YouVersion လိုဂို
ရှာရန် အိုင်ကွန်

နိုင်ငံတော်ခေါင်းဆောင်များ၏ မရှိမဖြစ် အရည်အချင်းများနမူနာ

Essential Qualities of Kingdom Leaders

4 ၏ နေ့ 1

သန့်ရှင်းခြင်း

သို့​ဖြစ်၍၊ သင်​တို့​စိတ်​နှ​လုံး​ကို ခါး​ပန်း​စည်း၍ သ​မ္မာ​သ​တိ​ရှိ​ကြ​လော့။ ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​ဆီ​သို့​ရောက်​လ​တ္တံ့​သော ဆု​ကျေး​ဇူး​ကို အ​ဆုံး​တိုင်​အောင် မျှော်​လ​င့်​ကြ​လော့။ အ​ထက်​က သင်​တို့​သည် မှောင်​မိုက်​ထဲ​မှာ ​ကျင့်​သော တပ်​မက်​ခြင်း​တ​ရား​ကို ယ​ခု​မ​လိုက်​မ​ကျင့်​ဘဲ၊ နား​ထောင်​တတ်​သော သူ​ငယ်​ကဲ့​သို့ ဖြစ်၍၊ သင်​တို့​ကို​ခေါ်​တော်​မူ​သော သူ​သည် သန့်​ရှင်း​တော်​မူ​သည်​နည်း​တူ၊ ကျင့်​ကြံ​ပြု​မူ​သ​မျှ​တို့၌ သန့်​ရှင်း​ခြင်း ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သန့်​ရှင်း​တော်​မူ​သော​ကြောင့်၊ သင်​တို့​သည်​လည်း သန့်​ရှင်း​ခြင်း​ရှိ​ကြ​လော့​ဟု ကျမ်း​စာ​လာ​သ​တည်း။ (၁ပေ၊ ၁း၁၃-၁၆)

သန့်ရှင်းခြင်းသည် ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်တစ်ပါး ဖြစ်ပါသည်။ သန့်ရှင်းခြင်းသည် ကိုယ်တော်၏လူမျိုးတော်နှင့် နိုင်ငံတော်ခေါင်းဆောင်များအဖြစ် သတ်မှတ်စေသည်။ သန့်ရှင်းခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ထံတော်က သက်ရောက်သည်ဖြစ်၍၊ ဘုရားသခင်သုံးစရာကောင်းသောတန်ဆာ ဖြစ်စေဖို့၊ ကျွန်တော်တို့ကို နေ့စဉ်ခွဲခြားသတ်မှတ်ပေးသည်။ ကျွန်တော်တို့သည် ကိုယ်တော်အဖို့အလိုငှာ အသက်ရှင်ကြောင်း လောကီသားကို သိစေဖို့ သခင်ဘုရား၏ နည်းလမ်း ဖြစ်သည်။ ခရစ်ယာန်များ၏ အပြုအမူသည် ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များကို အချိန်တိုင်း ထင်ရှားစေရမည်။

ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​ပြု​သော​အ​ကြောင်း၊ သင်​တို့​ကို ရွှေ​လင်း​တ​အ​တောင်​ဖြင့် ထမ်း၍ ကိုယ်​ဖို့​သိမ်း​ယူ​သော​အ​ကြောင်း​ကို သင်​တို့​သည် သိ​မြင်​ရ​ကြ​ပြီ။ ထို​ကြောင့် ယ​ခု​တွင် သင်​တို့​သည်် ငါ့​စ​ကား​ကို အ​မှန်​နား​ထောင်၍ ငါ့​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​လျှင် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သင်​တို့​သည် ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော် ​ဖြစ်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​ရှိ​သ​မျှ​သည် ငါ​၏​ဥ​စ္စာ​ဖြစ်​၏။ သင်​တို့​သည်​လည်း မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး ဖြစ်​ရ​ကြ​လိမ့်​မည်​ဟူ​သော အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ၏။

မေးခွန်။ ကျွန်တော်၏ အသက်တာနှင့် ခေါင်းဆောင်မှုသည် ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များကို ထင်ရှားစေပါသလား။

ဤအစီအစဉ်အကြောင်း

Essential Qualities of Kingdom Leaders

လောကီခေါင်းဆောင်မှုသည် သြဇာလွှမ်းမိုးခြင်း၊ ဆန်းသစ်တီထွင်ခြင်း၊ မျှော်မှန်းချက်နှင့် ခံနိုင်ရည်ရှိခြင်းစသည် ခေါင်းဆောင်မှုအရည်အသွေးများကို ရှာဖွေသည်။ ၎င်းအရည်အချင်းများသည် ခေါင်းဆောင်မှု၏ အဓိကအစိတ်အပိုင်းများ ဖြစ်သည်။ ကျွန်တော်တို့သည် နိုင်ငံတော်ခေါင်းဆောင်များအနေနှင့် လောကီသား၏ မျှော်လင့်ချက်များကို ကျော်လွန်နိုင်သည့် စံတစ်ခု—မရှိမဖြစ်လိုအပ်သော အရည်အသွေးများ ရှိသင့်သည်။ ဤအစီစဉ်သည် နိုင်ငံတော်ခေါင်းဆောင်တိုင်း ပိုင်ဆိုင်သင့်သည့် အရည်အချင်းများစွာထဲမှ (၄) ပါးကို ဖော်ပြစေသည်။

More

ဤအစီအစဥ်အတွက် Ekklesia International ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ http://EkklesiaInternational.org သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။