YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ခရစ္စမတ်ဆိုသည်နမူနာ

The Christmas Story

5 ၏ နေ့ 1

ငါ၏လူတို့ကို နှစ်သိမ့်စေကြလော့

ခရစ္စမတ်ဇာတ်တော်မှာ၊ အံ့ဩဖွယ်ရာတွေ အများကြီးရှိပါတယ်။ လာမယ့် (၅) ရက်တာအတွင်း၊ ဒီရှေးဇာတ်တော်ရဲ့ လှည့်ကွက်တွေကို ရှာဖွေပြီး ဒီနေ့မှာ ကျွန်တော်တို့အတွက် ဘယ်လိုအဓိပ္ပာယ်ရှိသလဲဆိုတာတွေကို ရှာဖွေသွားပါမယ်။



ဘုရားသခင်ဟာ ဝေးဝေးမှာပဲရှိသလို ခံစားဖူးပါသလား။ ဘုရားသခင်က တိတ်ဆိတ်နေပြီး (သို့) မိမိကြုံတွေ့နေရတဲ့ ပြဿနာတွေကို မသိသူလို ခံစားကောင်းခံစားနိုင်ပါတယ်။ အဲလိုခံစားခဲ့ရင် ဒီလိုခံစားတာ မိတ်ဆွေ တစ်ယောက်တည်း မဟုတ်ပါဘူး။



မိတ်ဆွေဟာ ရန်သူများရဲ့ ကျူးကျော်တိုက်ခိုက်မှုခံထားရတဲ့ အသိုင်းအဝိုင်းတစ်ခုမှာ ပါဝင်နေသူတစ်ယောက်လို့ မြင်ယောင်ကြည့်ပါ။ သူများက ကိုယ့်နိုင်ငံကို အုပ်ချုပ်လျက် မိမိဘဝကို ဆင်းရဲနေသူပါ။ ဘုရားသခင်က မိမိလူမျိုးတွေကို အရမ်းချစ်တယ်ဆိုတဲ့စကားနဲ့ ကြီးပြင်းလာခဲ့ပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ ဘုရားသခင်က ကျွန်တော်တို့နှင့်အတူ အမှန်တကယ် ရှိရဲ့လား လို့တောင် သံသယဝင်ချင်လာပါပြီ။



ယေရှုဘုရားမကြွလာမီတိုင် ရှေးဣသရေလလူမျိုးတွေဟာ ထိုကဲ့သို့ခံစားခဲ့ကြပါတယ်။ သူတို့ဟာ မတရားတဲ့အာဏာရှင်များရဲ့ ဖိနှိပ်ညှဉ်းပန်းနှိပ်စက်ခြင်းများ ခံရသော်လည်း၊ ဘုရားသခင်က ကယ်တင်အရှင်တစ်ပါးကို စေလွှတ်ပြီး ဣသရေလလူမျိုးများတွေကို ကယ်နုတ်လျက် ပြည်စုံတဲ့ သုခချမ်းသာခြင်းကို ပြန်ပေးလိမ့်မယ်လို့ သူတို့ယုံကြည်မျှော်လင့်ကြပါတယ်။



မိတ်ဆွေကော၊ တစ်စုံတစ်ခုပြောင်းလဲစေဖို့ စောင့်မျှော်လျက် ဆုတောင်းပတ္ထနာပြုနေပေမဲ့ ဘုရားသခင်ဟာ တကယ်ပြန်ထူးနိုင်မလားလို့ ခံစားဖူးပါသလား? ဟုတ်ပါက၊ ဣသရေလလူမျိုးတချို့ရဲ့ခံစားချက်နဲ့ ထပ်တူခံစားနေတာဖြစ်ပါလိမ့်မယ်။ သို့သော်လည်း၊ သူတို့ရဲ့ စောင့်မျှော်ချိန်မှာပင် ဘုရားသခင်က သူတို့နဲ့အတူ ရှိခဲ့ပါတယ်။



ဘုရားသခင်က စောင့်ဆိုင်းရအောင်လုပ်နေတာ မဟုတ်ပါဘူး။ လူတွေ မကြံစည်၊ မတွေးထင်နိုင်လောက်အောင် သာ၍ ကောင်းသောအမှုကို ပြုချင်တာကြောင့် မမြင်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။



သာမန်ကယ်တင်ရှင်တစ်ပါး စေလွှတ်တာ မဟုတ်ဘဲ၊ ဘုရားသခင်က လူ့ဇာတိခံပြီး ကိုယ်တော်တိုင် ကြွလာခဲ့ပါတယ်။ ကိုယ်တော်က တန်ခိုးကြီးတဲ့ အုပ်စိုးရှင် (သို့) စစ်သူကြီးရဲ့သဏ္ဌာန်နဲ့ ကြွဆင်းလာတာ မဟုတ်ဘဲ၊ မိမိအသရေကို စွန့်လျက် မာရိအမည်ရှိတဲ့ အမျိုးသမီးငယ်ရဲ့ဝမ်းအတွင်းမှာ သန္ဓေသားအဖြစ် ခံယူခဲ့ပါတယ်။



ဘုရားသခင်ဟာ ကျွန်တော်နဲ့အတူ တကယ်ရှိပါသလားလို့ မိတ်ဆွေ တွေးတဲ့အခါ၊ ခရစ္စမတ်ဇာတ်တော်ကြီးကို အောက်မေ့သတိရလိုက်ပါ။ ဘာကြောင့်လဲဆိုတော့၊ ကျွန်တော်တို့က မမြင်နိုင်ပေမဲ့ ဘုရားသခင်ကတော့ အမြဲအတူရှိပေးပြီး လုပ်ဆောင်စီရင်နေဆဲ ဖြစ်ပါတယ်။



ဆုတောင်းကြပါစို့။ အဖဘုရားသခင်၊ ကျွန်ုပ်တို့နှင့်အတူရှိသည့်အတွက် ကျေးဇူတင်ပါ၏။ ဘုရားရှင်၏မျက်မှောက်တော်ကို မခံစားနိုင်သည့်အခါ၊ ကိုယ်တော်မြတ်ကို ယုံကြည်စေဖို့ မစတော်မူပေးပါ။ ခရစ္စမတ်၏အံ့သြဖွယ်ဇာတ်တော်ကို အောက်မေ့သတိရသည့်အခါ၊ ကိုယ်တော်၏ချစ်ခြင်းမေတ္တာတော်ကို ယုံကြည်စေဖို့ ကောင်းကြီးပေးတော်မူပါ။ ယေရှု၏နာမတော်၌ ဆုတောင်းပါ၏။ အာမင်။


နေ့ 2

ဤအစီအစဉ်အကြောင်း

The Christmas Story

ဇာတ်လမ်းကောင်းတိုင်းတွင် အရာအားလုံးကို ပြောင်းလဲစေမယ့် မမျှော်လင့်ထားတဲ့ ဇာတ်လမ်းလှည့်ကွက်တစ်ခု ရှိပါတယ်—သမ္မာကျမ်းစာရှိ ဇာတ်တော်များထဲမှ အကြီးမားဆုံးဇာတ်လမ်းလှည့်ကွက်တစ်ခုမှာ ခရစ္စမတ်ပင် ဖြစ်ပါတယ်။ လာမယ့် (၅) ရက်တာအတွင်...

More

ဤအစီအစဉ်ကို တင်ဆက်ပေးသော Life.Church ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။