အို ဘုရားရှင် ကိုယ်တော်သည် စိတ်နှလုံးနှိမ့်ချသူတို့၏ ဆုတောင်းသံကို ကြားတော်မူပြီး သူတို့အား ရဲစွမ်းသတ္တိကို ပေးတော်မူလိမ့်မည်။ ဖိနှိပ်ခြင်းခံရသူများနှင့် မိဘမဲ့များအား နောက်ထပ်တစ်ဖန် မခြောက်လှန့်နိုင်ရန်အတွက် ကိုယ်တော်သည် ထိုသူတို့၏ အော်ဟစ်တောင်းလျှောက်သံကို ကြားတော်မူ၍ သူတို့၏အကျိုးစီးပွားကိုထောက်လျက် တရားစီရင်တော်မူလိမ့်မည်။