ဓမ္မရာဇဝင်ပထမစောင် 27
27
ဇိကလတ်မြို့သို့ ဒါဝိဒ်ထွက်ပြေးခြင်း
1ဒါဝိဒ်သည် စိတ်ထဲတွင် “တစ်နေ့မဟုတ် တစ်နေ့ ရှောလုမင်းကြီးလက်ဖြင့် ငါသေရလိမ့်မည်။ ဖိလိတ္တိပြည်သို့ထွက်ပြေးတိမ်းရှောင်သွားခြင်းထက် ငါ့အတွက် ကောင်းသောနည်းလမ်းမရှိ။ သို့မှ ရှောလုမင်းကြီးသည် ငါ့ကို အစ္စရေးနယ်မြေတွင် ရှာဖွေခြင်းမှ လက်လျှော့ပြီး သူ့လက်မှ လွတ်မြောက်ရလိမ့်မည်”ဟု တွေးမိသဖြင့် 2ဒါဝိဒ်သည် ထ၍ သူ့နောက်လိုက်လူခြောက်ရာတို့နှင့်အတူ မောခ၏သား ဂါသဘုရင်အာခိတ်မင်းကြီးထံသို့ သွားလေ၏။ 3ဒါဝိဒ်နှင့်အတူ သူ့နောက်လိုက်အားလုံးနှင့် သူတို့၏အိမ်ထောင်မိသားစုများအပါအဝင် ဒါဝိဒ်၏ဇနီးနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် ကရမေလမြို့သူ နာဗလ၏မယားဖြစ်ခဲ့ဖူးသော အဘိဂဲလတို့သည် ဂါသမြို့၌ အာခိတ်မင်းကြီးနှင့်အတူ နေထိုင်ကြ၏။ 4ဂါသမြို့သို့ ဒါဝိဒ်ထွက်ပြေးသွားသည့်အကြောင်းကို ရှောလုမင်းကြီး ကြားသိလျှင် ဒါဝိဒ်ကို ဆက်၍မရှာတော့ပေ။
5ဒါဝိဒ်က အာခိတ်မင်းကြီးအား “အကျွန်ုပ်သည် အရှင်မင်းကြီးရှေ့၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်နေထိုင်ဖို့ ကျေးလက်မြို့ တစ်မြို့မြို့ကို ပေးသနားပါ။ အရှင်မင်းကြီး၏အစေအပါးသည် အဘယ်ကြောင့် အရှင်မင်းကြီးနှင့်အတူ မင်းနေပြည်တော်တွင် နေရပါမည်နည်း”ဟု လျှောက်ဆို၏။ 6ထို့ကြောင့် ထိုနေ့တွင်ပင် အာခိတ်မင်းကြီးသည် သူ့အား ဇိကလတ်မြို့ကို ပေး၏။ ယနေ့တိုင်အောင် ဇိကလတ်မြို့သည် ယုဒဘုရင်တို့ ပိုင်ဆိုင်သောမြို့ ဖြစ်လေ၏။ 7ဖိလိတ္တိပြည်တွင် ဒါဝိဒ်နေထိုင်ခဲ့သောအချိန်ကာလမှာ တစ်နှစ်နှင့်လေးလဖြစ်၏။
8ထိုသို့နေစဉ်တွင် ဒါဝိဒ်နှင့် သူ့နောက်လိုက်တို့သည် ဂေရှုရိလူမျိုး၊ ဂေရဇိလူမျိုးနှင့် အာမလက်လူမျိုးတို့ ရှေးကတည်းကပင် နေထိုင်ရာဖြစ်သော ရှုရအရပ်တစ်လျှောက် အီဂျစ်ပြည်အထိ ချီတက်တိုက်ခိုက်လေ့ရှိ၏။ 9ဒါဝိဒ်သည် ထိုအရပ်ကို တိုက်ခိုက်ပြီးလျှင် ယောက်ျားမိန်းမ တစ်ယောက်မကျန် သုတ်သင်ပစ်၏။ သိုး၊ နွား၊ မြည်း၊ ကုလားအုတ်နှင့် အဝတ်အစားတို့ကိုလည်း သိမ်းယူပြီး အာခိတ်မင်းကြီးထံ ပြန်သွားလေ၏။ 10အာခိတ်မင်းကြီးကလည်း “ယနေ့ မည်သည့်အရပ်တွင် တိုက်ခိုက်ခဲ့သနည်း”ဟု မေးလျှင် ဒါဝိဒ်က “ယုဒတောင်ဘက်”၊ “ယေရမေလတောင်ဘက်”၊ “ကေနိတောင်ဘက်” စသည်ဖြင့် ပြန်လျှောက်လေ့ရှိ၏။
11“ငါတို့ကို ဒါဝိဒ် ဤသို့ပြုပါပြီ”ဟု သတင်းထွက်မည်ကိုစိုးရိမ်၍ ဂါသမြို့သို့သတင်းမရောက်စေရန် ဒါဝိဒ်သည် ယောက်ျားမိန်းမ တစ်ယောက်မျှမကျန် အကုန်သုတ်သင်ပစ်၏။ ဖိလိတ္တိနယ်တွင် နေစဉ်ကာလတစ်လျှောက်လုံး ဤသို့ပြုလေ၏။ 12အာခိတ်မင်းကြီးသည် ဒါဝိဒ်ကိုယုံပြီး “ဒါဝိဒ်ကို သူ့လူမျိုးအစ္စရေးတို့ အလွန်စက်ဆုပ်ရွံရှာကြပြီ။ ထို့ကြောင့် သူသည် ငါ့ထံ၌ အစဉ်အမြဲကျွန်ခံရလိမ့်မည်”ဟု ဆို၏။
Currently Selected:
ဓမ္မရာဇဝင်ပထမစောင် 27: MSBU
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: