1
Psalms 27:14
TPV-RV (Thamma Pitakadaw)
TPV-RV
ဘုရားရှင်အား စောင့်မျှော်လော့။ ခွန်အားယူ၍ သင်၏စိတ်နှလုံးကို ရဲရင့်စေလော့။ ဘုရားရှင်အား စောင့်မျှော်လော့။
Compare
Explore Psalms 27:14
2
Psalms 27:4
ဘုရှင်အား အကျွန်ုပ်တောင်းလျှောက်လိုသောဆု၊ အကျွန်ုပ်လိုချင်တောင့်တသောဆု တစ်ခုတည်းရှိ၏။ ထိုဆုသည်ကား ဘုရားရှင်၏အိမ်တော်တွင် အကျွန်ုပ်၏ ဘဝတစ်သက်သာလုံးနေထိုင်ရ၍ ကျေးဇူးတော်ကိုချီးမွမ်းကာ ကိုယ်တော်၏လမ်းပြမှုကို တောင်းခံနိုင်သော အခွင့်ပင်ဖြစ်၏။
Explore Psalms 27:4
3
Psalms 27:1
ဘုရားရှင်သည် အကျွန်ုပ်၏အလင်း၊ အကျွန်ုပ်အား ကယ်တင်တော်မူသောအရှင်ဖြစ်ပါ၏။ အကျွန်ုပ်သည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။ ဘုရားရှင်သည် အကျွန်ုပ်အား ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်စောင့်ရှောက်တော်မူသည့်အတွက် အကျွန်ုသည် မည်သူ့ကိုမျှ ကြောက်ရွံ့လိမ့်မည်မဟုတ်။
Explore Psalms 27:1
4
Psalms 27:13
အမှန်စင်စစ် အသက်ရှင်သောသူတို့၏တိုင်းပြည်၌ ဘုရားရှင်၏ကောင်းမြတ်ခြင်းကို တွေ့မြင်ရမည်ဟု အကျွန်ုပ်ယုံကြည်စိတ်ချပါ၏။
Explore Psalms 27:13
5
Psalms 27:5
အကြောင်းမူကား အကျွန်ုပ်ဒုက္ခရောက်သောနေ့၌ ကိုယ်တော်သည် မိမိကိန်းဝပ်ရာအရပ်၌ အကျွန်ုပ်အား ဝှက်ထားတော်မူလိမ့်မည်။ ကိုယ်တော်၏ တဲတော်ရှိသည့် ကွယ်ကာရာအရပ်၌ အကျွန်ုပ်ကို ဖုံးကွယ်ထား၍ ကျောက်ဆောင်ပေါ်သို့ အကျွန်ုပ်အား ဆွဲတင်တော်မူလိမ့်မည်။
Explore Psalms 27:5
Home
Bible
Plans
Videos