ကိုယ်တော်သည် ငါ၌ရှိသမျှသောအပြစ်တရားတို့ကို ဖြေလွှတ်တော်မူ၍ ငါ၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။ ကိုယ်တော်သည် ငါ့အားသေဘေးမှ ကယ်တင်တော်မူ၍ မေတ္တာတော်နှင့် ဂရုဏာတော်တို့ဖြင့် လွမ်းခြုံတော်မူ၏။ ကိုယ်တော်သည် ငါ့အား ကောင်းချီးပေးသနားတော်မူသဖြင့် ငါသည် လင်းယုန်ငှက်ကဲ့သို့ နုပျိုသန်စွမ်းလျှက်ရှိ၏။