YouVersion လိုဂို
ရှာရန် အိုင်ကွန်

အစီအစဉ်၏အချက်အလက်

ဘုရားသခင်ကို နားထောင်ခြင်းနမူနာ

Listening To God

7 ၏ နေ့ 7

သိုးထိန်းကောင်းကို သိကျွမ်းဝင်ခြင်း



"ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်း တော်ကို သိုးသကဲ့သို့ ငါ၏သိုးကိုလည်း ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။" ရှင်ယောဟန်ခရစ်ဝင် ၁၀:၁၄



သင့်အတွက် မေးခွန်း၂ခု ကျွန်တော်မေးချင်ပါတယ်။



ကောင်းကင်ဘုံအဖနဲ့ သင်အချိန်ယူရတာ ဘယ်လိုမျိုးလဲ။



သူနဲ့ စကားပြောရတာ ဘယ်လိုမျိုးလဲ။



ဒီအတွေ့အကြုံတွေကို ချရေးဖို့ အချိန်ခဏလောက်ယူလိုက်ပါ။



ဆုတောင်းခြင်းအကြောင်းကို ဒီမှာ ကျွန်တော် ပြောပြချင်တာဖြစ်တယ်။ "ဆုတောင်းခြင်း"ဆိုတယ့် စကားလုံးကြောင့် လူ‌တော်တော်များများ စိတ်မပါတော့ဘူးလို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ လမ်းလွှဲသွားတတ်ကြတယ်။ ကျွန်တော်တို့ဟာ သာမန်လူသားတွေဖြစ်တယ်ဆိုတာ ဘုရားကသိပြီးသားပါ။ သို့ပေမယ့် ဘုရားအထင်ကြီးအောင် ကောင်းမွန်စွာ ကျွန်တော်တို့ ဆုတောင်းတတ်ကြတယ်။ နောက်ပြီး ကျွန်တော်တို့ စိတ်ရှုပ်သွားပြီး နောက်တခါ ထပ်ကြိုးစားဖို့ လက်လျှော့သွားတတ်ကြတယ်။ ဒါကြောင့် ဆုတောင်းရခြင်း၏ ရည်ရွယ်ချက်ကို ကျွန်တော်တို့မသိရှိဘဲ လွှဲချော်သွားတယ်။




ဆုတောင်းခြင်းက ဘုရားနဲ့ ရိုးရိုးရှင်းရှင်း ဆက်သွယ်တာဖြစ်တယ်။ ဒီနည်းအားဖြင့် ဘုရားနဲ့ ကျွန်တော်တို့ ဆက်နွယ်တာဖြစ်တယ်။ ဆုတောင်းနေစဥ် ကျွန်တော်တို့ကို ဘုရားက သူ့မျက်မှောက်တော်ထဲကို မည်သို့ ချဥ်းကပ်စေချင်သလဲ။ ဘုရားအလိုချင်ဆုံး ဆန္ဒကတော့ ကျွန်တော်တို့ရဲ့ နှလုံးသား၊ စိတ်နှင့် ခွန်အား အလုံးစုံကို လိုချင်တာဖြစ်တယ်လို့ တရား‌ဟောရာကျမ်း ၆:၅ မှာပြောထားတယ်။



ပထမဆုံးအနေနဲ့ ဘုရား၌ ကျွန်တော်တို့ကို မွေ့လျော်‌စေချင်တယ်၊ သင့်ဆုတောင်းချက်မဟုတ်ဘဲသူ့ကိုဘဲအာရုံပြုစေချင်တယ်။



ကျွန်တော်တို့ဖြစ်တည်မှုအတိုင်း ဘုရားဆီလာသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ အသည်းအသန်ဖြစ်ခြင်းတွေ၊ မထိုက်တန်မှုတွေ၊ တကိုယ်ကောင်းဆန်မှုတွေအားလုံးကို သနားကရုဏာကြီးသော၊ တန်ခိုးကြီးသော၊ ဘုန်းတန်ခိုးတော်နှင့်ပြည့်စုံသော ဘုရားရှင်ထံ ပေးလို့ရတယ်။ ထိုသို့ ကျွန်တော်တို့ပြုလုပ်တယ့်အခါမှာ ဘုရားဆီမှ ခွန်အား၊ ဉာဏ်ပညာ၊ ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဝမ်းမြောက်ခြင်းတို့ကို ရရှိမှာဖြစ်တယ်။ ဘုရားရဲ့ မျက်မှောက်တော်ထဲမှာ ကြွယ်ဝသော အသက်တာရှိတယ်။ ဘုရားက အသက်စမ်းရေနှင့် အသက်မုန့်ဖြစ်တယ်။



