YouVersion Logo
Search Icon

Popular Bible Verses from မဿဲ 28

.ထို့ကြောင့် ဘာသာရေးဂိုဏ်ချုပ်ကြီးများသည် လူမျိုးခေါင်းဆောင်များနှင့် တွေ့ဆုံတိုင်ပင်ကြပြီး တပ်သားများအားငွေအမြောက်အများ လာဘ်ပေးရန်ဆုံးဖြတ်ကြလေသည်။ .သူတို့သည် တပ်သားများအား ‘သင်တို့အိပ်ပျော်နေစဉ် ကိုယ်တော်ယေရှု၏ ရုပ်ကလာပ်ကို သူ့တပည့်တွေလာခိုးသွားတယ်လို့ လူတိုင်းကိုပြောပါ။ တကယ်လို့ ထိုသတင်းကို ဘုရင်ခံမင်းကြားသိလျှင်လည်း သင်တို့အတွက် ငါတို့ရှင်းပြပေးမယ်။ ဒီကိစ္စနှင့်ပက်သက်လို့ သင်တို့ဘာမှမပူပါနှင့်’ ဟုမှာကြားလိုက်လေသည်။ .တပ်သားတို့သည်လည်း ငွေများကိုယူ၍ သူတို့စေခိုင်းသည့်အတိုင်း ပြောကြလေသည်။ ထိုသတင်းပုံပြင်ကို ယုဒအမျိုးသားတို့သည် ယခုတိုင်အောင် အခြားသူများအား ပြောပြလျက်ရှိနေကြသည်။

Free Reading Plans and Devotionals related to မဿဲ 28