ကိုယ်တော်သည်လည်း မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူ၍ ကောင်းကင်သို့ မှန်းမျှော်ကာ ကျေးဇူးတော်ချီးမွမ်းပြီးမှ မုန့်များကို ဖဲ့၍ လူအုပ်ကြီးကို ကျွေးမွေးရန် တပည့်တော်များထံသို့ ပေးလေ၏။ ထို့နောက် ကိုယ်တော်သည် ငါးနှစ်ကောင်ကိုလည်း ထိုနည်းအတိုင်း လူအားလုံးအတွက် ခွဲဝေပေးလေ၏။ လူအားလုံးတို့သည်လည်း ဝလင်စွာ စားသုံးကြရသည့်အပြင် ပိုလျှံသောမုန့်နှင့် ငါးအပိုင်းအစများကို တပည့်တော်တို့က ကောက်ယူစုဆောင်းကြရာ ခြင်းတောင်းတစ်ဆယ့်နှစ်တောင်းပင် ပြည့်လျှံနေလေ၏။