ကျွန်တော်တို့ ဆုတောင်းတယ့်အခါမှာ ပြောဆိုနေခြင်း မဟုတ်ဘဲ နားထောင်ရမှာဖြစ်တယ်။ ဘုရားရဲ့ ကောင်းသောလမ်းကို ရှာဖွေပြီး လိုက်လျှောက်ပါ။ ဝမ်းမြောက်ဝမ်းသာဖြင့်လာကြပါ၊ ဆော့ကစားခြင်းဖြင့် လာပါ၊ မောပန်းနွမ်းနွယ်ခြင်းဖြင့် လာပါ၊ သံသယစိတ် သို့မဟုတ် ကြောက်ရွံ့စိတ်ဖြင့် လာပါ။ သေမင်းရဲ့ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ‌လျှောက်နေချိန်မှာ ဘုရားဆီသွားပါ။ သာ၍နီးစေပြီး ‌မျှော်လင့်ခြင်နှင့် အသက်တာကို နှစ်သိမ့်ပေးသော ဘုရားရဲ့ နှုတ်ကပတ်တောကို နားထောင်ပါ။



ဒါကြောင့် ဘယ်လိုအခြေအနေမဆို ငြီး‌ငွေ့နေချိန်မှာ ကျွန်တော်တို့ သူ့ဆီ အဆက်မပြတ် ချဉ်းကပ်ရပါမယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ သိုးထိန်းရှင်ကို စတင်သိရှိလာမှာဖြစ်တယ်။ တကယ်သိရှိလာမှာဖြစ်တယ်။



ကျွန်တော်တို့အတွက်ကတော့ တိတ်ဆိတ်စွာအချိန်ယူခြင်းက ရင်းနှီးတယ့် မိတ်ဆွေတွေနဲ့ အတူ ထိုင်ပြီး လက်ဖက်ရည်သောက်နေခြင်းနဲ့ တူပါတယ်။ အံ့သြဖို့ကောင်းပါတယ်။ ကောင်းတယ့်အရာဘဲ မဟုတ်လား။ ပေါ အီး မီလာရဲ့ ဆုတောင်းခြင်းအသက်တာစာအုပ်ထဲမှာ" ဘုရားကို တခါတည်းမသိရှိနိုင်ပါ။ နေရာပြင်ဆင်ဖို့လိုတယ်"လို့ ‌သင်ကြားထားပါတယ်။



လွန်ခဲ့တယ့် ၇ရက်မှာ ဘုရားကိုနားထောင်ခြင်း အဓိပ္ပာယ်ကို ပိုမို သိရှိနားလည်မယ်လို့ ကျွန်တော် ‌ဆုတောင်းပေးပါတယ်။ ကျွန်တော်တို့ ထင်ထားသလို ရှုပ်နေခြင်းမဟုတ်ပါ။ ကျွန်တော်တို့ အလိမ်အညာတွေကို နားမထောင်၊ နှလုံးသားတံခါးကို ဖွင့်ပြီး ငြိမ်သက်စွာနေရင်း ကျွန်တော်တို့ရဲ့ သိုးထိန်းရှင် စကားပြောတာကို ခွင့်ပြုလိုက်ပါ။



ဘုရားသခင်ကို အမြဲနားထောင်နေခြင်းက ကျွန်တော်တို့ရဲ့ သိုးထိန်းရှင်ကို သိကျွမ်းဝင်လာခြင်းဖြစ်ကြောင်း ‌လေးလေးနက်နက်သိလာဖို့ ဆုတောင်းပေးပါတယ်။



အဖဘုရားရှင်ကိုပြောပါ:ယနေ့ ကျွန်တော့် နှလုံးသားနှင့် ခွန်အားရှိသမျှဖြင့် ဘုရားကို ရှာဖွေမယ်။ ယခုဘဲကျွန်တော် စတင်မည်၊ ကျွန်တော့် ဖြစ်တည်မှု အစစ်အမှန်အတိုင်း ကိုယ်တော့်ဆီလာမည်။ နေ့ရက်တိုင်း ကိုယ်တော့်ကို ပိုသိချင်ပြီး ကိုယ်တော့်ရဲ့ အသံတော်ကို ကြားချင်ပါတယ်။



ယနေ့ အတွက် သီချင်း:“Touch the Sky” by Hillsong United

နေ့ 6

ဤအစီအစဉ်အကြောင်း

Listening To God

Amy Groeschel သည် ဤခုနှစ်ရက်တာ ကျမ်းစာလေ့လာခြင်းအစီအစဉ်ကို ရေးသားခဲ့သည်။ ဤသည်မှာ ခမည်းတော်၏နှလုံးသားမှ သင်တို့၏နှလုံးသားထဲသို့ တိုက်ရိုက်ရောက်စေရန် မျှော်လင့်ပါသည်။ သူမ၏ဆုတောင်းမှာ ဆူဆူပူပူဆန့်ကျင်တောင်းဆိုမှုကို ရှောင်ရ...

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော LifeChurch.tv ကို ကျေးဇူးတင်လိုပါသည်။ ပိုမိုသိရှိလိုပါက www.lifechurch.tv သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။