ထိုအခါ ကိုယ်တော်က “၎င်းတို့ကို ငါ့ထံသို့ ယူလာခဲ့လော့” ဟုမိန့်လေ၏။ ထို့နောက် လူထုပရိတ်သတ်တို့အား မြက်ခင်းပြင်ပေါ်တွင် ထိုင်ကြရန်မိန့်တော်မူကာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူ၍ ကောင်းကင်သို့မျှော်ကြည့်ကာ ဘုရားရှင်၏ကျေးဇူးတော်အား ချီးမွမ်းဆုတောင်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူလေ၏။ တပည့်တော်တို့ကလည်း လူထုပရိတ်သတ်များအား ပေးဝေကြလေ၏။