YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ခရစ္စမတ်ဆိုသည်နမူနာ

The Christmas Story

5 ၏ နေ့ 3

ဒါဝိဒ်၏သားတော်

ဘုရားသခင် ကတိထားတဲ့ ကယ်တင်ရှင်နဲ့ ကိုယ်ဝန်ရှိကြောင်း မိမိစေ့စပ်ထားသူကို ဘယ်လိုပြောနိုင်မလဲ။ သတင်းကောင်းမြတ် ကြားရပြီးနောက် မာရိဟာ သူ့ကိုယ်သူ မေးမြန်းစဉ်စားခဲ့ဖူးပါတယ်။ ယောသပ်ကြားရတဲ့အခါ၊ မာရိကို တိတ်ဆိတ်စွာ စွန့်ပယ်မယ်လို့ အကြံစည်ရှိခဲ့ပေမဲ့ ဘုရားသခင်က ယောသပ်ကိုလည်း ဒီမဟာဇာတ်တော်ကြီးမှာ ပါဝင်စေဖို့ အလိုတော်ရှိခဲ့ပါတယ်။



ဒီနေ့ရဲ့ကျမ်းပိုဒ်တွေမှာ၊ ဘုရားသခင်က ယောသပ်ကို အသေးစိတ်အချက်အလက်များအား ဖော်ပြစေဖို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ခဲ့ပါတယ်။ ဒီကောင်းကင်တမန်က ယောသပ်ကို ဒါဝိဒ်၏သားတော် လို့ ခေါ်ဝေါ်သမုတ်ခဲ့ပါတယ်။ ဒါကတော့ တော်တော်ထူးဆန်းတယ်နော်။ ဘာကြောင့်လဲဆိုတော့ ယောသပ်အဖေရဲ့အမည်က ဒါဝိဒ် မဟုတ်လို့ပါ။



ဒါဝိဒ်ဟာ မာရိနှင့် ယောသပ်မတိုင်မီ နှစ်ပေါင်းရာချီမက အသက်ရှင်ခဲ့ပါတယ်။ သူလည်း မြို့ငယ်မြို့ယုတ်မှာ သာမန်သိုးထိန်းတစ်ယောက်ပဲ ဖြစ်ခဲ့ပါတယ်။ တစ်နေ့တွင်၊ ဘုရားသခင်က ဒါဝိဒ်ကို ရှင်ဘုရင်ကြီးအဖြစ် အစိုးရစေဖို့ ရွေးချယ်ခံရကြောင်း ပြသဖို့ ဗက်လင်မြို့ထံ တမန်တစ်ပါး စေလွှတ်ခဲ့ပါတယ်။



နောက်မှာ၊ ဒါဝိဒ်ရဲ့သားစဉ်မြေးဆက်များထဲမှ တစ်ယောက်ယောက်ဟာ ကမ္ဘာတစ်ဝှမ်းလုံးကို ကောင်းကြီးဖြစ်စေလျက် ပိုမိုကောင်းတဲ့ နိုင်ငံတော်အသစ်တစ်ခုကို ဖန်ဆင်းလိမ့်မယ်လို့ ဘုရားသခင် ကတိပေးခဲ့ပါတယ်။ ဒါဝိဒ်နှင့် သူရဲ့သားစဉ်မြေးဆက်တို့ဟာ ဇာတိပကတိရှိပြီး အမင်္ဂလာဖြစ်စေတဲ့ ရွေးချယ်မှုများကို ခဏခဏ ပြုလုပ်ခဲ့ကြတာကြောင့် သူတို့ရဲ့နိုင်ငံတော်ကို ကျရှုံးပြိုကွဲသွားစေခဲ့ပါတယ်။ ပိုမိုကောင်းတဲ့ နိုင်ငံတော်သစ်တစ်ခု ရရှိဖို့အတွက်၊ ပိုမိုကောင်းတဲ့ ဒါဝိဒ်အသစ်ကို လိုအပ်တယ်လို့ လူများက သိကြပါတယ်။ ဒါကြောင့်၊ လူတွေဟာ ဒါဝိဒ်၏သားတော် ကြွလာစေဖို့ မျိုးဆက်ပေါင်းများစွာ စောင့်မျှော်ခဲ့ကြပါတယ်။



ဒီအရာက၊ သိုးထိန်းကနေ ရှင်ဘုရင်ကြီးတစ်ပါးအဖြစ် ပြောင်းလဲတဲ့သူမှ ဆင်းသက်လာသူ ယောသပ်ထံ ပြန်လည်ရောက်လာပါတယ်။ ယောသပ်က ထိုအချိန်တိုင်အောင် ဒါဝိဒ်ရဲ့သားမြေးများနဲ့အတူ အပြစ်ရှိပေမဲ့၊ မိမိမိသားစုတွင်ပါဝင်ခဲ့တဲ့ ဇနီးသည် မာရိမှတစ်ဆင့် အပြစ်ကင်းတဲ့ ဒါဝိဒ်၏သားတော်အစစ်အမှန်ဟာ ဒီလောကကြီးသို့ ကြွလာလိမ့်မယ်။ ဒါကြောင့်မလို့၊ ယောသပ်က ယေရှုရဲ့ဖခင်အရင်း မဟုတ်သော်လည်း၊ ယောသပ်ဟာ မာရိနှင့်အတူ ယေရှုကို ကျွေးမွေးပြုစုလျက် ဒါဝိဒ်မှ မျိုးဆက်ကို တည်တောင်စေခဲ့ပါတယ်။



