YouVersion လိုဂို
ရှာရန် အိုင်ကွန်

နိုင်ငံတော်ခေါင်းဆောင်များ၏ မရှိမဖြစ် အရည်အချင်းများနမူနာ

Essential Qualities of Kingdom Leaders

4 ၏ နေ့ 3

ရိုးသားမှု

ချစ်​သူ​တို့၊ ဝိ​ညာဉ်​နှင့် ​စစ်​ပြိုင်​တတ်​သော ကိုယ်​ကာ​ယ​တပ်​မက်​ခြင်း​တို့​ကို ရှောင်​မည်​အ​ကြောင်း၊ ဧည့်​သည်​အာ​ဂ​န္တု​ကဲ့​သို့​သော သင်​တို့​ကို ငါ​တောင်း​ပန်၏။ သာ​သ​နာ​ပ​လူ​တို့​သည် သင်​တို့​ကို ကဲ့​ရဲ့​ပြစ်​တင်​ကြ​သည်​အ​မှု​မှာ၊ ဘု​ရား​သ​ခင်​ကြည့်​ရှုစီ​ရင်​တော်​မူ​သော နေ့​ရက်၌၊ သင်​တို့၏ ကောင်း​သော​အ​ကျင့်​ကို သူ​တို့​သည် ထောက်​ရှု၍ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​မည်​အ​ကြောင်း၊ သူ​တို့​ရှေ့၌ တင့်​တယ်​လျောက်​ပတ်​စွာ ကျင့်​နေ​ကြ​လော့။ (၁ပေ၊ ၂း၁၁-၁၂)

ရှေးဂရိဘာသာတွင် ရိုးသားဟူသော ဝေါဟာရသည် ကိုယ်ကျင့်တရား တင့်တယ်လှပပြီး အရည်အသွေးကောင်းမွန်သည်ဟု အနက်ရှိသည်။ ယနေ့ဘာသာစကားတွင်၊ မုသားကင်းပြီး၊ ပရိယာယ်ကို မသုံး၊ သမ္မာအာဇိဝပြုလျက် သစ္စာစောင့်ခြင်း၊ သမ္မာသတိရှိခြင်းကို ဆိုလိုသည်။ နိုင်ငံတော်ခေါင်းဆောင်များသည် လျှို့ဝှက်အကြံစည်များမရှိသလို၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောသူ မဖြစ်ဘဲ၊ မိမိအကျင့်တရားနှင့် ရိုးသားခြင်းဖြင့် ကောင်းသောအသရေ ရှိကြသည်။ ကဲ့ရဲ့ပြစ်တင်သူများသည် ရိုးသားသောနိင်ငံတော်ခေါင်းဆောင်တို့၏ ကောင်းသောအကျင့်ကို ထောက်ရှု၍ ဘုရားသခင်ကို ချီးမွမ်းစေမည်။

မေးခွန်။ လောကီသားများသည် ကျွန်တော်ကို ကြည့်ရှုသောအခါ ဘယ်သူမြင်ကြသလဲ။

ကျမ်းစာများ

ဤအစီအစဉ်အကြောင်း

Essential Qualities of Kingdom Leaders

လောကီခေါင်းဆောင်မှုသည် သြဇာလွှမ်းမိုးခြင်း၊ ဆန်းသစ်တီထွင်ခြင်း၊ မျှော်မှန်းချက်နှင့် ခံနိုင်ရည်ရှိခြင်းစသည် ခေါင်းဆောင်မှုအရည်အသွေးများကို ရှာဖွေသည်။ ၎င်းအရည်အချင်းများသည် ခေါင်းဆောင်မှု၏ အဓိကအစိတ်အပိုင်းများ ဖြစ်သည်။ ကျွန်တော်တို့သည် နိုင်ငံတော်ခေါင်းဆောင်များအနေနှင့် လောကီသား၏ မျှော်လင့်ချက်များကို ကျော်လွန်နိုင်သည့် စံတစ်ခု—မရှိမဖြစ်လိုအပ်သော အရည်အသွေးများ ရှိသင့်သည်။ ဤအစီစဉ်သည် နိုင်ငံတော်ခေါင်းဆောင်တိုင်း ပိုင်ဆိုင်သင့်သည့် အရည်အချင်းများစွာထဲမှ (၄) ပါးကို ဖော်ပြစေသည်။

More

ဤအစီအစဥ်အတွက် Ekklesia International ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ http://EkklesiaInternational.org သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။