ကိုယ်တော်အား ကြောက်ရွံ့ရိုသေကြသူတို့အတွက် သိုမှီးထားတော်မူသော ကောင်းသည့်အရာများသည် အလွန်ပင်အံ့ဩဖွယ်ကောင်းလှပါ၏။ ကိုယ်တော်သည် ကောင်းမြတ်တော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ထံတွင်ခိုလှုံကြသူတို့အား ကွယ်ကာတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါ၏။