ယောသပ်က မာရိကို ဒါဝိဒ်ရဲ့ ဇာတိဗက်လင်မြို့သို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီမြို့မှာ၊ မာရိက ဒါဝိဒ်ရဲ့စစ်မှန်တဲ့ သားတော်ယေရှုကို မွေးဖွားခဲ့ပါတယ်။ ဒါဝိဒ်ရဲ့သားတော်အကြောင်းကို ပထမဦးဆုံးသိတဲ့သူတွေကတော့ ဘယ်သူဖြစ်ပါသလဲ? သိုးထိန်းတွေပါ။



ခရစ္စမတ်ဇာတ်တော်ဟာ ကျွန်တော်တို့ကိုယ်တိုင်ထက် ကျွန်တော်တို့ဟာ ပိုကြီးမားတဲ့အရာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ကျွန်တော်တို့ကို သတိပေးပါတယ်။ သမိုင်းတစ်လျှောက်၊ ဘုရားသခင်က ဒီလောကကြီးကို ကောင်းကင်ဘုံနဲ့ ပိုမိုတူစေဖို့ လူတွေနဲ့အတူ လုပ်ဆောင်ခဲ့ပါတယ်။ ဒါဝိဒ်ဟာ ပါဝင်စရာရှိသလို၊ ယောသပ်လည်း ပါဝင်စရာရှိခဲ့ပါတယ်။ ဒီဇာတ်တော်ဟာ ဆက်ဖြစ်နေဆဲ ဖြစ်ပြီး၊ ယခုတော့၊ ကျွန်တော်တို့ရဲ့ကဏ္ဍာ ရောက်နေပါပြီ။



ဒါဆို၊ သူတို့ရဲ့လမ်းပြဦးဆောင်ခြင်းကို ဘယ်လိုလိုက်နာနိုင်မလဲ။ ဒီနေ့ရဲ့ကျမ်းပိုဒ်တွေကို ဖော်ပြထားပါတယ်။ ယောသပ်က ဘုရားသခင်ရဲ့ ခေါ်တော်မူခြင်းအပေါ် ဘယ်လိုတုံ့ပြန်သလဲဆိုတာကို ကြည့်ရှုလေ့လာပါ။ ယောသပ်က ယုံကြည်နားထောင်တဲ့စိတ်၊ စေတနာစိတ်တို့နဲ့ သူတစ်ပါးကို ကူညီပေးခြင်းဖြင့် လုပ်ဆောင်ခဲ့တာကို တွေ့ရပါလိမ့်မည်။ ကျွန်တော်တို့လည်း ထိုနည်းလည်းကောင်း လုပ်တဲ့အခါ၊ ဘုရားသခင်ရဲ့ မဟာဇာတ်တော်ကြီးကို ဆက်လက်ပြည့်စုံစေပါတယ်။



ဆုတောင်းကြပါစို့။ အဖဘုရားသခင်၊ ကိုယ်တော်၏ မဟာဇာတ်တော်ကြီးထံသို့ ပါဝင်အခွင့်ပေးသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ဤသင်္ခါရလောကကြီးသည် ကောင်းကင်ဘုံကဲ့သို့ ပိုမိုဖြစ်လာစေဖို့ အကျွန်ုပ်သည် တာဝန်ရှိပါ၏။ သူတစ်ပါး၏အသက်တာကို ပိုမိုကောင်းလာစေဖို့ အကျွန်ုပ်ကို မည်သို့ခေါ်တော်မူသနည်းကို သိကျွမ်းစေမည့်အကြောင်း လမ်းပြလျက် ကောင်းကြီးပေးတော်မူပါ။ ယေရှုနာမတော်၌ ဆုတောင်းပါ၏။ အာမင်။


နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

The Christmas Story

ဇာတ်လမ်းကောင်းတိုင်းတွင် အရာအားလုံးကို ပြောင်းလဲစေမယ့် မမျှော်လင့်ထားတဲ့ ဇာတ်လမ်းလှည့်ကွက်တစ်ခု ရှိပါတယ်—သမ္မာကျမ်းစာရှိ ဇာတ်တော်များထဲမှ အကြီးမားဆုံးဇာတ်လမ်းလှည့်ကွက်တစ်ခုမှာ ခရစ္စမတ်ပင် ဖြစ်ပါတယ်။ လာမယ့် (၅) ရက်တာအတွင်...

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Life.Church ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။