YouVersion လိုဂို
ရှာရန် အိုင်ကွန်

နိုင်ငံတော်ခေါင်းဆောင်များ၏ မရှိမဖြစ် အရည်အချင်းများနမူနာ

Essential Qualities of Kingdom Leaders

4 ၏ နေ့ 2

နှီမ့်ချခြင်း

ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​ နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​ကြောင့် ကာ​လ​အ​ချိန်​တန်​လျှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ တန်​ခိုး​ကြီး​သော လက်​တော်​အောက်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။ (၁ပေ၊ ၅း၅-၆)

ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။ မာနကြီးစွာကျင်လည်သောအခါ၊ ကျွန်တော်တို့သည် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်စေသည်။ နှိမ့်ချခြင်းသည် မာန်မာနကင်းခြင်း ဖြစ်သည်။ နှိမ့်ချခြင်းသည် အရာရာ၌ သခင်ဘုရားကို မှီခိုအားကိုးကြောင်း ပြသသည်။ ကျွန်တော်သည် အလွန်အားနည်းပြီး၊ ရှင်သန်စေဖို့ ဘုရားသခင်အပေါ် စိတ်နှလုံးအကြွင်းမဲ့ အားကိုးနေသည်ဟု နိမ့်ချသူများ ပြောဆိုတတ်သည်။

ငါ​သည် စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ သင်​တို့​သည် အ​ခက်​များ​ဖြစ်​ကြ၏။ အ​ကြင်​သူ​သည် ငါ၌​တည်၍ ငါ​သည်​လည်း သူ၌​တည်၏၊ ထို​သူ​သည် များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။ ငါ​နှင့်​ကွာ​လျှင် သင်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ကြ။ (ယော၊ ၁၅း၅)

မေးခွန်။ ကျွန်တော်၏ အားနည်းခြင်းကို ဝန်ခံပြီး၊ ရှင်သန်စေဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် စိတ်နှလုံးအကြွင်းမဲ့ အားကိုးနေပြီလား။

ဤအစီအစဉ်အကြောင်း

Essential Qualities of Kingdom Leaders

လောကီခေါင်းဆောင်မှုသည် သြဇာလွှမ်းမိုးခြင်း၊ ဆန်းသစ်တီထွင်ခြင်း၊ မျှော်မှန်းချက်နှင့် ခံနိုင်ရည်ရှိခြင်းစသည် ခေါင်းဆောင်မှုအရည်အသွေးများကို ရှာဖွေသည်။ ၎င်းအရည်အချင်းများသည် ခေါင်းဆောင်မှု၏ အဓိကအစိတ်အပိုင်းများ ဖြစ်သည်။ ကျွန်တော်တို့သည် နိုင်ငံတော်ခေါင်းဆောင်များအနေနှင့် လောကီသား၏ မျှော်လင့်ချက်များကို ကျော်လွန်နိုင်သည့် စံတစ်ခု—မရှိမဖြစ်လိုအပ်သော အရည်အသွေးများ ရှိသင့်သည်။ ဤအစီစဉ်သည် နိုင်ငံတော်ခေါင်းဆောင်တိုင်း ပိုင်ဆိုင်သင့်သည့် အရည်အချင်းများစွာထဲမှ (၄) ပါးကို ဖော်ပြစေသည်။

More

ဤအစီအစဥ်အတွက် Ekklesia International ကို ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိလိုပါက၊ http://EkklesiaInternational.org သို့ ဝင်ရောက်ကြည့်ရှုလိုက်ပါ။