အရှင်ယေရှုဘုရား၏ ပုံဥပမာများနမူနာ

စပျစ်ဥယျာဉ်လုပ်သားပုံဥပမာ
ဤပုံဥပမာကို ဖတ်ရှုသောအခါ၊ အိမ်ရှင်၏ ဘက်၌ နေလိုပါသလား (သို့) သူငှားများ၏ ဘက်၌ နေလိုပါသလား။ မိတ်ဆွေသည် သူငှားများနေအတူ အိမ်ရှင်ကို ကဲ့ရဲ့ပြစ်တင်တတ်ပါသလား။
ဤပုံဥပမာသည် ကျွန်တော်တို့၏ ကြိုးစားအားထုတ်မှုနှင့် ဘုရားသခင်၏ မဟာကရုဏာတော်ကို ဖော်ပြထားပါသည်။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့် မရှိ (ဧ၊ ၂း၉)။ သို့သော်၊ ယုံကြည်သူတချို့သည် မိမိကုသိုလ်ကောင်းမှု၌ ဝါကြွားလျက် ငါ့ကောင်ကြီးကို ဆပ်ပေးလော့ဟု ဘုရားသခင်ထံ အတင်းအဓမ္မ လုပ်ခိုင်းတတ်ကြသည်တကား။
ဤပုံဥပမာထဲရှိ အိမ်ရှင်သည် တရားမျှတပြီး၊ ကတိပေးသည့်အတိုင်း အလုပ်သမားတိုင်းကို အမျှပေးခဲ့သည်။ ထိုနည်းတူစွာ၊ ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ကျွန်တော်တို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊ ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော ကျွန်တော်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရသည်။ သို့ရာတွင်၊ ကျွန်တော်တို့သည် သစ္စာရှိသော သူငှားများ ဖြစ်နေပါသလား။ ကျွန်တော်တို့၏ ကုသိုလ်ကောင်းမှုသည် သူတစ်ပါးထက် ပိုမိုကြီးမြတ်သည်ဟု ထင်မြင်လျက် ပိုမိုကြီးမြတ်သော ဆုလာဘ်ကို မျှော်လင့်နေပါသလား။ သူတစ်ပါးသည် ကျွန်တော်တို့ထက် မလုပ်ဆောင်သောလည်း ဘုရားသခင်၏ ဆုကျေးဇူးကို ရရှိခံစားသောအခါ၊ မိတ်ဆွေသည် မကျေမနပ်ဘဲ မြည်တမ်းလျက် နေတတ်ပါသလား။
သို့မဟုတ်၊ ဘုရားသခင်သည် အပြစ်ရှိသော ကျွန်တော်တို့ကို ရွေးကောက်ပေးသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းတတ်ပါသလား။ ကျွန်တော်တို့သည် လုံးဝမထိုက်တန်သောလည်း ကိုယ်တော်ဘုရားသည် သတိနှင့်ကြည့်ရှုလျက် ကျွန်တော်တို့အလိုရှိသမျှတို့ကို ပြည့်စုံစေတော်မူသည်။ ကိုယ်တော်၏ မဟာမေတ္တာကရုဏာတော်သည် အနန္တ ဖြစ်သည်။ ထို့ကြောင့်၊ သူတစ်ပါးသည် ထိုမဟာမေတ္တာကရုဏာတော်ကို ရရှိခံစားစေသောအခါ မုဒိတာစိတ်ကို ထားလျက် ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါ။ ဘုရားသခင်၏ အံ့ဩဖွယ်လှသော ကယ်နုတ်ကျေးဇူးတော်ကို မမေ့ပါစေနှင့်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဤအစီစဉ်တွင်၊ အရှင်ယေရှုဘုရား၏ ပုံဥပမာများကို ဖော်ပြထားသလို အနက်ကိုလည်း ဖော်ပြထားပါလိမ့်မည်။ ဤအစီစဉ်တွင်၊ အနာယူနေ့များ ရှိပြီး ဘုရားသခင်၏ မဟာတန်ခိုးတော်နှင့် မေတ္တာကရုဏာတော်အကြောင်းကို အောက်မေ့သတိရစေ၍ စစ်မှန်သော ခွန်အားကို ရရှိခံစားစေဖို့ အကူအညီ ပေးပါလိမ့်မည်။
More