YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ခရစ္စမတ်ဆိုသည်နမူနာ

The Christmas Story

5 ၏ နေ့ 4

ဖူးတွေ့ပူဇော်ခြင်းငှာ ရောက်လာပြီ

ဘုရားသခင်က ယေရှုဘုရားရဲ့မွေးနေ့တော်ကို ကျင်းပဖို့အတွက် လူအုပ်စုနှစ်စုကို ဖိတ်ခေါ်ခဲ့ပါတယ်။ နှစ်ဖွဲ့စလုံးက အံ့သြစရာဖြစ်ပြီး ဘုရားသခင်အကြောင်း တစ်ခုခုဖော်ပြပါတယ်။



ပထမဦးဆုံး ဖိတ်ခေါ်ခံရသူတွေက သိုးထိန်းတွေပင် ဖြစ်ပါတယ်။ ကောင်းကင်တမန်တစ်ပါး ပေါ်လာပြီး သူတို့ကို သတင်းကောင်း ပြောဆိုခဲ့ပြီး ထိုသိုးထိန်းတွေက ယေရှုကို ဖူးတွေ့ပူဇော်ဖို့ ခရီးသွားခဲ့ကြပါတယ်။



ဒုတိယ ဖိတ်ခေါ်ခံရသူတွေက လောကီသားတွေ ဖြစ်ပါတယ်။ ယေရှုမွေးဖွားပြီးနောက်၊ ကြယ်တစ်လုံးဟာ ဗက်လင်မြို့ပေါ်မှာ ပေါ်ထွန်းလာခဲ့ပါတယ်။ နိုင်ငံရပ်ခြားမှာနေသူတချို့က ထိုကြယ်ကို မြင်လျက် နောက်သို့ လိုက်ခဲ့ကြပါတယ်။ သူတို့ဘယ်လိုခရီးထွက်ခဲ့တယ်ဆိုတာ ကျွန်တော်တို့မသိနိုင်ပေမဲ့ ယေရှုကို တွေ့ပြီး လက်ဆောင်ပဏ္ဏာတွေ ပူဇော်ကိုးကွယ်ခဲ့ကြတာကို တွေ့ရပါတယ်။



ဒါဆို၊ ဒီဇာတ်တော်ရဲ့ တစ်စိတ်တစ်ပိုင်းမှာရှိတဲ့ ဧည့်သည်နှစ်ဖွဲ့အားဖြင့် ဘာတွေသင်ယူရပါသလဲ? အကယ်၍၊ ယေရှုဟာ လူအမျိုးမျိုးတို့ကို စုစည်းစေပုံကို ပြသခဲ့ပါတယ်။



သိုးထိန်းများက မာရိ၊ ယောသပ်တို့နဲ့ တော်တော်တူပါတယ်။ သူတို့ဟာ သာမန်ရွာသူရွာသားတွေ ဖြစ်ပြီး၊ အသက်မွေးဖို့အတွက် ဝင်ငွေနည်းတဲ့အလုပ်အကိုင်များနဲ့ အလုပ်လုပ်ကြပါတယ်။



ဒါပေမဲ့ အဲဒီနိုင်ငံရပ်ခြားမှ ဧည့်သည်များဟာ လုံးဝ မတူကြပါဘူး။ သူတို့က တခြားဒေသမှလာသလို တခြားအယူအဆတွေလည်း ရှိခဲ့ပါတယ်။ စည်းစိမ်ချမ်းသာနဲ့ ဩဇာအာဏာ အပြည့်အဝ ရှိလို့ မာရိ၊ ယောသပ်တို့နဲ့မတူဘဲ တခြားစီဖြစ်သွားပါတယ်။



