YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ခရစ္စမတ်ဆိုသည်နမူနာ

The Christmas Story

5 ၏ နေ့ 5

လောကီသားတို့သည် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း

ယေရှုက ကတိပြုထားတဲ့ ကယ်တင်ရှင်ဖြစ်သလို ဒါဝိဒ်၏သားတော်လည်း ဖြစ်ပေမဲ့၊ ယေရှုက ဒီဘွဲ့နာမများကို ရရှိစေဖို့ ဘယ်လိုအသက်ရှင်ခဲ့သလဲ? အမှန်တကယ်တော့၊ ဒီသင်္ခါရလောကဟာ နှစ်ထောင်ပေါင်းများစွာကြာမှ ပျက်စီးသွားသလိုပဲ ဖြစ်နေပါတယ်။ ဒါကြောင့်မလို့ ယေရှုက မိမိတာဝန်ကို ဘယ်လိုပြီးမြောက်စေခဲ့ပါသလဲ။



လူအများက လာမည့်ကယ်တင်ရှင်ကို ဘယ်လိုဖြစ်မလဲလို့ အမျိုးမျိုး ဆင်ခြင်စဉ်းစားမိခဲ့ပါတယ်။ လူတချို့က ကယ်တင်ရှင်သည် မိမိရန်သူများကို မောင်းထုတ်မည့် သူရဲကောင်းတစ်ပါးဖြစ်မည်ဟု ယူဆကြပါတယ်။ အခြားသူများက ကယ်တင်ရှင်သည် အပြစ်သားများကို ကြပ်တည်းစွာစီရင်မယ့် တရားသူကြီးဖြစ်မယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ ယေရှုလိုလူကို ဘယ်သူမှ မမျှော်လင့်ထားပါဘူး။



ယေရှုက သာမန်လူတွေနဲ့အတူ သွားလာခဲ့ပါတယ်။ ကိုယ်တော်က သူတစ်ပါးကို ဂရုစိုက်ခြင်းဖြင့် ဘုရားသခင်နဲ့ မိတ်သဟာယဘယ်လိုဖွဲ့ရမယ်ဆိုတာကို သင်ကြားပေးခဲ့ပါတယ်။ ယေရှုက အရေးမပါတဲ့ ဝိညာဉ်ရေးအားနည်းတဲ့လူတွေကို အကျိုးပြုစုစေဖို့ အံ့ဩဖွယ်နိမိတ်လက္ခဏာတွေ ပြခဲ့ပါတယ်။ ယေရှုက အပြစ်သားများနဲ့အတူ အစားအစာကို စားပြီး ကျိုးပဲ့တဲ့စိတ်ရှိတဲ့သူတွေကို မျှော်လင့်ခြင်းပေးခဲ့ပါတယ်။



ဒီလောကကြီးမှာ တန်ခိုးကြီးတဲ့အာဏာရှင် နောက်တစ်ပါး မလိုအပ်ဘူးလို့ ယေရှုဘုရား သိခဲ့တယ်။ နှိမ့်ချခြင်း၊ ခွင့်လွှတ်ခြင်းနှင့် ရက်ရောခြင်းတို့၌ စိုက်ပျိုးတဲ့ ပိုမိုနက်နဲတဲ့ဘဝလမ်းသစ်တစ်ခုကို ကျွန်တော်တို့လိုအပ်ပါတယ်။ ဒီဘဝပုံစံဟာ အခြားသူတွေနဲ့ မိတ်သဟာယဖွဲ့စေသလို အရေးမပါတဲ့လူတွေအတွက် မျှော်လင့်ခြင်းပေးလျက်၊ ကျွန်ုပ်တို့ကိုယ်တိုင်ထက် ပိုမိုကြီးမားတဲ့အရာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်းကို သတိပေးပါတယ်။



အကယ်၍၊ ယေရှုဘုရားက ကျွန်တော်တို့အတွက် ကောင်းတဲ့စံနမူနာဖြစ်ခြင်းထက် သာလွန်ပါတယ်။ ဘုရားသခင်က ကျွန်တော်နဲ့အတူရှိတဲ့ဘုရား ဖြစ်ပါတယ်။ ပြီးတော့၊ ကျွန်တော်တို့အားလုံး အမြဲတမ်းတည်တဲ့ စစ်မှန်တဲ့ ခွင့်လွှတ်ခြင်းကို ရရှိခံစားစေဖို့ ကိုယ်တော်ဟာ မိမိအသက်တော်ကို စွန့်ပြီး သေခြင်းမှ ထမြောက်ခဲ့ပါတယ်။



