1
Matthew 26:41
TPV-RV (Thamma Pitakadaw)
TPV-RV
.နိုးကြားစွာနေပြီးဆုတောင်းကြပါ၊ သင်တို့အစမ်းသပ် မခံရစေနဲ့၊ သင်တို့အမှန်တရားကိုလိုချင်သော်လည်း သင်တို့အားနည်းနေကြသေးသည်’ဟု မိန့်တော်မူလိုက်လေသည်။
Compare
Explore Matthew 26:41
2
မဿဲ 26:38
သူတို့အား “ငါ၏စိတ်နှလုံးသည် သေလုမတတ် လွန်စွာစိုးရိမ်ပူပန်နေရ၏။ ဤနေရာတွင် ငါနှင့်အတူ သတိဝိရိယဖြင့် စောင့်နေကြလော့” ဟုမိန့်တော်မူပြီးလျှင်
Explore မဿဲ 26:38
3
မဿဲ 26:39
ကိုယ်တော်သည် ရှေ့သို့အနည်းငယ်မျှ ကြွတော်မူပြီး ဒူးထောက်လျက် “အို အဖဘုရားရှင်၊ ဖြစ်နိုင်လျှင် ဤဆင်းရဲဒုက္ခအပေါင်းမှ ကျော်လွန်စေတော်မူပါ။ သို့သော် ကျွန်ုပ်၏ အလိုဆန္ဒအတိုင်းမဟုတ်ဘဲ အဖဘုရားရှင်၏အလိုတော်အတိုင်းသာ ဖြစ်စေတော်မူပါ” ဟုဆုတောင်းတော်မူ၏။
Explore မဿဲ 26:39
4
Matthew 26:28
.ဒီဝိုင်သည် ကျွန်ုပ်၏သွေးဖြစ်၏။ ဒီသေါးဖြင့် ဘုရားရှင်သည်သင်တို့အား ကတိဝတ်ပြုခြင်းဖြစ်သည်။ ဒီသွေးသည်အပြင်သို့ သွန်းလောင်းခြင်းခံရမည်။ သို့မှသာလူများစွာ၏ အပြစ်ကို ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည်။
Explore Matthew 26:28
5
မဿဲ 26:26
ထို့နောက် သူတို့စားသောက်နေကြစဉ်တွင် ကိုယ်တော်ယေရှုသည် မုန့်အားကိုင်၍ ဘုရားရှင်၏ဂုဏ်ကျေးဇူးကို ချီးမွမ်းတော်မူပြီး ထိုမုန့်ကိုဖဲ့၍ တပည့်တော်တို့အားပေးကာ “ယူ၍စားကြလော့၊ ဤမုန့်သည် ငါ၏ခန္ဓာဖြစ်၏” ဟုမိန့်တော်မူ၏။
Explore မဿဲ 26:26
6
မဿဲ 26:27
ထို့နောက် ခွက်ကိုလည်းယူ၍ ဘုရားရှင်၏ဂုဏ်ကျေးဇူးကို ချီးမွမ်းပြီးလျှင် တပည့်တော်တို့အားပေးလျက် “သင်တို့အားလုံး ဤခွက်ကိုယူ၍သောက်ကြလော့။
Explore မဿဲ 26:27
7
မဿဲ 26:40
ထို့နောက် တပည့်တော်တို့ရှိရာသို့ ပြန်လာသောအခါ သူတို့သည် အိပ်ပျော်နေကြသည်ကို မြင်သည့်အတွက် ကိုယ်တော်က ပေတရုအား “သင်တို့သည် တစ်နာရီမျှပင် ငါနှင့်အတူ သတိနှင့်မစောင့်နိုင်ကြသလော။
Explore မဿဲ 26:40
8
မဿဲ 26:29
သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားရှင်၏ရွှေမြို့တော်တွင် သင်တို့နှင့်အတူတူ သောက်ရမည့်အချိန်မတိုင်မီအထိ ယခုအချိန်မှစပြီး ဤစပျစ်ရည်ကို ငါသည်လုံးဝသောက်တော့မည်မဟုတ်” ဟုမိန့်တော်မူလေ၏။
Explore မဿဲ 26:29
9
မဿဲ 26:75
ထိုအခါ ပေတရုသည် “ကြက်မတွန်ခင် သင်သည် ငါ့အား သုံးကြိမ်တိုင်တိုင် ငြင်းပယ်လိမ့်မည်” ဟုကိုယ်တော်ယေရှုမိန့်တော်မူခဲ့သော စကားကိုသတိရသွားပြီး အပြင်ဘက်သို့ထွက်၍ ဝမ်းနည်းကြေကွဲစွာဖြင့်ငိုကြွေးလေ၏။
Explore မဿဲ 26:75
10
မဿဲ 26:46
ထကြ၊ သွားကြစို့။ ငါ့အား သစ္စာဖောက်သောသူသည် ရောက်လာတော့မည်” ဟုမိန့်တော်မူ၏။
Explore မဿဲ 26:46
11
မဿဲ 26:52
ကိုယ်တော်က ထိုသူအား “သင်၏ဓါးကို သူ့နေရာသူ ပြန်ထားလော့။ အကြောင်းမူကား ဓါးကိုင်ကြသောသူတို့သည် ဓါးဖြင့်ပင် သေကြေပျက်စီးရလိမ့်မည်။
Explore မဿဲ 26:52
Home
Bible
Plans
Videos