ကွဲပြားမှုများက လူတို့ကို ပိုင်းခြားနိုင်တာကို ကျွန်တော်တို့သိပါတယ်။ ကိုယ့်ရဲ့ အသက်တာမှာ တွေ့မြင်ဖူးသလို သူတစ်ပါးရဲ့အသက်တာမှာလည်း တွေ့မြင်နိုင်တယ်။ ခရစ္စမတ်ဇာတ်တော်ဟာ လူအားလုံးကို စုစည်းစေပါတယ်။ ဘုရားသခင်က လူတိုင်းကို မိမိမိသားစုထံ ပါဝင်စေဖို့ အလိုတော်ရှိပါတယ်။ ဒါကြောင့်၊ ဘုရားသခင်က ယေရှုရဲ့ဂုဏ်တော်ကို ချီးမွမ်းစေဖို့ အနီးနားမှာရှိတဲ့လူတွေကို ခေါ်သလို အဝေးကလူတွေကိုလည်း ခေါ် ဖိတ်ပါတယ်။



ယေရှုရဲ့ဖွားမြင်ခြင်းဖြင့် မတူညီကွဲပြားသူတွေကို စုစည်းစေပါတယ်။ ဒါကို ခရစ္စမတ်ဇာတ်တော်မှာ ပထမဆုံးမြင်နိုင်တဲ့အရာဖြစ်သလို ယေရှုရဲ့အသက်တာမှာ ထပ်တလဲလဲ မြင်နိုင်တဲ့ အကြောင်းအရာတစ်ခုလည်း ဖြစ်ပါတယ်။ ယေရှုက အရမ်းကွဲပြားတဲ့လူတွေနဲ့ မိတ်သဟာယဖွဲ့ပါတယ်။ ထိုမိတ်သဟာယဖွဲ့ခြင်းဖြင့် ကျွန်တော်တို့ကို ခွဲခြားပေးလေ့ရှိတဲ့ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး အဆီးအတားများကို ဖြိုခွဲနိုင်ပါတယ်။



ဘုရားသခင်က ကမ္ဘာလုံးဆိုင်ရာမိသားစုတစ်စုကို တည်ဆောက်နေဆဲ ဖြစ်ပါတယ်—ဒါကြောင့် ကိုယ်တော်က၊ သူတို့က ငါတို့နဲ့ဆန့်ကျင်ဘက်သူတွေပဲ လို့ စိတ်သဘောကို စွန့်ပစ်ဖို့ ကျွန်တော်တို့ကို လမ်းပြနေပါတယ်။ ဒီအရာဟာ ခရစ္စမတ်မှာ ကျင်းပတဲ့အရာတစ်ခု ဖြစ်ပါတယ်- ယေရှုက ကျွန်တော်တို့ကို နှိမ့်ချခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနဲ့ ကရုဏာတရားရဲ့တန်ခိုးကို ပြသပါတယ်။



ဆုတောင်းကြပါစို့။ အဖဘုရားသခင်၊ မိမိကမ္ဘာလုံးဆိုင်ရာမိသားစုထံသို့ ပါဝင်ခွင့်ပေးသည့်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကျွန်ုပ်နှင့် မတူညီသောသူများကို မည်သို့မိတ်သဟာယဖွဲ့ရမည်နည်းကို လမ်းပြတော်မူပါ။ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ဖို့ မည်သူဖိတ်ခေါ်နိုင်မည်နည်းကို လမ်းညွှန်တော်မူပါ။ ယေရှုနာမတော်၌ ဆုတောင်းပါ၏။ အာမင်။


နေ့ 3နေ့ 5

ဤအစီအစဉ်အကြောင်း

The Christmas Story

ဇာတ်လမ်းကောင်းတိုင်းတွင် အရာအားလုံးကို ပြောင်းလဲစေမယ့် မမျှော်လင့်ထားတဲ့ ဇာတ်လမ်းလှည့်ကွက်တစ်ခု ရှိပါတယ်—သမ္မာကျမ်းစာရှိ ဇာတ်တော်များထဲမှ အကြီးမားဆုံးဇာတ်လမ်းလှည့်ကွက်တစ်ခုမှာ ခရစ္စမတ်ပင် ဖြစ်ပါတယ်။ လာမယ့် (၅) ရက်တာအတွင်...

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Life.Church ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။