည့်လာ၍
စိတ်နှလုံးဖြောင့်မှန်သောသူအပေါင်းတို့သည် ၎င်း၏နောက်သို့လိုက်ကြလိမ့်မည်။
16မည်သူသည် ဆိုးညစ်သောအမှုပြုသောသူတို့ကို ဆန့်ကျင်ပြီး ငါ့အတွက်ထမည်နည်း။
မည်သူသည် အပြစ်ဒုစရိုက်ပြုသောသူတို့ကို ဆန့်ကျင်ပြီး ငါ့အတွက် ရပ်တည်မည်နည်း။
17ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မမူလျှင် ငါ၏စိတ်ဝိညာဉ်သည်
တစ်ခဏချင်းတွင် ဆိတ်ငြိမ်ရာအရပ်၌ နေရပေလိမ့်မည်။
18“ငါ့ခြေချော်ပြီ”ဟု အကျွန်ုပ်ဆိုသောအခါ အို ထာဝရဘုရား၊
ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အကျွန်ုပ်ကိုဖေးမတော်မူ၏။
19အကျွန်ုပ်စိတ်ထဲ၌ စိုးရိမ်ပူပန်မှု များပြားသောအခါ ကိုယ်တော်၏နှစ်သိမ့်မှုသည်
အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ရွှင်လန်းချမ်းမြေ့စေပါ၏။
20ပြဋ္ဌာန်းချက်အားဖြင့် အခက်အခဲပြဿနာကို ဖြစ်ပေါ်စေသော ယုတ်မာစဉ်းလဲသည့်ရာဇပလ္လင်သည်
ကိုယ်တော်နှင့်မိတ်ဖွဲ့နိုင်ပါမည်လော။
21သူတို့သည် ဖြောင့်မတ်သောသူ၏အသက်ကို ရန်ရှာရန်စုဝေး၍
အပြစ်ကင်းသောသူကို သေဒဏ်စီရင်ကြပါ၏။
22သို့သော် ထာဝရဘုရားသည် ငါ၏ခိုကိုးရာဖြစ်တော်မူ၏။
ငါ၏ဘုရားသခင်သည် ငါခိုလှုံရာ ကျောက်ဆောင်ဖြစ်တော်မူ၏။
23ကိုယ်တော်သည် သူတို့၏အပြစ်ဒုစရိုက်အတွက် သူတို့ကိုလက်တုံ့ပြန်၍
သူတို့၏မကောင်းမှုအတွက် သူတို့ကိုဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။
ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ဖယ်ရှားသုတ်သင်တော်မူလိမ့်မည်။
Currently Selected:
ဆာလံကျမ်း 94: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: