အရှင်ယေရှုဘုရား၏ ပုံဥပမာများနမူနာ

အပြစ်မလွှတ်သည့်ကျွန်ပုံဥပမာ
ဤပုံဥပမာနှစ်ခုသည် တူညီသောဇာတ်တော်ကို မဖော်ပြသောလည်း၊ ခွင့်လွှတ်ခြင်း၏ အစွမ်းတန်ခိုးကို ဖော်ပြထားပါသည်။ အရှင်ယေရှဘုရားသည် ဤပုံဥပမာများအားဖြင့် ကျေးဇူးတော်တရားနှင့် ခွင့်လွှတ်ခြင်းအကြောင်းကို မိန့်တော်မူခဲ့သည်။ ပထမပုံဥပမာတွင်၊ အရှင်ယေရှုဘုရားသည် အပြစ်ကြီးသောသူတစ်ဦးကို ခွင့်လွှတ်တော်မူသောကြောင့် ခွင့်လွှတ်ခြင်း၏ တန်ဖိုးကို ပြသတော်မူခဲ့သည်။ ဒုတိယပုံဥပမာတွင်၊ ကိုယ်တော်၏ မဟာကရုဏတော်ကို ထောက်လျက် သူတစ်ပါးကို ခွင့်လွှတ်ရမည်ဟု အရှင်ယေရှုဘုရား မိန့်တော်မူခဲ့သည်။ မိတ်ဆွေခံရခဲ့သော အရှင်ယေရှုဘုရား၏ ကယ်နုတ်ချမ်းသာကျေးဇူးတော်ကို ဘယ်လောက်မြင့်မြတ်သလဲဆိုသည်ကို ဆင်ခြင်စဉ်းစားလိုက်ပါ။ ကိုယ်တော်၏ ခွင့်လွှတ်ခြင်းအတွက် ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါ။
ရှင်မဿဲခရစ်ဝင်ကျမ်းရှိ ပုံဥပမာတွင်၊ ကျွန်တော်တို့သည် သူတစ်ပါးကို ခွင့်လွှတ်စေရန် တာဝန်ရှိကြပါသည်ဟု ဖော်ပြထားပါသည်။ သင်တို့သည်လည်း ညီအစ်ကို အချင်းချင်းတို့ကို စိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ အဘသည် ထိုနည်းတူ သင်တို့ကို စီရင်တော်မူလတ္တံ့ဟု မိန့်တော်မူ၏ (မ၊ ၁၈း၃၅)။ သူတစ်ပါးကို ခွင့်လွှတ်စေဖို့၊ မိမိစိတ်နှလုံးအထဲရှိ ခါးစွာသောပင်မြစ်နှင့် အကရုဏာကို ပယ်ရှားကြပါစို့။
မိတ်ဆွေသည် ဘယ်သူကို ခွင့်လွှတ်ရမလဲ။ မိမိစိတ်နှလုံးထဲတွင် အကရုဏာနှင့် ဒေါသကို သိုထားနေပါသလား။ မိမိအိမ်ထောင်ဖက်၊ ကလေးတစ်ယောက်၊ မိဘများ၊ သူငယ်ချင်းတစ်ယောက် (သို့) လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို မုန်းနေပါလား။ သို့မဟုတ်၊ သူတစ်ပါး၏ ခွင့်လွှတ်ခြင်းကို ခံယူရန် လိုနေပါသလား။ တကယ်လိုနေပါက၊ ကိုယ်ကိုနှိမ့်ချပြီး ထိုသူထံ သွား၍ မိမိပြစ်မှားခြင်းကို ခွင့်လွှတ်စေဖို့ တောင်းဆိုလိုက်ပါ။
ဤအစီအစဉ်အကြောင်း

ဤအစီစဉ်တွင်၊ အရှင်ယေရှုဘုရား၏ ပုံဥပမာများကို ဖော်ပြထားသလို အနက်ကိုလည်း ဖော်ပြထားပါလိမ့်မည်။ ဤအစီစဉ်တွင်၊ အနာယူနေ့များ ရှိပြီး ဘုရားသခင်၏ မဟာတန်ခိုးတော်နှင့် မေတ္တာကရုဏာတော်အကြောင်းကို အောက်မေ့သတိရစေ၍ စစ်မှန်သော ခွန်အားကို ရရှိခံစားစေဖို့ အကူအညီ ပေးပါလိမ့်မည်။
More