နိုင်ငံတော်ခေါင်းဆောင်များ၏ မရှိမဖြစ် အရည်အချင်းများနမူနာ

နှုတ်ကပတ်တရားကို ကြားနားသောသူနှင့် တရားကိုကျင့်သောသူများ
ကိုယ်ကိုကိုယ် လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူ မဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။ တရားကိုမကျင့်ဘဲ နာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ချင်း မေ့လျော့တတ်၏။ လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူ မဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူ ဖြစ်၏။ (ယာ၊ ၁း၂၂-၂၅)
နိုင်ငံတော်ခေါင်းဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တရားအတိုင်း အသက်ရှင်လျက် လောကီသားအဖို့ စံနမူနာများ ဖြစ်ရမည်။ ပြုလေအရာရာ၌ ဘုရားသခင်၏ တရားတော်ကို လိုက်နာစေဖို့ ကျင့်ရမည်။ သမ္မာကျမ်းစာကို တစ်ခါမှ မဖတ်ဖူးသူများရှိသလို၊ ဘုရားကျောင်းမတက်ဖူးသူများ ရှိကြသည်။ ထို့ကြောင့်၊ ကျွန်တော်တို့သည် လူအပေါင်းတို့သိ၍ ဖတ်တတ်သော စာပင် ဖြစ်ကြသည်။ ကျွန်တော်တို့၏ အကျင့်တရားနှင့် လူနေမှုပုံစံသည် နိုင်ငံတော်ကိုကိုယ်စားပြုသည့် စာစောင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မြတ်သည် ကျွန်တော်တို့၌ အသက်ရှင်နေပြီဟု ထင်ရှားစွာ ပြသရမည်။
မေးခွန်။ ကျွန်တော်၏အသက်တာနှင့် ခေါင်းဆောင်မှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်မြတ်နှင့် ညီပါသလား။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

လောကီခေါင်းဆောင်မှုသည် သြဇာလွှမ်းမိုးခြင်း၊ ဆန်းသစ်တီထွင်ခြင်း၊ မျှော်မှန်းချက်နှင့် ခံနိုင်ရည်ရှိခြင်းစသည် ခေါင်းဆောင်မှုအရည်အသွေးများကို ရှာဖွေသည်။ ၎င်းအရည်အချင်းများသည် ခေါင်းဆောင်မှု၏ အဓိကအစိတ်အပိုင်းများ ဖြစ်သည်။ ကျွန်တော်တို့သည် နိုင်ငံတော်ခေါင်းဆောင်များအနေနှင့် လောကီသား၏ မျှော်လင့်ချက်များကို ကျော်လွန်နိုင်သည့် စံတစ်ခု—မရှိမဖြစ်လိုအပ်သော အရည်အသွေးများ ရှိသင့်သည်။ ဤအစီစဉ်သည် နိုင်ငံတော်ခေါင်းဆောင်တိုင်း ပိုင်ဆိုင်သင့်သည့် အရည်အချင်းများစွာထဲမှ (၄) ပါးကို ဖော်ပြစေသည်။
More
စပ်ဆိုင်သော အစီအစဉ်များ

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်
