သို့သော် သင်တို့သည်ကား ထိုကဲ့သို့ မပြုလုပ်သင့်။ သင်တို့ထဲတွင် ခေါင်းဆောင်ဖြစ်လိုသောသူသည် အစေခံကဲ့သို့ နှိမ့်ချပြီးနေရမည်။ အကယ်၍ သင်တို့အထဲမှ တစ်စုံတစ်ဦးသည် ဘုရားရှင်၏သာသနာတော်တွင် အရေးကြီးဆုံးသောပုဂ္ဂိုလ်ဖြစ်လိုလျှင် လူတိုင်း၏အစေခံကဲ့သို့ ပြုမူနေထိုင်ရမည်။ လူ့သားတော်ပင်လျှင် လူတို့၏လုပ်ကျွေးပြုစုခြင်းကို ခံယူရန်ရောက်လာခြင်းမဟုတ်ဘဲ လူတို့အား အလုပ်အကျွေးပြုရန်နှင့် မိမိအသက်ကို စွန့်၍ လူတို့ကိုရွေးနုတ်ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်” ဟုမိန့်တော်မူလေ၏။