ခရစ္စမတ်ဇာတ်တော်ဟာ ယေရှုအသက်တာရဲ့ အရမ်းတန်ခိုးရှိတဲ့ အကြိုသုံးသပ်ချက် ဖြစ်ပါတယ်။ ဘုရားသခင်က ဘယ်လိုပုံစံနဲ့ ဒီလောကကြီးကို ကယ်တင်မလဲဆိုတာ ကျွန်တော်တို့ကို အမှတ်ရစေပါတယ်။ နေ့ရက်စဉ်တိုင်းမှာ၊ ယေရှုရဲ့နောက်လိုက်များက ခွင့်လွှတ်ခြင်းကို ရွေးချယ်ပြီး၊ ရက်ရောမှုကို ပြသလျက်၊ သူတစ်ပါးရဲ့အကျိုးကို ဦးစားပေးနေဖို့ ဖြစ်ပါတယ်။ ဒီရွေးချယ်မှုတစ်ခုစီဟာ လောကကြီးကို ကောင်းကင်ဘုံနဲ့ အနည်းငယ် ပိုမိုတူစေပါတယ်။



ကနဦးခရစ္စမတ်မှာ ဘုရားသခင်က လောကီသားအဖို့ မိမိသားတော်ကို လက်ဆောင်အဖြစ် ပေးလှူခဲ့တယ်။ ရည်ရွယ်ခြင်း၊ ပိုင်ဆိုင်ခြင်းနဲ့ ခွင့်လွှတ်ခြင်းလက်ဆောင်တစ်ခု ဖြစ်ပါတယ်။ တခြားသူတွေကို ဝေမျှဖို့ လက်ဆောင်တစ်ခုလည်း ဖြစ်ပါတယ်။



ဆုတောင်းကြပါစို့။ အဖဘုရားသခင်၊ ကျွန်ုပ်တို့အဖို့ ကိုယ်တော်၏ ကျေးဇူးတော်နှင့် မေတ္တာကရုဏာတော်အတွက် ကိုယ်တော်ကို ချီးမွမ်းပါ၏။ သခင်ယေရှုအားဖြင့် ခွင့်လွှတ်ခြင်းနှင့် ရည်ရွယ်ချက်ကို ပေးသနားတော်မူခဲ့သည်အတွက် ကျေးဇူးတင်ပါ၏။ နေ့ရက်စဉ်တိုင်းမှာ၊ သခင်ယေရှုနှင့် ပိုမိုတူညီစေမည့် နည်းလမ်းကို ရှာဖွေနိုင်မည့်အကြောင်း ကူညီမစတော်မူပါ။ ယေရှု၏နာမ၌ ဆုတောင်းပါ၏။ အာမင်။



စိန်ခေါ်မှု။ ကျွန်တော်တို့အားလုံးဟာ ယေရှုဘုရားနဲ့ပိုမိုတူစေဖို့ တစ်သက်တာခရီးတွင် ရှိနေကြပါတယ်။ဒီဆောင်းပါးက ဘယ်သူမဆို ယေရှုနောက်သို့လိုက်ခြင်းရဲ့ ထပ်ဆင့်တက်လှမ်းခြင်းအကြောင်းကို ရှာဖွေတွေ့ရှိရန် ကူညီပေးနိုင်ပါတယ်။.


ကျမ်းစာများ

နေ့ 4

ဤအစီအစဉ်အကြောင်း

The Christmas Story

ဇာတ်လမ်းကောင်းတိုင်းတွင် အရာအားလုံးကို ပြောင်းလဲစေမယ့် မမျှော်လင့်ထားတဲ့ ဇာတ်လမ်းလှည့်ကွက်တစ်ခု ရှိပါတယ်—သမ္မာကျမ်းစာရှိ ဇာတ်တော်များထဲမှ အကြီးမားဆုံးဇာတ်လမ်းလှည့်ကွက်တစ်ခုမှာ ခရစ္စမတ်ပင် ဖြစ်ပါတယ်။ လာမယ့် (၅) ရက်တာအတွင်...

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Life.Church ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။